Episodes
ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ စကားဝိုင်းမှာတော့ "မြန်မာ့နိုင်ငံရေးကို တရုတ်မစွက်ဖက်ဘူးတဲ့လား " ဆိုတဲ့ခေါင်းစဉ်နဲ့ အယ်ဒီတာချုပ် အောင်ဇော်နဲ့ မြန်မာပိုင်း အယ်ဒီတာ ကျော်ခ တို့က ဆွေးနွေးထားပါတယ်။
Published 08/19/24
ခုခံတော်လှန်စစ် သုံးနှစ်ကျော်လာတဲ့အချိန်မှာ စစ်ကောင်စီတပ်တွင်းမှာ ဘယ်လောက် တပ်ပျက်နေလဲ၊ ဘာတွေ အပြောင်းအလဲလုပ်နေလဲ၊ စစ်ကောင်စီက အောက်ခြေစစ်သားတွေအပေါ် ဖိနှိပ်မှုတွေ ဘယ်လိုလုပ်နေလဲ၊ မြို့ပြတွေအထိ မြို့သိမ်းတိုက်ပွဲတွေ ရောက်လာတဲ့အကြောင်း စတဲ့ အကြောင်းအရာတွေကို “ပြည်သူ့စစ်သား ရင်တွင်းစကား အစီအစဉ်”မှာ နားဆင်နိုင်ပါပြီ။
Published 08/18/24
ဒီတပတ် စနေသတင်းစကားဝိုင်းမှာ ရိုဟင်ဂျာအရေးလှုပ်ရှားသူတွေအနေနဲ့ ရေရှည်အကျိုး မျှော်ကိုးပြီး AA ၊ နွေဦးတော်လှန်ရေးတို့နဲ့ ပူးပေါင်းဆောင်ရွက်ချိန်တန်ပြီလို့ နှိုးဆော်ချက်နဲ့ တဒေါ်လာ ၇ ထောင်ကျပ်ကနေ ၆ထောင်ကျော်ထိ ဈေးပြုတ်ကျတာ ဘယ်လောက်ကြာကြာခံမလဲ ပါမောက္ခ ဒေါ်မင်းမင်းသော်ရဲ့ သုံးသပ်ချက်တွေကို နားဆင်နိုင်ကြပါတယ်။
Published 08/16/24
ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ စကားဝိုင်းမှာတော့ "တပ်တွင်းပုန်ကန်မှုတွေ ဖြစ်လာနိုင်သလား " ဆိုတဲ့ခေါင်းစဉ်နဲ့ အယ်ဒီတာချုပ် အောင်ဇော်နဲ့ မြန်မာပိုင်း အယ်ဒီတာ ကျော်ခ တို့က ဆွေးနွေးထားပါတယ်။#မြန်မာ #ဧရာဝတီ #တပ်တွင်းပုန်ကန်မှု #စစ်တပ် #အယ်ဒီတာ့စကားဝိုင်း #EditorialTalk
Published 08/12/24
တော်လှန်ရေးအရှိန်က စစ်တပ်မြို့ဖြစ်တဲ့ မန္တလေးတိုင်း ပြင်ဦးလွင်ကို အကြီးအကျယ်ခြိမ်းခြောက်နေတဲ့ အကြောင်း၊ စစ်တိုင်း ၁၄ ခုထဲက အင်အားအကြီးဆုံးဖြစ်တဲ့ အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် ကျပြီးတဲ့နောက် စစ်တပ် တပ်ပျက် နေတဲ့ အကြောင်း စတဲ့ အကြောင်းအရာတွေကို “ပြည်သူ့စစ်သား ရင်တွင်းစကား အစီအစဉ်”မှာ နားဆင်နိုင်ပါပြီ။
Published 08/11/24
ဒီတပတ် စနေသတင်းစကားဝိုင်းမှာ သူရဲဘောကြောင်တဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ မိန့်ခွန်း သုံးသပ်ချက်၊ ထိုင်းနိုင်ငံက မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ CI စာအုပ် မရှိတော့ရင် ဘာဖြစ်မလဲ ဦးထူးချစ်နဲ့ ဆွေးနွေးခန်းတွေကို နားဆင်နိုင်ပါတယ်။
