Episodes
စက်တင်ဘာလ ၂ ရက်၊ စနေညချမ်း အတွက် လန်ဒန်မြို့တော်ကနေ တိုက်ရိုက် ထုတ်လွှင့်တဲ့ ဘီဘီစီမြန်မာပိုင်း ရေဒီယို အစီအစဥ်တွေ -ရှမ်းပြည်မြောက်ပိုင်းမှာ TNLA နဲ့ စစ်ကောင်စီတပ်ကြား စစ်ရေးတင်းမာ - ပြီးခဲ့တဲ့ ရက်ပိုင်းတွေထဲ မြစ်ကြီးနားမှာ လက်နက်ကြီးသံတွေ ကြားနေခဲ့ရလို့ စစ်ဟာ ကချင်မြို့တော်ထိ ရောက်လာပြီလား စိုးရိမ်မှုတွေ ထွက်ပေါ် - စင်တင်ဂီတပါတဲ့ စားသောက်ဆိုင်တွေထံက အခွန်ကောက်ဖို့ စစ်ကောင်စီ စိုင်းပြင်း -ထိုင်းအစိုးရသစ်ကို ဘယ်သူတွေနဲ့ ဖွဲ့စည်းမယ် ဆိုတဲ့ လျာထားချက်ကို ထိုင်းဘုရင်က အတည်ပြု - နေကိုလေ့လာ...
Published 09/02/23
- တရားမဝင် ငွေလွှဲဟွန်တီသမားတွေကို ‌ဖော်ထုတ် အရေးယူမယ်လို့ စစ်ခေါင်းဆောင် နေပြည်တော် အစည်းအ‌ဝေးမှာ ပြော - ဆန်ကို ပြည်ပပို့တာတွေ ဆိုင်းထားဖို့ ရှိနေ - အနမ်းခံရသူကို အရေးယူမယ်လို့ စပိန်ဘောလုံး အဖွဲ့ချုပ် ခြိမ်းခြောက် - ဗြိတိသျှပြတိုက်ကြီးရဲ့ ဒါရိုက်တာ ရာထူးကနုတ်ထွက်ပြီး၊ သူ့လက်ထောက် ရာထူးကနေ ဆိုင်းငံ့ - ဂျပန် နျူကလီယာစက်ရုံ ရေဆိုးစွန့်မှုကို တောင်ကိုရီးယားမှာ ဆက်လက် ဆန္ဒပြ - ယူကရိန်းကျေးရွာ ကဖေးဆိုင်ကို ရုရှားလက်နက်ကြီး ထိမှန်လို့ လူ ၂ ဦး သေဆုံး - အိန္ဒိယ၊ တမီလ်နာဒူးပြည်နယ်မှာ မီးရထားပေါ် ...
Published 08/26/23
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းတာ ၂ နှစ်ပြည့်ချိန်မှာ အာဏာသိမ်းစစ်ခေါင်းဆောင်အပါအဝင် စစ်ကောင်စီနဲ့ ဆက်စပ်တဲ့ လူပုဂ္ဂိုလ်တွေ၊ စီးပွားရေး လုပ်ငန်းတွေအပေါ် နိုင်ငံတကာက ဒဏ်ခတ်ပိတ်ဆို့မှုတွေ ထပ်မံချမှတ်
Published 02/01/23
ယခုနှစ်အတွင်း ကချင် စစ်ရှောင် အိမ်ခြေ ၈၀၀လောက်ကို မူလနေရပ်ပြန်ပို့ပေး
Published 01/30/23
ယူကရိန်းတောင်ပိုင်းက ခါဆွန်မြို့ကို ရုရှားတပ်တွေ ပြန်လည် သိမ်းယူဖို့ ကြိုးစား
Published 01/29/23
တနင်္ဂနွေနေ့ မနက်ခင်း သတင်းများ ( ၂၉ ဇန်နဝါရီ၊ ၂၀၂၃) ရွှေဘိုမြို့နယ် မြင်းစီးရွာကို ပြည့်သူကာကွယ်ရေး မဟာမိတ်တပ်ဖွဲ့တွေ ဝင်ရောက် တိုက်ခိုက်ခဲ့တဲ့အခြေအနေဘယ်လိုရှိလဲ။ ကချင်ပြည်နယ်ထဲက မိုင်းနဲ့ လက်နက်ကြီး ထိမှန်တဲ့ခံရတဲ့ ဒေသခံတွေရဲ့ အခြေအနေ ဘယ်လိုရှိပါသလဲ။ ချက်သမ္မတနိုင်ငံမှာ စစ်တပ်ခေါင်းဆောင်ဟောင်း သမ္မတ ဖြစ်လာ။ ၂၀၂၄ ခုနှစ်မှာ ပြန်အရွေးခံဖို့ စည်းရုံးလှုပ်ရှားမှုတွေကို အမေရိကန် သမ္မတဟောင်း ထရမ့်စတင်။ အာဖဂန်နစ္စတန်မှာ အပူချိန်ကျဆင်းပြီး အအေးပိုလို့ သေဆုံးသူ ၁၆၀ကျော်ရှိ။...
