Mratt Podcast Mratt Kyaw Thu
-
- News
-
An independent journalist engages in conversations with commentators, researchers, and experts, primarily focusing on topics such as politics, war, and religion. Occasionally, he shares insights about his own experiences, love, and society. More on: https://mrattkthu.com
-
၂၆ • မုံရွာ ပလဖ နဲ့ ပကဖ ကြားက ရန်ပွဲ
ပြီးခဲ့တဲ့ ၁၁ ရက်နေ့က မုံရွာမြို့နဲ့ မြင်းမူမြို့နယ်အစပ်က ရွာတရွာမှာ မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ (ပလဖ) နဲ့ ဒေသခံ ပြည်သူ့အုပ်ချုပ်ရေးတပ်ဖွဲ့ (ပအဖ)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) တို့ကြား ပြဿနာဖြစ်ပွားခဲ့တာမှာ အဲ့ဒီရွာမှာနေထိုင်တဲ့ ကိုယ်ဝန်ဆောင် စေတနာ့ဝန်ထမ်း ဆရာမတဦး ကိုယ်ဝန်ပျက်ကျခဲ့တဲ့အထိ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဘယ်လို ဖြစ်ခဲ့တာလဲဆိုတာ အပြည့်အစုံ နားဆင်နိုင်ပါတယ်။
-
၂၅ • ရိုဟင်ဂျာအရေး NUG ဒုဝန်ကြီးနှင့် မေးမြန်းမှု
မတ်လ ၂ ရက်နေ့က ထိုင်းနိုင်ငံလွှတ်တော်ထဲမှာ ‘မြန်မာ့အရေးဆွေးနွေးပွဲ’ ဆိုတဲ့ခေါင်းစဉ်နဲ့ ထိုင်းနိုင်ငံရေးသမားတွေ၊ မြန်မာ လူ့အခွင့်အရေးလှုပ်ရှားသူတွေ၊ မြန်မာနိုင်ငံရေးသမားတွေ နောက်ပြီး ကျောင်းသားခေါင်းဆောင်တွေ ဆွေးနွေးခဲ့ကြပါတယ်။ ဒီလိုဆွေးနွေးပွဲပုံစံမျိုး အရင်က မရှိခဲ့ဖူးဘဲ ဒါဟာ ထိုင်းနိုင်ငံအနေနဲ့ မြန်မာ့အရေးလို့ ခေါင်းစဉ်တပ်ပြီး မြန်မာ့နိုင်ငံရေးကို မြန်မာတွေနဲ့ ပထမဆုံး လက်ခံကျင်းပပေးတဲ့ပွဲပါ။ ထိုင်းနိုင်ငံလွှတ်တော်အနေနဲ့ ဒီလိုပွဲမျိုးလုပ်ဖြစ်အောင် ဘာတွေက စေ့ဆော်တွန်းအားပေးသလဲ၊ နောက်ခံ အကြောင်းတရားတွေက ဘာတွေလဲ၊ ဒါ့အပြင် ထိုင်းနိုင်ငံအရေးကို နားလည်ခြင်းဟာ နွေဦးတော်လှန်ရေးအတွက် ဘယ်လောက်အရေးကြီးသလဲ စတာတွေကို ထိုင်းနိုင်ငံရေးအကြောင်း တောက်လျှောက် လေ့လာရေးသားနေတဲ့ အမေရိကန်နိုင်ငံ၊ နယူးယောက်၊ ဘတ်ဖလိုးမြို့မှာနေတဲ့ ကိုစတီဗင်စန်းယုနဲ့ ဆက်သွယ်မေးမြန်းထားပါတယ်။
-
၂၄ • ထိုင်းလွှတ်တော်ထဲက မြန်မာ့အရေးဆွေးနွေးပွဲ