Published 08/09/24
ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ စကားဝိုင်းမှာတော့ "ခြောက်လသက်တမ်းတိုးပြီး ဘာလုပ်မှာလဲ " ဆိုတဲ့ခေါင်းစဉ်နဲ့ အယ်ဒီတာချုပ် အောင်ဇော်နဲ့ မြန်မာပိုင်း အယ်ဒီတာ ကျော်ခ တို့က ဆွေးနွေးထားပါတယ်။
Published 08/04/24
ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ရခိုင်ပြည်နယ် စတဲ့ ဒေသတွေ မှာ တိုက်ပွဲတွေ ပြင်းထန်နေတဲ့ အချိန်မှာပဲ စစ်ကောင်စီက စစ်အင်အားဖြည့်တင်းဖို့ စစ်မှုထမ်းအပတ်စဉ် ၄ ထပ်မံခေါ်ယူလိုက်တဲ့အကြောင်းနဲ့ စစ်ကောင်စီက လေယာဉ်ဆီရအောင် ဘယ်လိုတွေ စုဆောင်းနေလဲ စတဲ့ အကြောင်းအရာတွေကို “ပြည်သူ့စစ်သား ရင်တွင်းစကား အစီအစဉ်”မှာ နားဆင်နိုင်ပါပြီ။
Published 08/04/24
ဒီတပတ် စနေသတင်းစကားဝိုင်းမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ပြောတဲ့ သမဝါယမ စီးပွားရေး ဘာလဲ ဘယ်လဲနဲ့ ရာသီဥတု ဘေးအန္တရာယ်ကို ဘယ်လိုတုန့်ပြန်ကြမလဲ စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။
Published 08/03/24
ဧရာဝတီဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ စကားဝိုင်းမှာတော့ "ယာယီသမ္မတနဲ့ လားရှိုးမြို့သိမ်းတိုက်ပွဲ" ဆိုတဲ့ခေါင်းစဉ်နဲ့ အယ်ဒီတာချုပ် အောင်ဇော်နဲ့ မြန်မာပိုင်း အယ်ဒီတာ ကျော်ခ တို့က ဆွေးနွေးထားပါတယ်။This podcast is supported by the Transition Promotion Programme, the Ministry of Foreign Affairs of the Czech Republic.
Published 07/29/24
စစ်ကောင်စီရဲ့ ရမခ တိုင်းစစ်ဌာနချုပ်ကို ကိုးကန့်တပ်မတော် MNDAA က သိမ်းပိုက်လိုက်ပြီလို့ ကြေညာပြီးတဲ့နောက်နဲ့ အာဏာသိမ်း စစ်ခေါင်းဆောင် သမ္မတရာထူးလွှဲယူလိုက်ပြီးတဲ့နောက် တပ်တွင်းမှာ ဘယ်လောက်ထိ တပ်ပျက်နေလဲ ဆိုတာ ဒီတပတ် “ပြည်သူ့စစ်သား ရင်တွင်းစကားအစီအစဉ်”မှာ နားဆင်နိုင်ပါပြီ။
Published 07/28/24