Published 01/29/23
စနေနေ့ မနက်ခင်း သတင်းများ ( ၂၈ ဇန်နဝါရီ၊ ၂၀၂၃) နိုင်ငံရေးပါတီမှတ်ပုံတင်ခြင်း ဥပဒေသစ်က ပါတီနိုင်ငံရေးအပေါ် ဘယ်လို သက်ရောက်မလဲ။ ကရင်နီပြည်နယ်ကနေ ဆီဆိုင်ကို ရောက်လာတဲ့ စစ်ရှောင်တွေနဲ့ ကူညီပေးနေသူတွေ ဘယ်လိုစိန်ခေါ်မှုတွေ ရှိနေလဲ။ ကြားနေမရှိဘူးဆိုတာ မြင်တွေ့ဖို့ ယူကရိန်း သမ္မတ ဇလန်စကီးက အိုလံပစ်ကော်မတီ အကြီးအကဲကို ရှေ့တန်းကို ဖိတ် နီပေါလက်ထောက်ဝန်ကြီးချုပ် နိုင်ငံသားမဖြစ်ဘူးဆိုပြီး ရာထူးကနေ ဗဟိုတရားရုံးက တားမြစ်။ ဘီဘီစီဖြစ်ရပ်မှန်ရုပ်သံကို ပြဖို့ ကြိုးစားတဲ့ အိန္ဒိယကျောင်းသားတွေကို...
Published 01/28/23
သောကြာနေ့ မနက်ခင်း သတင်းများ (၂၇ ဇန်နဝါရီ၊ ၂၀၂၃) ခင်ဦးမြို့နယ်မှာ ဖွင့်လှစ်လိုက်တဲ့ အန်ယူဂျီ တရားရေးဝန်ကြီးဌာန တရားရေးအဖွဲ့ရုံးက ဘာတွေ လုပ်ဆောင်သွားမလဲ။ ဖားကန့်ကာမိုင်းနဲ့ မိုးကောင်းကြားက တိုက်ပွဲအခြေအနေ။ ရုရှားရဲ့ တရပ်စပ် ဒုံးနဲ့တိုက်ခိုက်မှုကြောင့် ယူကရိန်းမှာ လူ၁၁ဦးသေ၊ ၁၁ဦးဒဏ်ရာရ။ ထိုင်းမှာ အစာငတ်ဆန္ဒပြတဲ့သူတွေကို ရာနဲ့ချီတဲ့ ဆန္ဒပြသူတွေက ထောက်ခံကြောင်း ပြသ။ ဖိလစ်ပိုင် သမ္မတဟောင်း ဒူတာတေးရဲ့ မူးယစ်ဆေးဝါး စစ်ဆင်ရေးနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးတာတွေ ပြန်လုပ်နေပြီလို့ အိုင်စီစီပြော။...
