အိန္ဒိယရဲ့ ပထမဆုံး အကြိမ် နေကို လေ့လာမယ့် အာကာသ မစ်ရှင်ခရီး အောင်အောင်မြင်မြင် စတင်
Listen now
Description
စက်တင်ဘာလ ၂ ရက်၊ စနေညချမ်း အတွက် လန်ဒန်မြို့တော်ကနေ တိုက်ရိုက် ထုတ်လွှင့်တဲ့ ဘီဘီစီမြန်မာပိုင်း ရေဒီယို အစီအစဥ်တွေ -ရှမ်းပြည်မြောက်ပိုင်းမှာ TNLA နဲ့ စစ်ကောင်စီတပ်ကြား စစ်ရေးတင်းမာ - ပြီးခဲ့တဲ့ ရက်ပိုင်းတွေထဲ မြစ်ကြီးနားမှာ လက်နက်ကြီးသံတွေ ကြားနေခဲ့ရလို့ စစ်ဟာ ကချင်မြို့တော်ထိ ရောက်လာပြီလား စိုးရိမ်မှုတွေ ထွက်ပေါ် - စင်တင်ဂီတပါတဲ့ စားသောက်ဆိုင်တွေထံက အခွန်ကောက်ဖို့ စစ်ကောင်စီ စိုင်းပြင်း -ထိုင်းအစိုးရသစ်ကို ဘယ်သူတွေနဲ့ ဖွဲ့စည်းမယ် ဆိုတဲ့ လျာထားချက်ကို ထိုင်းဘုရင်က အတည်ပြု - နေကိုလေ့လာ စူးစမ်းသွားမဲ့ အိန္ဒိယရဲ့ အာကာသခြေလှမ်းသစ်၊ လမျက်နှာပြင်ပေါ် ဆင်းသက်ခဲ့ပြီးတဲ့နောက် သိပ်မကြာခင်မှာပဲ အိန္ဒိယဟာ အခုလို အာကာသ စူးစမ်းလေ့လာရေး မစ်ရှင်ခရီးသစ်ကို ဆက်တိုက် လုပ်ဆောင်လာ - တရုတ်ပြည်မကြီးမှာ အိမ်ခြံမြေ စျေးကွက် အေးနေတဲ့ အတွက် အဲဒီနယ်ပယ်ထဲက လုပ်ငန်းကုမ္ပဏီတွေ အားလုံးပေါင်းလိုက်ရင် တင်နေတဲ့ ကြွေးမြီပေါင်း ‌‌ဒေါ်လာ ဘီလီယံ ၂၀၀ နီးပါးထိအောင် ရှိနေ - အီတလီ အစိုးရက သူတို့ အနေနဲ့ တရုတ်အစိုးရရဲ့ ကမ္ဘာလွှမ်းခြုံ စီးပွားရေး မဟာဗျုဟာ စီမံကိန်း ဖြစ်တဲ့ ရပ်ဝန်းနဲ့ လမ်းကြောင်း စီမံကိန်းထဲက နုတ်ထွက်မယ့် အရိပ်အယောင်တွေ ထပ်ပြီး ပြသလာပြန် - ကမ္ဘာ့တင်းမာမှုတွေကို စစ်ရေးနည်းသုံး ဖြေရှင်းတာထက် ဆွေးနွေး အဖြေရှာတဲ့ နည်းကို အနာဂတ်မှာ ပိုသုံးလာကြမယ်ဆိုပြီး စစ်ဘုရင် ဂျင်ဂျစ်ခန် မွေးဖွားတဲ့ အနှစ် ၈၆၀ ပြည့် သရုပ်ပြပွဲ အူလန်ဘာတောမှာ တက်ရောက်ခဲ့တဲ့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်မိန့်ကြား - အီရန်-အီရတ်ကြား ဆက်သွယ်မယ့် ရထားလမ်း စဖောက်တဲ့ ဖွင့်ပွဲကို အီရတ် ဝန်ကြီးချုပ်နဲ့ အီရန်ဒုသမ္မတ တက်ရောက် ..... စတဲ့ ထိပ်တန်း ပြည်တွင်းပြည်ပ သတင်းတွေ တင်ဆက်ထားပါတယ်။ ဘ
More Episodes
- တရားမဝင် ငွေလွှဲဟွန်တီသမားတွေကို ‌ဖော်ထုတ် အရေးယူမယ်လို့ စစ်ခေါင်းဆောင် နေပြည်တော် အစည်းအ‌ဝေးမှာ ပြော - ဆန်ကို ပြည်ပပို့တာတွေ ဆိုင်းထားဖို့ ရှိနေ - အနမ်းခံရသူကို အရေးယူမယ်လို့ စပိန်ဘောလုံး အဖွဲ့ချုပ် ခြိမ်းခြောက် - ဗြိတိသျှပြတိုက်ကြီးရဲ့ ဒါရိုက်တာ ရာထူးကနုတ်ထွက်ပြီး၊ သူ့လက်ထောက် ရာထူးကနေ...
Published 08/26/23
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းတာ ၂ နှစ်ပြည့်ချိန်မှာ အာဏာသိမ်းစစ်ခေါင်းဆောင်အပါအဝင် စစ်ကောင်စီနဲ့ ဆက်စပ်တဲ့ လူပုဂ္ဂိုလ်တွေ၊ စီးပွားရေး လုပ်ငန်းတွေအပေါ် နိုင်ငံတကာက ဒဏ်ခတ်ပိတ်ဆို့မှုတွေ ထပ်မံချမှတ်
Published 02/01/23