Episodes
ဘရာဇီး သမ္မတဟောင်းထောက်ခံသူတွေ လွှတ်တော်တွင်း၀င်စီးနင်းမှု ဖြစ်ခဲ့ပြီးနောက်တစ်နေ့မှာ သမ္မတဟောင်း ဗိုက်နာလို့ ဆေးရုံတင်ထားရတယ်လို့ ဇနီးဖြစ်သူက အတည်ပြု ပြောဆို - အီရန်မှာ အစိုးရဆန့်ကျင်သူနောက်ထပ်နှစ်ယောက်ကို အာဏာပိုင်တွေက ကြိုးပေးကွပ်မျက်မယ်လို့ သတင်းတွေထွက်ခဲ့ပြီးနောက် အကျဥ်းထောင်ရှေ့မှာ ဒါဇင်နဲ့ချီပြီးလူတွေ လာရောက်ဆန္ဒပြသူ - တရုတ်နိုင်ငံ ဟီနန်ပြည်နယ်မှာ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်းကိုဗစ်ကူးစက်ခံရသူ ၉၀ရာနှုန်းအထိ ရှိလာပြီး တတိယ ကူးစက်မှုအများဆုံး ပြည်နယ်လို့ အုပ်ချုပ်ရေးမှူးကပြောပေမယ့်...
Published 01/10/23
တရုတ်သူကြွယ်ကြီး ဂျက်ခ်မား သူတည်ထောင်ထားတဲ့ ဘဏ္ဏာရေး ၀န်ဆောင်မှုကုမ္ပဏီ Ant Group အပေါ် ထိန်းချုပ်မှုတွေကို စွန့်လွှတ်ဖို့ရှိတာ ဘာကြောင့်လဲ - သဘာ၀ပတ်၀န်းကျင် ပျက်စီး ထိခိုက်စေတဲ့ တစ်ခါသုံးနဲ့ ပလက်စတစ် ဇွန်း၊ခက်ရင်း၊ခွက်ယောက်တွေကို သုံးစွဲမှု အင်္ဂလန်မှာ တားမြစ်တော့မယ် - ဂျပန်နိုင်ငံ တိုကျိုမြို့က ဘုရားကျောင်းမှာ နှစ်ဟောင်းအညစ်အကြေးစင်ကြယ်စေပြီး နှစ်သစ်မှာ ကျန်းမာအောင် ရေခဲရေကန်ထဲ ခုန်ချဆုတောင်းပွဲ ကျင်းပ - ချယ်လ်စီးကို မန်စီးတီးက ၄ ဂိုး ဂိုးမရှိနဲ့ နိုင်ပြီး စတီးဗင်းနေ့ချ်ကို အက်စတန်ဗီလာက...
Published 01/09/23
ပူတင်က တဖက်သက် အပစ်ရပ်မယ်လို့ ကြေညာခဲ့ပေမယ့် ယူကရိန်းအရှေ့ဘက်မှာ ဆေးရုံတခုအပါအ၀င် လူနေ အဆောက်အအုံတွေ တိုက်ခိုက်ခံခဲ့ရ - အမေရိကန်အောက်လွှတ်တော် အကြီးအကဲရာထူး ရွေးချယ်ဖို့ အတွက် ၄ရက်ကြာ ၁၅ကြိမ်တိုင် မဲခွဲ ဆုံးဖြတ်ခဲ့ရပြီး အမတ်တွေ အချင်းချင်း ကိုယ်ထိလက်ရောက် တုန့်ပြန်မှုတွေ အထိ ရှိခဲ့ - တောင်ဆူဒန် က နိုင်ငံတော် အခမ်းအနားမှာ အမျိုးသားသီချင်းသီဆိုရင်း သမ္မတ ဆီးထွက်ကျတဲ့ပုံ ဖြန့်လို့ဆိုပြီး သတင်းသမားတွေ ဖမ်းဆီး ခံခဲ့ရ - Blackpink အဖွဲ့၀င် ထိုင်းနိုင်ငံဖွား ကေပေါ့ အဆိုတော် လီဆာရဲ့ ဖျော်ဖြေမှုကို...