Published 01/27/23
အမေရိကန်နိုင်ငံက သူ့ရဲ့ အေဘရမ် တင့်ကား ၃၁ စင်းကို ယူကရိန်း နိုင်ငံကို ပေးအပ်သွားမယ်
Published 01/25/23
နိုင်ငံရေးပါတီမှတ်ပုံတင် ဥပဒေကို ပြင်ဆင်ပြီး NLDပါတီ ဖျက်သိမ်းရေး စစ်ကောင်စီ လုပ်ဆောင်နေ
Published 01/24/23
တင့်ကားတွေ ပံ့ပိုးပေးဖို့ ယူကရိန်း နိုင်ငံခြားရေး ဝန်ကြီးက တရားဝင် အကူအညီတောင်း
Published 01/23/23
ပြင်သစ် နဲ့ ဂျာမနီနိုင်ငံက သမ္မတနဲ့ ဝန်ကြီးချုပ် တို့ တွေ့ဆုံ ခဲ့ကြပြီး ယူကရိန်း စစ်ပွဲ အရေးနဲ့ ပတ်သက်လို့ မတူကွဲပြားတဲ့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ကြရ - ယူကရိန်း အစိုးရ အဖွဲ့ဝင် တစ်ယောက်ဒေါ်လာ လေသိန်း လက်ခံရယူ - ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ စစ်ကောင်စီဌာနဆိုင်ရာတွေက လူဦးရေ စာရင်းကောက်ယူတာနဲ့ပတ်သက်ပြီး ရွှေ့ပြောင်းလုပ်သား အချို့ကတော့ စာရင်းပေးဖို့မဖြစ်နိုင်ဘူးလို့ ပြော - မကွေးတိုင်း၊ မြိုင်မြို့နယ် ဗဟင်းရွာဆေးရုံ တဝိုက်ကို စစ်ကောင်စီက ဇန်နဝါရီလ ၂၁ ရက်၊ နေ့လယ်ပိုင်းမှာ...
Published 01/23/23
ဆိုမာလီထဲ အမေရိကန် လေကြောင်းတိုက်ခိုက်၊ အယ်လ်ရှာဘတ် ၃၀ ဝန်းကျင်သေဆုံး - ဆိုမာလီထဲ အစ္စလာမ်မစ် လက်နက်ကိုင်တွေကို ပစ်မှတ်ထားပြီး အမေရိကန် လေကြောင်းတိုက်ခိုက်၊ အယ်လ်ရှာဘတ် ၃၀ ဝန်းကျင်သေဆုံး - ဘရာဇီး သမ္မတ လူလာဒါဆေးလ်ဗားက စစ်တပ် အကြီးအကဲ ဗိုလ်ချုပ်ကြီးကို နေရာက ဖယ်ရှယ်ပြီး နောက်တစ်ယောက်နဲ့ အစားထိုး - တရားရေး အာဏာကို ကန့်သတ်ဖို့ ကြိုးစားတဲ့ အစ္စရေး လက်ျာစွန်းရောက် အစိုးရသစ်ကို အစ္စရေးပြည်သူတွေ အုံနဲ့ကျင်းနဲ့ ဆန္ဒပြ - ကန့်ဘလူ၊ အင်းမရွာထဲ စနေနေ့က စစ်ကောင်စီတပ်တွေ ဝင်လာပြီး မီးရှို့တယ်လို့...
