အစိုးရကားတွေကို လျှပ်စစ်ကားတွေနဲ့ လဲလှယ်ချင်တဲ့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်၊ Samsung S21 စီးရီး
Listen now
Description
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ဟာ ဖက်ဒရယ်အစိုးရ ဓာတ်ဆီစွမ်းအင်သုံးကားတွေ ဖယ်ရှားဖို့ဆောင်ရွက်နေပြီး လျှပ်စစ်ကားတွေအစားထိုးသွားမယ်ဆိုတဲ့အကြောင်း၊ Samsung အနေနဲ့ ဈေးနှုန်းကို အနည်းငယ် လျှော့ချခဲ့ပေမယ့် ရောင်းအားမြှင့်တင်ဖို့ မကြိုးစားဘူးလို့ သတင်းထွက်နေပြီး ၂၀၂၁ အတွင်း Galaxy S21 စီးရီး ထုတ်ကုန်တွေ ၂၆ သန်းပဲ တင်ပို့ရောင်းချဖို့ ခန့်မှန်းထားတယ်တဲ့အကြောင်း၊ မိုဘိုင်းငွေကြေးဝန်ဆောင်မှု Citizens မှ မြန်မာနိုင်ငံသားများအားလုံး ပါဝင်လှူဒါန်းနိုင်တဲ့ “Citizens နှင့်အတူ ကာကွယ်ဆေးလှူ” လူမှုအကျိုးပြုအစီအစဉ်စတင်ခဲတယ့်ဆိုတဲ့အကြောင်းစတဲ့ ပြည်တွင်း၊ ပြည်ပ နည်းပညာ သတင်းတွေကို အင်တာနက် ဂျာနယ် တစ်နေ့တာ သတင်းအသံလွှင့် အစီအစဉ်ရဲ့ဒီနေ့အတွက် အပိုင်းသစ်မှာတင်ဆက်ပေးထားပါတယ်။
More Episodes
Published 01/31/21
Apple ဟာ အခုအပတ်အတွင်း iPhone အသစ်ဖြစ်တဲ့ iPhone 12 နဲ့ ၂၀၂၀ ထုတ် iPhone တွေချိတ်ဆက်ထားတဲ့ MagSafe သံလိုက်အားသွင်းစနစ်ထုတ်ကုန်တို့ကို နှလုံးခုန်စက် ဒါမှမဟုတ် ခွဲစိတ်ကုသထည့်သွင်းရတဲ့ နှလုံးခုန်စက် (ICD) အနားမှာထားရင် အန္တရာယ်ရှိကြောင်းသတိပေးထားတဲ့အကြောင်း၊ Facebook သုံးစွဲ သူတွေရဲ့ ဖုန်းနံပါတ်...
Published 01/28/21
Viber မှ COVID-19 ကပ်ရောဂါ ဖြစ်ပွားမှုတွေကြောင့် ပြည်သူများအချင်းချင်းဆက်သွယ်ပြောမှုပုံစံ ပြောင်းလဲလာပုံပေါ် အခြေခံကာ အက်ပလီကေးရှင်းအတွင်း ပြုပြင်ပြောင်းလဲမှုများစွာ ပြုလုပ်နိုင်ခဲ့သလို ၂၀၂၀ အတွင်း အာရှပစိဖိတ်ဒေသများမှာလည်း အက်ပလီကေးရှင်းသုံးစွဲမှု တိုးမြင့်လာတယ်ဆိုတဲ့အကြောင်း၊ အွန်လိုင်းပေါ်မှ...
Published 01/26/21