Published 01/08/23
စနေနေ့ မနက်ခင်း သတင်းများ ( ၇ ဇန်နဝါရီ၊ ၂၀၂၃) ပြည်ခိုင်ဖြိုးပါတီနဲ့ နိုင်ငံရေးပါတီ ၃၇ ပါတီ ဘာကြောင့်တွေ့တာလဲ။ ရွေးကောက်ပွဲကိစ္စ တိုင်းရင်းသားလက်နက်ကိုင် ၃ဖွဲ့နဲ့ စစ်ကောင်စီဆွေးနွေး။ ရုရှားက တဖက်သတ် အပစ်ရပ်ပေမဲ့ ယူကရိန်းအရှေ့ပိုင်းမှာ တိုက်ပွဲတွေ ဖြစ်။ အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ ရွေးဖို့ ၁၃ကြိမ်မဲပေးခဲ့ပေမဲ့ မရွေးချယ်နိုင်သေး။ တာလီဘန် ၂၅ဦးကို သတ်တယ်ဆိုတဲ့ မင်းသားဟယ်ရီ စာအုပ်ပါအချက် တာလီဘန်တုံ့ပြန်။ အာရေဗီယံ ပင်လယ်ကွေ့ဖလားဘောလုံးပြိုင်ပွဲ ဆယ်စုနှစ် ၄ခုကျော်အတွင်း ပထမဆုံး...
Published 01/07/23
သောကြာနေ့ မနက်ခင်း သတင်းများ ( ၆ ဇန်နဝါရီ၊ ၂၀၂၃) စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်ကျွန်းတောကုန်းကျေးရွာနဲ့ ဒီပဲယင်းမြို့နယ်စိုင်ပြင်မြို့နဲ့ စျေးကို စစ်ကောင်စီတပ်တွေ မီးရှို့။ နွားထိုးကြီးမြို့နယ် မင်းရွာမှာ ဒေသခံသုံးဦးအသတ်ခံရပြီး အလောင်းစွန့်ပစ်။ အပစ်ရပ်ဖို့ ရုရှားသမ္မတ ပူတင်ရဲ့ ကြေညာချက် ဝါဒဖြန့်တာလို့ယူကရိန်းပြော။ ယူကရိန်းကို ဒေါ်လာ ၃ ဘီလီယံ စစ်ရေးအကူအညီ အမေရိကန် ပေးမယ်။ တရုတ်ခရီးသွားတွေကို ကိုဗစ်စစ်ဆေးတဲ့ စည်းမျဥ်း အီးယူနိုင်ငံတွေ ချမှတ်။ အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌဖြစ်ဖို့...
Published 01/06/23
ကြာသပတေးနေ့ မနက်ခင်း သတင်းများ ( ၅ ဇန်နဝါရီ၊ ၂၀၂၃) ရခိုင်ဝန်ကြီးချုပ်ဟောင်းဦးညီပုနဲ့ အစိုးရဝန်ကြီးဟောင်းတချို့ ပြစ်ဒဏ်လျော့။ ဒီဇင်ဘာနောက်ဆုံးပတ်ကစလို့ မြင့်တက်လာတဲ့ ရွှေစျေးတွေ ဆက်တက်ဖို့ရှိလား။ တနှစ်ကျော်အင်တာနက်ဖြတ်တောက်ခံထားရတဲ့ စစ်ကိုင်းနဲ့ ကချင်ပြည်နယ်မှာ အင်တာနက်ပြန်ရ။ ကိုဗစ် ကူးစက်သေဆုံးသူနဲ့ ပတ်သက်ပြီး ယုံကြည်ရတဲ့ အချက်အလက်ထုတ်ပေးဖို့ တရုတ်ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ တောင်းဆို။ ပြင်သစ်က ယူကရိန်းကို လက်နက်တပ်ဆင်ထားတဲ့ယာဥ်တွေ ပေးမယ်။ လွှတ်တော် ဥက္ကဋ္ဌမရွေးနိုင်သေးလို့ အမေရိကန်...