Published 01/22/23
ဇန်နဝါရီ ၂၁ စနေမနက်ခင်း ဘီဘီစီ သတင်းများ - ယူကရိန်းကို တိုက်ခိုက်ရေးသံချပ်ကာကားတွေ ထောက်ပံ့ရေးနဲ့ပတ်သက်လို့ နိုင်ငံပေါင်း ၅၀ ကျော်ရဲ့အစည်းအဝေးမှာ အားလုံးသဘောတူတဲ့ ဆုံးဖြတ်ချက် မရခဲ့ပါဘူး။ ဒါပေမဲ့ တခြားစစ်ရေးအကူအညီတွေ ပေးဖို့ ကတိပြုခဲ့ကြပါတယ်။ အမေရိကန်က ဒေါ်လာ သန်း ၂၅၀၀ တန် စစ်ရေးအကူအညီတွေ ပေးဖို့ရှိ။ - ရုရှားဟာ ပါကစ္စတန်နိုင်ငံကို ရေနံစိမ်းတွေ တင်ပို့မယ်လို့ ကြေညာ - ကားစီးစဥ် ခါးပတ် မပတ်လို့ ဗြိတိသျှ ဝန်ကြီးချုပ် ဒဏ်ငွေရိုက်ခံရ - အာဖဂန်နစ္စတန်နိုင်ငံမှာ အအေးလွန်ကဲမှုကြောင့် လူ ၇၈ ဦး သေဆုံး...
Published 01/21/23
- တရုတ်က ယုန်နှစ်ဖြစ်ပေမဲ့ ဗီယက်နမ်မှာတော့ ကြောင်နှစ်အဖြစ် နှစ်သစ်ကို ကြိုဆို - ဟောလိဝုဒ်ရုပ်ရှင်သရုပ်ဆောင် အဲလက် ဘော့ဒ်ဝင်ကို မရည်ရွယ်ဘဲ လူသေစေမှုနဲ့ စွဲချက်တင်မယ် - နိုင်ငံပေါင်း ၅၀ တွေ့ဆုံကြမယ့် ဂျာမနီက အစည်းအဝေးမှာ ယူကရိန်းကို စစ်လက်နက်ကူညီရေး ဆွေးနွေးမယ် - ကန့်ဘလူမြို့နယ် နဲ့ ကျွန်းလှ မြို့နယ်ဘက်မှာ စစ်ကောင်စီတပ်တွေက နွားတွေအပါအဝင် ဒေသခံတွေရဲ့ ပစ္စည်းတွေကို ယူနေတယ်လို့ ဒေသခံတွေပြော - ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ရှဒူဇွပ်ရွာအနီးက ရွှေမှော်တွေဆီ သွားတဲ့ လမ်းကြောင်း ပိတ်ထားသလို စက်သုံးဆီ...
Published 01/20/23
- မိုက်ခရိုဆော့ဖ်ကုမ္ပဏီ ဝန်ထမ်း တစ်သောင်း လျှော့ချ - ကာဘွန်ထုတ်လွှတ်မှုနည်းတဲ့ လေယာဥ်တည်ဆောက်ဖို့ နာဆာနဲ့ ဘိုးရင်းကုမ္ပဏီ ပူးတွဲလုပ်ဆောင် - ဂရင်းလန်း ရေခဲလွှမ်းဒေသမှာ ဒီရာစုနှစ်စမှာ အပူချိန်တိုးလာ - ဂျပန် ဖူကူရှီးမားနယျူကလီးယားစွမ်းအင်စက်ရုံထဲက စွန့်ပစ်အညစ်အကြေး ရေတွေကို သမုဒ္ဒရာထဲ မစွန့်ပစ်သေးဘဲ ဆိုင်းငံ့ထားဖို့ ပစိဖိတ်ကျွန်းနိုင်ငံတွေ တောင်းဆို - စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်က စစ်ရှောင်တွေရဲ့ အခြေအနေ - စစ်ကိုင်းတိုင်းထဲက ရွာတွေ မီးလောင်နေလို့ တောင်သူတွေ စပါးကို ရတဲ့စျေးနဲ့...
