ကမ္ဘာ့အကြီးဆုံးကုမ္ပဏီတွေထဲဝင်ချင်ရင် ဘာစလုပ်ရမလဲ | TOETAT x Life of Lynn | Episode 22
Listen now
Description
Data ကို ပိုင်စိုးတဲ့သူဟာ ကမ္ဘာကြီးကို ပိုင်စိုးတဲ့သူဆိုပြီး ကမ္ဘာကျော်စာရေးဆရာ Yuval Noah Harari က 21 Lessons for the 21st Century ဆိုတဲ့စာအုပ်မှာ ပြောဖူးပါတယ်။ ဟုတ်ပါတယ်။ ပိုပြီးထူးခြားတာက ဒေတာတွေအပေါ် ရူးသွပ်လွန်းလို့ ကမ္ဘာကျော် Tesla ကုမ္ပဏီရောက်သွားတဲ့ မြန်မာလူငယ်တစ်ယောက်က သူ့အတွေ့အကြုံတွေကို မျှဝေသွားမှာပါ။ ပြီးတော့ ဒေတာတွေက ဘယ်လိုအသုံးဝင်တာလဲ။ Data ရဲ့ဆိုးကျိုးဆိုတာရော ရှိလား။ Data တွေနဲ့ ကိုယ်ရဲ့ အသက်မွေးဝမ်းကျောင်းဘဝကို ဘယ်လိုပုံဖော်မလဲ။ ပြီးတော့ Personal Branding ဘယ်လိုတည်ဆောက်မလဲ။ လုပ်ငန်းခွင်မှာ Effective ဖြစ်အောင် လူငယ်တွေ ဘာလုပ်ကြမလဲ။ ဒီအကြောင်းတွေကို တက်ဆက်ပေးဖို့ ရှိနေပါတယ်။ 00:00 Intro 1:39 Introduction 4:42 Data and Creativity 6:12 Data Analysis ကိုဘယ်လိုစထိတွေ့လာတာလည်း 12:25 လူငယ်တွေ Data ပိုင်းကို၀င်ချင်ရင်ဘာစလုပ်ရမလည်း 15:38 လုပ်ငန်းတစ်ခုမှာ data ကိုဘယ်လိုအရေးကြီးတာလည်း 19:14 မိရိုးဖလား လုပ်ငန်းတွေမှာ ဘယ်လိုလုပ်နိုင်မလည်း 22:50 Data တွေက ကောင်းလည်းကောင်းတယ် မကောင်းလည်းမကောင်းဘူး 28:51 Tesla Company ထဲကို ဘယ်လိုရောက် 37:46 ထိပ်တန်း Company ကြီးတွေမှာအလုပ်လုပ်ချင်တယ် ဘာတွေလိုအပ်မလည်း 45:13 Promotion တွေဆက်တိုက် ရနေဖို့ဘာတွေလိုလည်း 55:02 ဘ၀မှာ အလုပ်နဲ့ပတ်သက်တဲ့ သင်ခန်းစာတွေ 56:52 Group Thinking သူများလိုက်လုပ်တဲ့ စိတ်တွေကိုဘယ်လိုမြင်လည်း 1:01:14 Self Discovery 1:02:18 Ai တွေ အပေါ်ဘယ်လိုခံယူထားလည်း 1:07:45 ကျောင်းမတက်နိုင်တဲ့သူတွေ / Degree မရှိတဲ့သူတွေဘယ်လိုလုပ်မလည်း 1:12:01 အခုတလော ဘာတွေ စိတ်၀င်စားနေလည်း ကြိုက်နေလည်း 1:13:49 ဆက်သွယ်ချင်ရင် ဘယ်ကဆယ်သွယ်ရမလည်း 1:14:11 Life of Lynn လုပ်ရတဲ့အကြောင်းအရင်း Toetat Podcast ဟာဆိုရင် သက်ဆိုင်ရာနယ်ပယ်မှာ အောင်မြင်နေတဲ့ ခေါင်းဆောင်တွေ၊ စွန့်ဦးတီထွင်ဆန်းသစ်ကျသူတွေကို သူတိုလျှောက်လမ်းခဲ့ရတဲ့ ဘဝခရီးစဉ်တွေအကြောင်း မေးမြန်းဝေမျှပေးပြီး နားဆင်သူတွေပါ မိမိကိုယ်ကို တိုး
More Episodes
ဒီအပတ် Market Inside Podcast episode မှာ တယ်လီဂရမ်တည်ထောင်သူ ဖမ်းဆီးခံရမှုကနေ X ပိတ်ပင်ခံရတဲ့ကိစ္စအထိ၊ ဒေတာစင်တာလုပ်ငန်းတွေကနေ AI ရဲ့အနာဂတ်အထိ ဆွေးနွေးထားပါတယ်။ ဒစ်ဂျစ်တယ်ခေတ်မှာ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နဲ့ လုံခြုံရေးကြားက ဟန်ချက်ညီမှု၊ AI ခေတ်ရဲ့ စိန်ခေါ်မှုတွေအကြောင်း ဘယ်လိုမြင်ကြသလဲဆိုတာ...
Published 09/10/24
ဒီတပတ် Market Inside Podcast Episode မှာ ဝါရင်ဘက်ဖက်ရဲ့ ဒေါ်လာဘီလီယံ ၁၈၀ ကျော် ပိုင်ဆိုင်မှုကနေ ဂျပန်စီးပွားရေးပြောင်းလဲမှု၊ နည်းပညာရင်းနှီးမြှုပ်နှံမှုပုံစံသစ်တွေအကြောင်း ဆွေးနွေးထားပါတယ်။ ဒါ့အပြင် ကမ္ဘာစစ်ဖြစ်နိုင်ခြေနဲ့ စစ်ပွဲကနေ ပေါ်ထွက်လာတဲ့ နည်းပညာတီထွင်မှုတွေအကြောင်းကိုပါ သုံးသပ်ထားတာကို...
Published 09/10/24
Published 09/10/24