Published 01/05/23
ယူကရိန်းအရှေ့ပိုင်းမှာ နှစ်သစ်ကူးညက ဒုံးကျည်ထိမှန်လို့ ရုရှားစစ်သား အယောက် ၆၀ ကျော်သေဆုံးမှုနဲ့ ပတ်သက်လို့ ရုရှားနိုင်ငံတွင်း ပြစ်တင်ပြောဆိုနေကြ - အိန္ဒိယမှာ အလုပ်ကအပြန် ဆိုင်ကယ်စီးရင်း ကားတိုက်ခံရပြီး ကားအောက်မှာ မိုင်တော်တော်များများ ဒရွတ်တိုက် ပါသွားခဲ့တဲ့ အသက်၂၀ အရွယ် အမျိုးသမီးငယ်အကြောင်း - တရုတ်နိုင်ငံကလာသူတွေကို ကိုဗစ်စစ်ဆေးပြီးမှ ပြည်၀င်ခွင့်ပေးတာဟာ နိုင်ငံရေးပရောဂဘဲလို့ တရုတ်အစိုးရဆိုပြီး ဒီကိစ္စကို ပြန်လည် လက်တုန့်ပြန်သွားမယ်လို့ ပြော - တောင်တရုတ်ပင်လယ်ပြင် အပါအ၀င်...
Published 01/04/23
- လာဘ်စားမှုအရှုတ်တော်ပုံရင်ဆိုင်နေရတဲ့ ဥရောပပါလီမန်မှာ အရာရှိတွေ ဥပဒေကင်းလွတ်ခွင့်ရနေတာကို ကြားနာစစ်ဆေးတော့မယ် - သြစတြေးလျ ၀ေဟင်မှာ ပျံတက်မယ့်ရဟတ်ယာဥ်နဲ့ ပျံဆင်းတဲ့ ရဟတ်ယာဥ်နှစ်စင်းတိုက်မိ လူ၄ယောက်သေဆုံး - နှစ်သစ်ကူးပါတီအတွင်းသေနတ်ပစ်ဖောက်ရာ နံဘေးကလူထိမှန်သေဆုံးပြီး သေနတ်ကိုင်တဲ့ပါတီကျင်းပသူ အိမ်ရှင်လည်း နှလုံးဖောက်ပြီးသေဆုံးး - ဖြတ်သန်းသွားလာခွင့် မျှောစာရပေမယ့် စစ်ကောင်စီတပ်က ခွင့်မပြုရင် ပလက်၀နယ်ထဲ သွားလာခွင့်မရသေး - နာမယ်ကြီး လစ်ဗာပူးကို ဘရန့်ဖို့ဒ်က အနိုင်ရလိုက်တဲ့ ပရီးမီးယားလိဂ်...
Published 01/03/23
- လှိုင်သာယာမှာ ဧည့်စာရင်းစာအုပ်ခ ကျပ်၅၀၀ ကနေ ၁၀၀၀ ပေးနေရသလို ရက်ကျော်သွားရင်လည်း ကျပ်၅၀၀၀ ပေးနေရတယ်လို့ မြို့ခံတွေက ပြော - ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်းက အဘောင်သား ကျေးရွာသားတွေကို စစ်ကောင်စီကနေ နေရပ်ပြန်ပို့တဲ့အတွက်ဘာတွေ အခက်ကြုံနေရလဲ - ဇိမ်ခံသင်္ဘောကိုယ်ထယ်ပေါ် မှိုတွေ့လို့ ရေပြင်ဇီ၀အဆိပ်သင့်နိုင်တယ်ဆိုပြီး ကမ်းကပ်ခွင့်မပေးဘဲသန့်ရှင်းရေးလုပ်ခိုင်း - စပါးနဲ့ ဗီလာ ၊ ချယ်လ်စီးနဲ့ နော်တမ်ဖောရက်စ် တို့ကန်တဲ့ ပရီးမီးယားလိဂ် ဘောလုံးပွဲတွေ အကြောင်း အပါအ၀င်တနင်္လာ မနက်ခင်း နောက်ဆုံးရ မြန်မာနဲ့...
Published 01/02/23
- မြောက်ကိုရီးယားဘက်က ဒရုန်းတွေလွှတ်ပြီးငါးရက်အတွင်း ဒုံးကျည်၃စင်းနဲ့ ကိုးရီးယားကျွန်းဆွယ်ထဲကို ပစ်ချတယ်လို့ တောင်ကိုရီးယားပြော - ဖားကန့်က ဆန်ခါရွာမှာ နှစ်ချင်းမူကြိုကျောင်းထဲ စစ်ကောင်စီရဲ့လက်နက်ကြီးကျလို့ အရပ်သား တစ်ယောက်သေဆုံးပြီး ငါးနှစ်သားကလေးအပါအဝင် ၅ ယောက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေကပြော ၊ စစ်ကောင်စီဘက်ကတော့ ဒီကိစ္စနဲ့ပတ်သက်လို့ တစုံတရာထုတ်ပြန်တာမရှိသေး။ - အာဆင်နယ် ၊ မန်ယူ ၊ မန်စီးတီး စတဲ့အသင်းတွေ အနိုင်ရတဲ့ ပရီးမီးယားလိဂ် ဘောလုံးပွဲတွေ အကြောင်း အပါအ၀င် တနင်္ဂနွေ မနက်ခင်း နောက်ဆုံးရ...