ဒီတပတ် စနေသတင်းစကားဝိုင်းမှာ လားရှိုး ရမခ စစ်တိုင်း ကျသွားချိန်မှာ ဦးသန်းရွှေနဲ့ ဦးသိန်းစိန်တို့ကို မယုံသင်္ကာ ဖြစ်လာတဲ့အထိ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ရန်သူပတ်လည် ဝိုင်းနေတဲ့အကြောင်းနဲ့ ကွယ်လွန်သူ ကိုဖြိုးဇေယျာသော်ရဲ့ ဘဝလက်တွဲဖော် မသဇင်ညွန့်အောင်နဲ့ စကားစမြည်ပြောထားတွေကို နားဆင်နိုင်ကြပါတယ်။
Published 07/27/24
ဒီတပတ် အယ်ဒီတာ့စကားဝိုင်းမှာ လူထုကို လှုပ်ခတ်စေခဲ့တဲ့ နိုင်ငံရေးလုပ်ကြံမှုတွေ အကြောင်း ဆွေးနွေးတင်ပြထားပါတယ်။
Published 07/22/24
စစ်တပ်က အရူးမီးဝိုင်းသလို ဖြစ်နေပြီဒီတပတ်မှာ စစ်ကောင်စီ ရုံးချုပ်အခြေစိုက် နေပြည်တော် အေလာလေတပ် စခန်းက တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုကို ဘာကြောင့် ခဏခဏ ခံနေရတာလဲ၊ အာဏာသိမ်း စစ်တပ်နဲ့ အပေါင်းအပါ ခရိုနီကြီးတွေရဲ့ အကျိုးစီးပွားတွေ ရှိနေတဲ့ သံတွဲမြို့ကို အာရက္ခတပ်တော် (AA) က ထိန်းချုပ်ဖို့ ပြင်ဆင်နေတာ၊ ရှမ်းမြောက်က စခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးက မန္တလေး မြို့နားအထိ ရောက်လာပြီး စစ်တပ်ရဲ့ အာဏာကို စိန်ခေါ်နေပြီ စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။
Published 07/21/24
ဒီတပတ် အယ်ဒီတာ့စကားဝိုင်းမှာ အသံတွေကြားနေရတယ် … ၆ လသက်တမ်းတိုးရင် တရုတ်လက်ခံပါ့မလား ဆိုတဲ့ အကြောင်း ဆွေးနွေးတင်ပြထားပါတယ်။
Published 07/16/24
ဒီတပတ် အယ်ဒီတာ့စကားဝိုင်းမှာ ဦးသိန်းစိန်ရဲ့ တရုတ်ခရီးစဉ်နဲ့ အရှိန်မြင့်လာတဲ့ ၁၀၂၇ စစ်ဆင်ရေးအကြောင်း ဆွေးနွေးတင်ပြထားပါတယ်။
Published 07/08/24
ဒီတပတ်မှာတော့ ရမခဆိုတဲ့ အရှေ့မြောက်ပိုင်း စစ်ဌာနချုပ်ကြီး ဘယ်လိုခုခံစစ်မျိုးတွေသုံးပြီး ခုခံနေရလဲ နဲ့ ရေကြီးရေလျှံမှုတွေ ဖြစ်နေတဲ့ ကချင်ပြည်နယ်မှာ ရှိတဲ့ စစ်ကောင်စီတပ်က တပ်သားတွေ ထွက်ပြေးကုန်ပြီ စတဲ့ တပ်တွင်းက အကြောင်းတွေကို နားဆင်ရမှာပဲ ဖြစ်ပါတယ်။
Published 07/07/24
ဒီတပတ် စနေသတင်းစကားဝိုင်းမှာ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းကို တရုတ်ဝင်တားဦးမလားနဲ့ ဘဏ် ၇ ဘဏ်ကို စစ်ကောင်စီက အရေးယူမယ်ဆိုတဲ့အပေါ် စီးပွားရေးပညာရှင် ဦးစိန်ဌေးရဲ့ သုံးသပ်ချက်တွေကို နားဆင်နိုင်ပါတယ်။
Published 07/06/24
ဒီတပတ် အယ်ဒီတာ့စကားဝိုင်းမှာ ရှမ်းပြည်နယ်မြောက်ပိုင်းက ၁၀၂၇ နောက်ဆက်တွဲ စစ်ဆင်ရေး အကြောင်း ဆွေးနွေးတင်ပြထားပါတယ်။
