မြန်မာ့လူကျော်လူမော်များ၏ အထင်နှင့်အမြင်ကို ဆန်းစစ်ခြင်း
Listen now
Description
ISP-Myanmar က ‘တရုတ်-မြန်မာဆက်ဆံရေးအပေါ် မြန်မာ့မူဝါဒအသိုက်အဝန်း၏ သဘောထား အမြင်စစ်တမ်း (၂၀၂၃)’ ကို ၂၀၂၄ ခုနှစ် ဧပြီလမှာ ထုတ်ပြန်ခဲ့ပါတယ်။ အဲ့ဒီစစ်တမ်းမှာ ပါဝင်ခဲ့တဲ့ ထူးခြားတွေ့ရှိချက်တွေကို ဧပြီ ၆ ရက်မှာ ပြုလုပ်ခဲ့တဲ့ ‘ISP နှင့်အတူ မိနစ် ၃၀’ အစီအစဥ်မှာ ISP-Myanmar ရဲ့ China Studies Program က အဖွဲ့သားတွေဖြစ်တဲ့ မနန်းလွင်နဲ့ မရည်မွန်ဝေဦးတို့က ဆွေးနွေးခဲ့ကြပါတယ်။ စစ်တမ်းရဲ့ ထူးခြားတွေ့ရှိချက်တွေကို  အခု Podcast မှာလည်း နားဆင် ကြရပါမယ်။
More Episodes
ပဋိပက္ခကို အရှိန်လျှော့ချတာကို အမြတ်ဝေစုခွဲတဲ့အပေါ်မှာ အခြေခံပြီးလုပ်မယ်ဆိုရင် ရေတိုမှာ တစုံတရာအကျိုးရှိကောင်း ရှိနိုင်ပေမဲ့ နိုင်ငံရေးအရ ညှိနှိုင်းအဖြေရှာတဲ့အထိ ဖြစ်မလာဘူးဆိုရင် ဆိုးပြစ်ပိုများဖို့ပဲ ရှိပါတယ်။ စီးပွားမက်လုံးကိုအခြေခံတဲ့ ပဋိပက္ခလျှော့ချမှုဆိုတာက မူကိုအခြေခံထားတာမဟုတ်ဘူး​။​...
Published 11/14/24
လက်နက်ကိုင် ပဋိပက္ခတွေဖြစ်နေတဲ့ အခြေအနေ၊ ဝန်းကျင်မျိုးမှာ သုတေသီတွေအတွက် သုတေသန ပြုလုပ်ရတာဟာ အင်မတန်မှကို အခက်အခဲနဲ့ စိန်ခေါ်မှုတွေများပါတယ်။ ISP-Myanmar အနေနဲ့ကတော့ သုတေသနအတွက် အကြောင်းအရာတွေ ရွေးချယ်တဲ့အခါ အချက်သုံးချက်နဲ့ ဆုံချက်ကျအောင် ကြိုးစား လေ့ရှိပါတယ်။ ပထမတခုကတော့ အကြောင်းအရာပြဿနာက...
Published 11/13/24