Published 01/01/23
စနေနေ့ မနက်ခင်း သတင်းများ ( ၃၁ ဒီဇင်ဘာ၊ ၂၀၂၂) ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ်ချမှတ်မှု အမေရိကန်နဲ့ အီးယူ ကန့်ကွက် ရှုတ်ချ။ မန္တလေးမှာ ကျူးကျော်နေအိမ်ဆိုပြီး နေအိမ်တွေ ဖျက်ခံရတဲ့သူတွေ ဘယ်လို နေထိုင်နေရလဲ။ မြိုင်မြို့နယ်က အိုးဘိုရွာ နှစ်ကြိမ် မီးရှို့ခံရ။ သမ္မတဟောင်းထရမ့် အခွန်ဆောင်ထားတဲ့ အထောက်အထား အမေရိကန် ကွန်ဂရက် ထုတ်ပြန်။ တရုတ်နဲ့ စစ်ရေးအရ ပိုမိုပူးပေါင်းဆောင်ရွက်ဖို့ ရုရှားသမ္မတပူတင်ပြော။ တရုတ်ရှန်ဟိုင်းက ဆေးရုံနှစ်ခုမှာ ကိုဗစ်လူနာအများစုပါဝင်တဲ့ လူနာနှစ်ဆ...
Published 12/31/22
သောကြာနေ့ မနက်ခင်း သတင်းများ ( ၃၀ ဒီဇင်ဘာ၊ ၂၀၂၂) အသက် ၈၂ နှစ် ဘရာဇီးလ် ဂန္တဝင် ဘောလုံးသမား ပီလီကွယ်လွန်။ စစ်ကောင်စီနဲ့ တိုင်းရင်းသား လက်နက်ကိုင် ၅ဖွဲ့တို့ နှစ်ရက်ကြာဆွေးနွေးခဲ့ပြီး ဘာသဘောတူညီမှုရလဲ။ စစ်တပ်နဲ့ တရုတ်အကြားက ဆက်ဆံရေး ဘယ်လို ပြောင်းလဲမှုတွေရှိနေလဲ။ အပစ်ရပ်ထားတဲ့ ရခိုင်ပြည်နယ်မှာ စီးပွားရေးလုပ်ငန်းတချို့ ပုံမှန်ပြန်လည် မပတ်နိုင် သေး။ အစ္စရေးသမိုင်းမှာ လက်ယာစွန်းအရောက်ဆုံး အစိုးရ ကျမ်းသစ္စာ ကျိန်ဆို။ ယူကရိန်း တိုက်လေယာဥ်ဖျက်ဒုံး ဘီလာရုစ်ထဲ ကျ။ သီရိလင်္ကာမှာ နိုင်ငံတကာ...
Published 12/29/22
အရှေ့အလယ်ပိုင်းမှာ သွားရောက်အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသားတွေအရေး စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာန ဆွေးနွေးနေ
Published 12/28/22
တိုက်ပွဲပြင်းထန်နေဆဲဖြစ်တဲ့ ကော့ကရိတ်တိုက်ပွဲ အခြေအနေနဲ့ ကုန်စည်ပို့ဆောင်ရေး
Published 12/28/22
- ရခိုင်မှာစစ်ကောင်စီနဲ့ AA တို့အလွတ်သဘောအပစ်ရပ်ပြီးနောက်ပိုင်း ကုန်းလမ်းရေလမ်းဖွင့်ပေးလိုက်လို့ ဖြစ်ပေါ်လာတဲ့ ကုန်စည်စီးဆင်းမှု အခြေအနေ - မြောက်ကိုရီးယားဘက်က ဒရုန်းတွေ နှစ်နိုင်ငံကြားစစ်မဲ့ဇုန်ထဲ တစ်ရက်အတွင်း ငါးစင်းပျံသန်းရောက်လာတယ်လို့ တောင်ကိုရီးယားပြော - ဘူတာကြီးမှာ ရထားအ၀င်အထွက်စာရင်းကောက်တဲ့အလုပ်ပေးမယ်ဆိုပြီး ငွေကောက်ခံတဲ့ လူလိမ်တွေ အမှု စုံစမ်းဖော်ထုတ်မယ်လို့ အိန္ဒိယရဲပြော - အာဆင်နယ် လစ်ဗာပူးလ် စတဲ့အသင်းတွေ အနိုင်ရပေမယ့် စပါးက ဘရန့်ဖို့နဲ့ သရေကျတဲ့ ပရီးမီးယားလိဂ် ဘောလုံးပွဲတွေ...
