COVID-19 ကာကွယ်ဆေးသတင်းမှား Facebook ပယ်ဖျက်၊ ဒီဇင်ဘာ ၁၀ ရက်မိတ်ဆက်မယ့် Reno5 စီးရီးဖုန်း၊ New Normal ပုံစံကျင်
Description
Facebook ဟာ အများပြည်သူကျန်းမာရေးကျွမ်းကျင်သူတွေက COVID-19 ကာကွယ်ဆေး သတင်းမှားပြောဆိုမှုကို ပယ်ဖျက်လိုက်ပြီးအစိုးရတွေကဗိုင်းရပ်စ်အတွက် ပထမဆုံးကာကွယ်ဆေးကိုဖြန့်ဖို့ စီစဉ်နေတဲ့အကြောင်း၊ OPPO ကတော့ကောလာဟလထွက်နေတဲ့ Reno5 စီးရီးကို ဒီဇင်ဘာ ၁၀ ရက်မှာ မိတ်ဆက်မယ်လို့ ကြေညာခဲ့တဲ့အကြောင်း၊ Cyber SEA Game 2020 ကို ယခုနှစ်မှာ New Normal ပုံစံနဲ့ကျင်းပခဲ့ရာမှာ မြန်မာနိုင်ငံကိုယ်စားပြုအသင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့တယ်လို့ အမျိုးသားဆိုက်ဘာလုံခြုံရေးဗဟိုဌာနကထုတ်ပြန်ခဲ့တဲ့အကြောင်း စတဲ့ပြည်တွင်း၊ ပြည်ပ နည်းပညာသတင်းတွေကို အင်တာနက်ဂျာနယ် တစ်နေ့တာသတင်းအသံ လွှင့်အစီအစဉ်ရဲ့ ဒီနေ့အတွက်အပိုင်းသစ်မှာ တင်ဆက်ပေးထားပါတယ်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ဟာ ဖက်ဒရယ်အစိုးရ ဓာတ်ဆီစွမ်းအင်သုံးကားတွေ ဖယ်ရှားဖို့ဆောင်ရွက်နေပြီး လျှပ်စစ်ကားတွေအစားထိုးသွားမယ်ဆိုတဲ့အကြောင်း၊ Samsung အနေနဲ့ ဈေးနှုန်းကို အနည်းငယ် လျှော့ချခဲ့ပေမယ့် ရောင်းအားမြှင့်တင်ဖို့ မကြိုးစားဘူးလို့ သတင်းထွက်နေပြီး ၂၀၂၁ အတွင်း Galaxy S21 စီးရီး ထုတ်ကုန်တွေ ၂၆...
Published 01/31/21
Apple ဟာ အခုအပတ်အတွင်း iPhone အသစ်ဖြစ်တဲ့ iPhone 12 နဲ့ ၂၀၂၀ ထုတ် iPhone တွေချိတ်ဆက်ထားတဲ့ MagSafe သံလိုက်အားသွင်းစနစ်ထုတ်ကုန်တို့ကို နှလုံးခုန်စက် ဒါမှမဟုတ် ခွဲစိတ်ကုသထည့်သွင်းရတဲ့ နှလုံးခုန်စက် (ICD) အနားမှာထားရင် အန္တရာယ်ရှိကြောင်းသတိပေးထားတဲ့အကြောင်း၊ Facebook သုံးစွဲ သူတွေရဲ့ ဖုန်းနံပါတ်...
Published 01/28/21