Published 01/19/23
မန္တလေးအိုးဘိုထောင်တွင်းက နိုင်ငံရေးအကျဥ်းသားတချို့ ရိုက်နှက်ခံရပြီး တိုက်ပိတ်ခံထားရတယ်လို့ ထောင်နဲ့နီးစပ်သူတွေက ပြော
Published 01/18/23
အာဏာသိမ်းမှုနောက်ပိုင်း အိမ်နီးချင်းနိုင်ငံတွေထဲ ခိုလှုံနေရသူ ၁.၁သန်းနီးပါးရှိလာ - တကျော့ပြန်အာဏာသိမ်းမှုနောက်ပိုင်း အိမ်နီးချင်းနိုင်ငံတွေထဲ ခိုလှုံနေရသူ တစ်သန်းနဲ့ ရှစ်သောင်းခြောက်ထောင် ဝန်းကျင်ထိအောင် ရှိလာပြီး၊ ပြည်တွင်း IDP အရေအတွက်လည်း တစ်သန်းခွဲအထက်ကို ရောက်သွားကြောင်း ကုလကိန်းဂဏန်းတွေကဆို - စစ်ကိုင်း၊ ပုလဲမြို့နယ်ထဲ ရဲစခန်းအတိုက်ခံရလို့ ဘေးဝန်းကျင်ရွာတွေကို လက်တုံ့ပြန် မီးရှို့နေတာ အနည်းဆုံး ၇ ရွာ အရှို့ခံထားရ - ယူကရိန်းအရှေ့ဘက်ခြမ်း တိုက်ခိုက်နေတဲ့ ရုရှားကြေးစားတပ် ဗာ့ဂနာရဲ့...
Published 01/17/23
နီပေါမှာ လေယာဥ်ပျက်ကျလို့ လူ၆၈ယောက်သေဆုံးခဲ့တဲ့အတွက် ဒီနေ့ကို၀မ်းနည်းခြင်းတရက်တာသတ်မှတ် - ပြင်သစ်မှာ ရေခဲတွေပြိုကျပိတ်မိရင်း သေဆုံးသွားတဲ့ဗြိတိန်ကအမျိုးသမီးနဲ့ပတ်သက်လို့ လူသေမှုနဲ့ အမှုဖွင့် - ရှန်ကာဒွန်းညက်အသင်းက ယူကရိန်း တိုက်စစ်မှူး ဘောလုံးသမားကို ချယ်လ်စီးက ပေါင် ၈၉ သန်းနဲ့ ခေါ်ယူလိုက်ပြီ - အာဆင်နယ် ၊ ချယ်လ်စီးနဲ့ နယူးကာဆယ် အသင်းတွေ အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ် ဘောလုံးပွဲ အကြောင်း အပါအ၀င် တနင်္လာ မနက်ခင်း နောက်ဆုံးရ မြန်မာနဲ့ နိုင်ငံတကာ သတင်းတွေကို ဘီဘီစီမြန်မာပိုင်းရဲ့ ပေါ့ဒ်ကတ်စ်၊...
Published 01/16/23
- ယူကရိန်းမြို့ကြီးတွေကို ရုရှားကဒုံးကျည်နဲ့ပစ်လို့ နီပရိုမြို့မှာ လူ ၅ ယောက်သေဆုံး ၊ လျှပ်စစ်မီးပြတ်တောက် - ဘိုင်ဒန်ရဲ့ ရုံးဟောင်းနဲ့ ဂိုဒေါင်ထဲက ကားထဲမှာ နိုင်ငံတော်လျှို့၀ှက်စာရွက်စာတမ်းတွေ တွေ့တာနဲ့ပတ်သက်လို့ တရားရေးဌာန စီရင်တဲ့အတိုင်း လိုက်နာသွားမယ်လို့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်ပြော - အစိုးရအဆောက်အအုံတွေ စီးနင်းခံခဲ့ရတဲ့ ဘရာစီးလျား မြို့တော်က လုံခြုံရေးအကြီးအကဲကို ဖမ်းဆီးလိုက်ပြီ - တမြို့တည်းသား နှစ်သင်းကန်ရာမှာ မန်ယူက အနိုင်ရလိုက်တဲ့ ပရီးမီးယားလိဂ် ဘောလုံးပွဲတွေ အကြောင်း အပါအ၀င်...