Published 12/27/22
နေအိမ်ခြံ၀န်းထဲ ပေါက်ကွဲသံကြောင့် NLDပါတီနဲ့ ဆက်နွယ်မှုရှိတဲ့ အမျိုးသားကိုရှာမတွေ့လို့ ဇနီးနဲ့သားကို လွန်ခဲ့တဲ့၇လက ဖမ်းသွားပြီး ပြီးခဲ့တဲ့ရက်ပိုင်းက ထောင်၇နှစ်ချ ရှမ်းပြည်နယ် မြောက်ပိုင်း မုံးပေါ် မှာ စစ်ကောင်စီတပ်နဲ့မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)တို့ တိုက်ပွဲတွေကြောင့် စစ်ရှောင်သူတွေတိုးလာ - ပင်လယ်ထဲ တစ်လလောက်မျောနေတဲ့ ရိုဟင်ဂျာစစ်ရှောင် ၆၀နီးပါးပါတဲ့ သစ်သားလှေတစ်စင်း အင်ဒိုနီးရှားက အာချေးဆိပ်ကမ်းကို ဆိုက်ကပ် - ပရီးမီးယားလိဂ် ပွဲစဥ်၇ခု ကန်ဖို့ ရှိတဲ့ အကြောင်း အပါအ၀င်...
Published 12/26/22
မြန်မာ့အရေးအပေါ် လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်နဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ တုန့်ပြန်မှုဟာ သူတို့က လူဆိုးမဟုတ်ဘဲ NUG နဲ့ PDF တွေကသာ အကြမ်းဖက်သမားဖြစ်တဲ့ ပုံစံမျိုးလုပ်ထားတာသာဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူပြော - အာဖဂန်နစ္စတန်မှာ အမျိုးသမီးတွေ NGO အရပ်ဖက်အဖွဲ့အစည်းတွေမှာ အလုပ်လုပ်ခွင့် တာလီဘန်ပိတ်ပင် - အမျိုးသမီးတွေတက္ကသိုလ်တတ်ခွင့်မရှိဆိုတဲ့တားမြစ်ချက်အပေါ် ဆန့်ကျင်ဆန္ဒပြသူတွေ မီးသတ်ပိုက်နဲ့ လူစုခွဲခံရ - နယူးယောက်ပြည်နယ်မှာ ခရစ်စမတ်ကာလ နှင်းကျ ၊ လေထန် ၊ ရေကြီးလို့ အိမ်ပြင်မထွက်ဖို့...
Published 12/25/22
စနေနေ့ မနက်ခင်း သတင်းများ (၂၄ ဒီဇင်ဘာ၊ ၂၀၂၂) အမျိုးသားကာကွယ်ရေးလုပ်ပိုင်ခွင့်အက်ဥပဒေ (NDAA)ကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် လက်မှတ်ထိုး ကယားပြည်နယ် ဖရူဆိုမှာစစ်ရှောင် ၃၅ဦး အသတ်ခံရတာ တနှစ်ပြည့်ချိန်မှာ အမှုမှန်ပေါ်ပေါက်ရေး ဘာတွေ လုပ်ဆောင်နေလဲ။ မြန်မာ့အရေးနဲ့ပတ်သက်လို့ တရုတ်ရဲ့ ရပ်တည်ချက် ပြောင်းလာလား။ တလကြာစက်လှေနဲ့ မျှောနေတဲ့ ရိုဟင်ဂျာနှစ်ရာကို ကူဖို့ပျက်ကွက်ခဲ့တဲ့ ကပ္ပလီပင်လယ်နဲ့ဆက်စပ်နေတဲ့ တောင်အာရှနိုင်ငံတွေကို ကုလဝေဖန်။ ပြင်သစ် ပဲရစ်မြို့မှာ သေနတ်သမားတဦးရဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့်...
