ဂျိတ်ခ်ပေါလ်နဲ့ မိုက်တိုင်ဆန် ထိုးမယ့်ပွဲကတော့ ကြည့်ကောင်းဖို့ ရှိနေပြီ
Description
မြန်မာစံတော်ချိန် လာမယ့် နိုဝင်ဘာလ ၁၆ ရက်၊ စနေနေ့ မနက် ၅ နာရီရောက်ရင် ဂျိတ်ခ်ပေါလ်နဲ့ မိုက်တိုင်ဆန် တို့ ပါဝင်တဲ့ လက်ဝှေ့ပွဲကြီးကို ကျင်းပတော့မှာပါ။
အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ်၊ အာလင်တန်မှာရှိတဲ့ AT&T အားကစားကွင်းကြီးထဲမှာ ဒီပွဲကို ကျင်းပသွားမယ်လို့ သိရှိရပါတယ်။
ဒါဟာ အမေရိကန်ဖွတ်ဘောကလပ် ဒဲလ်လတ်စ်ကောင်းဘွိုင်အသင်းပိုင်ဆိုင်တဲ့အားကစားကွင်းကြီးလည်းဖြစ်ပါတယ်။
အဲ့ဒီပွဲစဉ်မှာ တွဲဆိုင်းပေါင်း ၇ ဆိုင်းတောင် ပါဝင်မှာပါ။ ဂျိတ်ခ်ပေါလ်နဲ့ မိုက်တိုင်ဆန်တို့ကတော့ Main Event ခေါင်ပွဲစဉ်အဖြစ် ထိုးကြမှာဖြစ်ပါတယ်။
ပွဲချီတစ်ချီကို ပွဲချိန် နှစ်မိနစ်စီ ကြာမြင့်မှာဖြစ်ပြီး ၈ ချီပွဲအဖြစ် ထိုးသွားမှာပါ။ ဒီပွဲမှာ ၁၄ အောင်စ လေးတဲ့ ဘောက်ဆင်လက်အိတ်ကိုဝတ်ဆင်ပြီး ထိုးရမယ်လို့ သိရှိရပါတယ်။
ဟဲဗီးဝိတ်တန်းလက်ဝှေ့ပြိုင်ပွဲတွေမှာ ပုံမှန်အားဖြင့် ၁၀ အောင်စလေးတဲ့လက်အိတ်ကို ဝတ်ဆင်ပြီး ထိုးကြရပေမယ့် ဒီပွဲမှာတော့ ဂျိတ်ခ်ပေါလ်နဲ့ မိုက်တိုင်ဆန်တို့ကတော့ ပိုလေးတဲ့လက်အိတ်တွေကို ဝတ်ဆင်ပြီး ထိုးကြတော့မှာပါ။
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- တနင်္သာရီတိုင်းထဲမှာ အက်တမ်ဖုန်းလိုင်းတွေ ပြတ်တောက်နေတဲ့အခြေအနေ
- မြိတ်ငါးဖမ်းစက်လှေ မီးလောင်ရာမှာ ဒဏ်ရာရသွားတဲ့ လှေလုပ်သားတစ်ဦး သေဆုံးသွားတဲ့အကြောင်း
- ပုလောက...
Published 11/26/24
လွယ်ကထုံ မျှောတဲ့ပွဲမှာ Stamp Fairtex ပါဝင်ဆင်နွှဲခဲ့ပါတယ်။ One Championship ရဲ့အချောလေး Stamp Fairtex ပါဝင်ဆင်နွှဲခဲ့တဲ့ လွယ်ကထုံမျှောပွဲဆိုတာကလည်း တကယ့်ကို စိတ်ဝင်စားစရာကောင်းတဲ့ ပွဲတော်တစ်ခုပါ။
တချို့တွေက လွယ်ကထုံမျှောတယ်ဆိုတာ မကောင်းတာတွေ၊ မလိုချင်တာတွေကို မျှောပစ်ပြီး လိုချင်တာကို...
Published 11/26/24