Published 01/15/23
- မီးလောင်ပြီးနောက်ပြန်ဆောက်နေတဲ့ ရန်ကုန်ကမင်္ဂလာစျေး နှစ်ပေါင်းများစွာကြာသည့်တိုင်မပြီးလို့ စျေးသူ စျေးသားတွေ အခက်ကြုံနေရပုံကို ပြောပြထား - ထိုင်း၊ မြန်မာ၊လာအို နယ်စပ် ရွှေတြိဂံနားမှာ မူးယစ်ဆေးမှောင်ခိုသမားလို့ ယူဆရသူ ၅ ဦးကို ပစ်သတ်လိုက်တယ်လို့ ထိုင်းစစ်တပ်ကပြော - တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့က ဟောလိုး၀င်းပွဲတော်ညက လူရာချီသေဆုံးမှုဖြစ်ရပ်နဲ့ပတ်သက်လို့ အစီရင်ခံစာ ထွက်ပေါ်လာပြီး အရာရှိငယ်တွေကိုသာ အပြစ်ပုံချကာ အရာရှိကြီးတွေကတာ၀န်ခံမှုမရှိဘူးလို့ ပြောနေကြပြီ -...
Published 01/14/23
- စစ်ကောင်စီနဲ့ လက်မှတ်ထိုးခဲ့ကြတဲ့ “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP)၊ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ (NDAA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) တို့ လာမယ့်ရွေးကောက်ပွဲ၀င်ဖို့ရှိလား မေးမြန်းတဲ့အခါ - အိန္ဒိယ ကလေးချောင်းဆိုးပျောက်ဆေးရည် နှစ်မျိုးကို သုံးစွဲခြင်းမပြုဖို့ ကမ္ဘာကျန်းမာရေးအဖွဲ့ သတိပေးထား - တရုတ်နဲ့ အိန္ဒိယတို့အပေါ်တင်ရှိနေတဲ့ အကြွေးတွေလျှော့ချပေးဖို့ သီရိလင်္ကာ ဗဟိုဘဏ်က ပန်ကြား - တရုတ်မှာ လမ်းဘေးကလူတွေကို ကားနဲ့တိုက်ပြီး ငွေစက္ကူတွေကြဲချတဲ့ ၂၂နှစ်အရွယ်လူငယ်ကို ဖမ်းလိုက်ပြီ -...
Published 01/13/23
ဘန်ကောက်စီးနင်းမှုနဲ့ စစ်ခေါင်းဆောင်မိသားစု ပိုင်ဆိုင်မှု အထောက်အထား - ဘန်ကောက်မြို့တော်မှာ ပြုလုပ်ခဲ့တဲ့ မူးယစ်ဆေးဝါးနှိမ်နှင်ရေး စီနင်းမှု တစ်ခု အတွင်း ပစ်မှတ်ထား ဖမ်းဆီးခံရသူ လက်ဝယ် မြန်မာအာဏာသိမ်း စစ်ခေါင်းဆောင်ရဲ့ သားနဲ့သမီး ပိုင်ဆိုင်မှု အထောက်အထားတွေ တပါတည်း တွေ့ရှိထားရတယ် ဆိုတဲ့ အချက် ထွက်ပေါ်လာ - ယူကရိန်းထဲ ရှုံးပွဲအလီလီ ကြုံနေတဲ့ ရုရှားတပ်တွေကို ကွပ်ကဲဖို့ ဗိုလ်ချုပ်ကြီး အသစ် တစ်ယောက် ပြောင်းလဲ ခန့်အပ်တာမျိုး ၃ လ မပြည့်ခင် မော်စကို အစိုးရ ထပ်မံ လုပ်ဆောင်လာပြန် - အာဖဂန်နစ္စတန်...
Published 01/12/23
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းဝင်း အပါအဝင် NLD ပါတီဝင်တွေ အကြမ်းဖက် ဖမ်းဆီးခံရမှု မျက်မြင်သက်သေ ပြောပြချက်
Published 01/11/23