စီးပွားမက်လုံးအပေါ်အခြေခံသော ပဋိပက္ခအရှိန်လျှော့ချခြင်း၏ အကျိုးအပြစ်
Listen now
Description
ပဋိပက္ခကို အရှိန်လျှော့ချတာကို အမြတ်ဝေစုခွဲတဲ့အပေါ်မှာ အခြေခံပြီးလုပ်မယ်ဆိုရင် ရေတိုမှာ တစုံတရာအကျိုးရှိကောင်း ရှိနိုင်ပေမဲ့ နိုင်ငံရေးအရ ညှိနှိုင်းအဖြေရှာတဲ့အထိ ဖြစ်မလာဘူးဆိုရင် ဆိုးပြစ်ပိုများဖို့ပဲ ရှိပါတယ်။ စီးပွားမက်လုံးကိုအခြေခံတဲ့ ပဋိပက္ခလျှော့ချမှုဆိုတာက မူကိုအခြေခံထားတာမဟုတ်ဘူး​။​ ဗဟိုချုပ်ကိုင်မှုလျှော့ချရေးမူ၊ ဖက်ဒရယ်မူ၊ ကွန်ဖက်ဒရေးရှင်းမူ စသဖြင့် လွှမ်းခြုံမှုရှိတဲ့၊ မူအပေါ်အခြေခံတဲ့ စီးပွားရေးမဟုတ်ပါဘူး။​ တခါ အရင်းအမြစ်တွေ၊ သယံဇာတတွေ၊ အာဏာတွေကို ခွဲဝေရေး၊ အဲဒီလိုခွဲဝေဖို့မှာ လိုအပ်တဲ့ အင်စတီကျူးရှင်းစနစ်တွေ တည်ဆောက်ရေးမဟုတ်ပါဘူး။​ ဒါကို သတိချပ်ရပါမယ်။​ ပဋိပက္ခရဲ့ နိုင်ငံရေးဘောဂဗေဒကို ထည့်သွင်းမစဉ်းစားဘူးဆိုရင် မြန်မာ့အကျပ်အတည်းဟာ အဖြေရနိုင်မှာမဟုတ်ပါဘူး။ မြန်မာ့ပဋိပက္ခရဲ့ နိုင်ငံရေးဘောဂဗေဒ အကြောင်းကို အခု podcast မှာ နားဆင်ကြရမှာ ဖြစ်ပါတယ်။​
More Episodes
လက်နက်ကိုင် ပဋိပက္ခတွေဖြစ်နေတဲ့ အခြေအနေ၊ ဝန်းကျင်မျိုးမှာ သုတေသီတွေအတွက် သုတေသန ပြုလုပ်ရတာဟာ အင်မတန်မှကို အခက်အခဲနဲ့ စိန်ခေါ်မှုတွေများပါတယ်။ ISP-Myanmar အနေနဲ့ကတော့ သုတေသနအတွက် အကြောင်းအရာတွေ ရွေးချယ်တဲ့အခါ အချက်သုံးချက်နဲ့ ဆုံချက်ကျအောင် ကြိုးစား လေ့ရှိပါတယ်။ ပထမတခုကတော့ အကြောင်းအရာပြဿနာက...
Published 11/13/24
မြန်မာနိုင်ငံ စစ်မျက်နှာတွေရဲ့ အနားသတ်လိုင်းတွေဟာ အလျင်အမြန်ကို ပြောင်းလဲနေကြပါတယ်။ တိုက်အခံပြု အန်တုနေတဲ့ တော်လှန်ရေးအင်အားစုတွေကလည်း အရောင်အသွေး စုံလွန်းလှပါတယ်။ သူတို့ကြားထဲက ဦးတည်ရည်မှန်းထားကြတဲ့ အိပ်မက်တွေကလည်း မတူညီကြပါဘူး။ ISP-Myanmar အနေနဲ့ကတော့ ပဋိပက္ခတွေရဲ့ လူသားမျက်နှာဘက်အခြမ်းနဲ့...
Published 11/06/24