Published 07/01/24
ဒီတပတ်မှာတော့ တရုတ်ရဲ့ ကြားဝင်မှုကြောင့် ယာယီအပစ်ရပ်စဲမှုပျက်သွားပြီး ရှမ်းမြောက် ၁၀၂၇ စစ်ဆင်ရေးရဲ့ အပိုင်း ၂ အနေနဲ့ တကျော့ပြန် တိုက်ပွဲတွေ ပြင်းထန်နေတာ၊ စစ်တပ်အထင်သေးခဲ့တဲ့ PDF တွေ ရှေ့ထွက်လာတာတွေကြောင့် တိုင်းမှူးတယောက်ပြုတ်တော့မယ့် အကြောင်းကို နားဆင်ရမှာပဲ ဖြစ်ပါတယ်။
Published 06/30/24
ဒီတပတ် အယ်ဒီတာ့စကားဝိုင်းမှာ မြန်မာပြည်က မာဇီးဒီးစီးတဲ့ ဘုန်းကြီးတွေအကြောင်း ဆွေးနွေးတင်ပြထားပါတယ်။
Published 06/24/24
အခုတပတ်မှာတော့ ပြည်သူတွေကြား အထိတ်တလန့် တုန်လှုပ်မှုဖြစ်ခဲ့ရတဲ့ ပဲခူးဝင်းနိမ္မိတာရုံ ဆရာတော်ကြီးကို စစ်တပ်က သတ်ဖြတ်ခဲ့ပြီး ပြည်သူကို လိမ်လည်ခဲ့တာ ပေါ်ခဲ့ပေမယ့် အမှားကို ဝန်မခံပဲ ထပ်လိမ်ဖို့ ကြိုးစားနေတဲ့အကြောင်းတွေကို ကိုယ်တိုင်လည်း စစ်တပ်ရဲ့ သတ်ဖြတ်မှုတွေကို ကြုံတွေ့ခဲ့ရဖူးတဲ့ စီဒီအမ် စစ်ဗိုလ်တဦးက ပြောပြတာကို “ပြည်သူ့စစ်သားရင်တွင်းစကား အစီစဉ်”မှာ နားဆင်နိုင်ပါပြီ။
Published 06/24/24
ဒီတပတ် စနေသတင်းစကားဝိုင်းမှာ ပဲခူး ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော် ပစ်ခတ်သတ်ဖြတ်ခံရမှုအပေါ် ဆရာတော် မင်းသုည (ဗုဒ္ဓတက္ကသိုလ်)ရဲ့ ဆွေးနွေးချက်၊ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ၂၀၂၅ ရွေးကောက်ပွဲနဲ့ တရုတ်သဘောထားအပေါ် သုံးသပ်ချက်တွေကို နားဆင်နိုင်ပါတယ်။
Published 06/22/24
ဒီတပတ် အယ်ဒီတာ့စကားဝိုင်းမှာ ဟိုင်ဂင်အပစ်ရပ် သဘောတူညီချက် ပျက်နိုင်သလား ဆိုတဲ့အကြောင်း ဆွေးနွေးတင်ပြထားပါတယ်။ -~~~~~-စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။Support The Irrawaddy: https://bit.ly/3btQYpR
Published 06/16/24
နေ့စဉ်နဲ့အမျှ တိုက်ခိုက်ရေး အင်အားနည်းလာတဲ့ စစ်ကောင်စီက စစ်မှုထမ်းဟောင်းတွေကို မက်လုံးပေးစည်းရုံးကာ စစ်တပ်ထဲ ပြန်ခေါ်နေသလို အမျိုးသမီးတွေကိုလည်း စစ်မှုထမ်းဖို့ စာရင်း စတင်ကောက်ယူတာတွေ လုပ်နေတဲ့ စစ်တပ်ရဲ့ စစ်အင်အား ဖြည့်တင်းနေတဲ့ အကြောင်းအရာတွေကို ဒီတပတ် ပြည်သူ့စစ်သား ရင်တွင်းစကား အစီအစဉ်မှာ နားဆင်ရမှာပါ။
Published 06/16/24