၇ ပွဲကစား ၇ ပွဲနိုင် ရလဒ်ကို မွန်ဖိုက်တာ ပုညစိုင်း အရယူပြနိုင်မလား
Listen now
Description
လာမယ့် ဒီဇင်ဘာလ ၇ ရက်နေ့ရောက်ရင် ဖိလစ်ပိုင်ဖိုက်တာ ဂျွန်ကော်လန် နဲ့ မြန်မာဖိုက်တာ ပုညစိုင်း ထိုးကြတော့မှာပါ။ ဒီပွဲကို MMA ပွဲစဉ်အဖြစ် ယှဉ်ပြိုင်စေမှာဖြစ်ပါတယ်။ ဒီဇင်ဘာ ၇ ရက်နေ့မှာ ကျင်းပမယ့် Soma Fight Series -13 ပြိုင်ပွဲမှာ မွန်ဖိုက်တာ ပုညစိုင်းဟာ ဖိလစ်ပိုင်ဖိုက်တာဂျွန်ကော်လန်နဲ့ အဓိက ခေါင်ပွဲအဖြစ် ထိုးရမှာပါ။ ဖယ်သာဝိတ်တန်း ၁၄၅ ပေါင်ပွဲအဖြစ် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ ဂျွန်ကော်လန်က အသက် ၂၃ နှစ်၊ အရပ် ၅ ပေ ၈ လက်မ ရှိပါတယ် ။ပရော်ဖက်ရှင်နယ်ပွဲ ၄ ပွဲထိုးသတ်ထားဖူးပြီး ၂ ပွဲနိုင် ၂ ပွဲရှုံး ရလဒ် ရရှိထားသူဖြစ်ပါတယ်။ မြန်မာကိုယ်စားပြု မွန်ဖိုက်တာပုညစိုင်းကတော့ အသက် ၂၆ နှစ်ပါ။ ပုညစိုင်းရဲ့ထူးခြားချက် ပရော်ဖက်ရှင်နယ်ဖိုက်တာဘဝမှာ ရှုံးပွဲ လုံးဝမရှိသေးတာပါပဲ။ MMA ပွဲစဉ် ၆ ပွဲ ထိုးထားမှာ ပုညစိုင်းက ၆ ပွဲလုံး အနိုင်ရရှိထားပါတယ်။
More Episodes
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့ - တနင်္သာရီတိုင်းထဲမှာ အက်တမ်ဖုန်းလိုင်းတွေ ပြတ်တောက်နေတဲ့အခြေအနေ - မြိတ်ငါးဖမ်းစက်လှေ မီးလောင်ရာမှာ ဒဏ်ရာရသွားတဲ့ လှေလုပ်သားတစ်ဦး သေဆုံးသွားတဲ့အကြောင်း - ပုလောက...
Published 11/26/24
Published 11/26/24
လွယ်ကထုံ မျှောတဲ့ပွဲမှာ Stamp Fairtex ပါဝင်ဆင်နွှဲခဲ့ပါတယ်။ One Championship ရဲ့အချောလေး Stamp Fairtex ပါဝင်ဆင်နွှဲခဲ့တဲ့ လွယ်ကထုံမျှောပွဲဆိုတာကလည်း တကယ့်ကို စိတ်ဝင်စားစရာကောင်းတဲ့ ပွဲတော်တစ်ခုပါ။ တချို့တွေက လွယ်ကထုံမျှောတယ်ဆိုတာ မကောင်းတာတွေ၊ မလိုချင်တာတွေကို မျှောပစ်ပြီး လိုချင်တာကို...
Published 11/26/24