မတ်လ ၂ ရက်နေ့က ထိုင်းလွှတ်တော်ထဲမှာ ‘မြန်မာ့အရေးဆွေးနွေးပွဲ’ ဆိုတဲ့ခေါင်းစဉ်နဲ့ ထိုင်းနိုင်ငံရေးသမားတွေ၊ မြန်မာ လူ့အခွင့်အရေးလှုပ်ရှားသူတွေ၊ မြန်မာနိုင်ငံရေးသမားတွေ နောက်ပြီး ကျောင်းသားခေါင်းဆောင်တွေ ဆွေးနွေးခဲ့ကြပါတယ်။ ဒါဟာ ထိုင်းနိုင်ငံအနေနဲ့ မြန်မာ့အရေးလို့ ခေါင်းစဉ်တပ်ပြီး မြန်မာ့နိုင်ငံရေးကို မြန်မာတွေနဲ့ ပထမဆုံး လက်ခံကျင်းပပေးတဲ့ပွဲပါ။ ဒီလိုပွဲမျိုးလုပ်ဖြစ်အောင် ဘာတွေက စေ့ဆော်တွန်းအားပေးသလဲ၊ နောက်ခံ အကြောင်းတရားတွေက ဘာတွေလဲ၊ ဒါ့အပြင် ထိုင်းနိုင်ငံအရေးကို နားလည်ခြင်းဟာ နွေဦးတော်လှန်ရေးအတွက် ဘယ်လောက်အရေးကြီးသလဲ စတာတွေကို ထိုင်းနိုင်ငံရေးအကြောင်း တောက်လျှောက် လေ့လာရေးသားနေတဲ့ အမေရိကန်နိုင်ငံ၊ နယူးယောက်၊ ဘတ်ဖလိုးမြို့မှာနေတဲ့ ကိုစတီဗင်စန်းယုနဲ့ ဆက်သွယ်မေးမြန်းထားပါတယ်။
-
၂၃ • အလက်ဆီ နာဗားနီ
ပူတင်ကို ဆန့်ကျင်လို့ နာမည်ကြီးလာသူ၊ အတိုက်အခံ ပါတီ ခေါင်းဆောင် နာဗားနီကို ကမ္ဘာ့မီဒီယာကြီးတွေ ပုံဖော်နေသလို ဒီမိုကရေစီ အိုင်ကွန်၊ လွတ်လပ်မှုအတွက် အသက်ပေးသွားတဲ့ အာဇာနည် သူရဲကောင်းတယောက်ဖြစ်သလား ဆိုတာကိုတော့ တချို့က မေးခွန်းထုတ်ကြပါတယ်။
-
၂၂ • ရခိုင်ပြည်ပိတ်ဆို့ခံရမှု ရက် ၁၀၀
စစ်ကောင်စီက ရခိုင်တပြည်နယ်လုံးမှာ ကုန်လမ်းခရီးသွားလာခွင့်၊ ကုန်စည်သယ်ယူခွင့်၊ စက်သုံးဆီ သယ်ယူခွင့် ပိတ်ထားတာ ရက်ပေါင်း ၁၀၀ ပြည့်သွားပြီ ဖြစ်ပါတယ်။
-
ခါးသီးသောပြိုင်ဘက်များ (မိတ်ဆက်)
ဒီ ပေါ့ကတ်စ် ထဲမှာ ပါဝင်တဲ့အကြောင်းအရာတွေဟာ လက်ရှိ အရှေ့အလယ်ပိုင်း အရေးကို နားလည်ချင်သူတွေအတွက် သင့်လျော်သလို နိုင်ငံတနိုင်ငံရဲ့ ‘တော်လှန်ရေး’ အပေါ် အနောက်နိုင်ငံတွေက ဘယ်လို ရှုမြင်ကြသလဲဆိုတာကို နားလည်နိုင်ဖို့ အထောက်အပံ့ဖြစ်မယ်လို့လည်း ယုံကြည်ပါတယ်။ “အီရန်နှင့်ဆော်ဒီ သို့မဟုတ် ခါးသီးသောပြိုင်ဘက်များ” အကြောင်း အပိုင်းလိုက်ခွဲပြီး တင်ဆက်ပါမယ်။ စောင့်မျှော်နားဆင်ကြပါ မိတ်ဆွေများခင်ဗျာ။
Customer Reviews
ပိုင်စိုးဝေအမှတ်တရ
ကဣထိယတောတန်းမဟုတ်ဘူးဗျ ကဣထိယတောင်တန်းပါ
နားထောင်လို့မဝ အစ်ကိုရေ
ကျေးဇူးလဲတင်ပါတယ် အားတင်းထားပါ။ အရာရာအဆင်ပြေပါစေ။
Thanks for
That’s awesome!!!