Published 12/24/22
သောကြာနေ့ မနက်ခင်း သတင်းများ (၂၃ ဒီဇင်ဘာ၊ ၂၀၂၂) လုံခြုံရေးကောင်စီရဲ့ မြန်မာ့အရေး ဆုံးဖြတ်ချက်အပေါ် မြန်မာ့အရေး လှုပ်ရှားသူတွေ ဘာကြောင့် ဝေဖန်နေကြတာလဲ။ ကိုဗစ်နဲ့အာဏာသိမ်းမှုကြောင့် မူလ လစာမဟုတ်ဘဲ လျော့ပေးထားတဲ့လစာနဲ့ အလုပ်ရပ်တဲ့အခါ လျှော်ကြေးပေးလို့ အလုပ်သမားတွေ ဘယ်လိုနစ်နာလဲ။ အမေရိကန်အပြန် ပိုလန်မှာ တထောက်နားခဲ့တဲ့ ယူကရိန်းသမ္မတ ဇလန်စကီး။ နိုင်ငံတကာလေဆိပ်ရောက် ခရီးသွားတွေကို အလျင်းသင့်သလို အိန္ဒိယက ကိုဗစ်စစ်။ အမျိုးသမီးတွေတက္ကသိုလ်တက်ခွင့် တာလီဘန်တွေ ရပ်လိုက်တဲ့အပေါ်...
Published 12/23/22
ကြာသပတေးနေ့ မနက်ခင်း သတင်းများ (၂၂ ဒီဇင်ဘာ၊ ၂၀၂၂) မြန်မာနဲ့ပတ်သက်တဲ့ဆုံးဖြတ်ချက်မူကြမ်း ကုလလုံခြုံရေးကောင်စီ အတည်ပြု။ ၂၀၂၃ ခုနှစ်မှာ စစ်ရေးနိုင်ငံရေး အချိုးအကွေ့ဖြစ်လာနိုင်တယ်ဆိုတဲ့ အန်ယူဂျီ ယာယီသမ္မတ ပြောဆိုချက် ဘာအဓိပ္ပာယ်ကို ဆောင်ပါသလဲ။ တန့်ဆည်မြိုနယ်ထဲက ရွှေလံနဲ့ ငတန်းရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မီးရှို့လို့ ဒေသခံတွေပြော။ မန္တလေးတိုင်းဝန်ကြီးချုပ်အမှုတွေကို လိုက်ပေးတဲ့ ရှေ့နေ ဦးတင်ဝင်းအောင်ကို ထောင် ၁၀နှစ် အမိန့်ချ။ ရခိုင်ပြည်နယ်ဘူးသီးတောင်မှာ ဆင်နင်းလို့...
Published 12/22/22
- ယူကရိန်းသမ္မတက ရှေ့တန်းစစ်မျက်နှာသွားပြီး တပ်ဖွဲ့၀င်တွေကို ဂုဏ်ပြုဆုချီးမြှင့် စိတ်ဓါတ်မြှင့်တင် ပေးခဲ့သလို ရုရှားသမ္မတ ပူတင်ကလည်း ရုရှားဘက်ယိမ်းတဲ့ ဒေသန္တခေါင်းဆောင်တွေကို ရုရှားအစိုးရပေးတဲ့ဘွဲ့တံဆိပ်ချီးမြှင့် - နိုင်ဂျီးရီးယားမှာ လိင်တူချစ်သူမင်္ဂလာပွဲကို ရဲက ၀င်ရောက်စီးနင်းပြီးပွဲလာသူတွေကိုဖမ်း ၊ မင်္ဂလာစုံတွဲ ကတော့ ထွက်ပြေးလွတ်မြောက် - ပါကစ္စတန်တာလီဘန်တွေ စီးနင်းပြီး ဓါးစာတွေခံဖမ်းသွားတဲ့ ရဲစခန်းကို စစ်တပ်ကပြန်သိမ်းပြီး ဓါးစာခံဖမ်းတဲ့ စစ်သွေးကြွ ၃၃လုံးကို ပစ်သတ် - အာဖဂန်နစ္စတန်မှာ...
Published 12/21/22
- ပခုက္ကူမှာလူငယ်တွေဖမ်းဆီးခံရမှုဆက်တိုက်ရှိလာပြီး အမျိုးသမီးတွေ၀တ်စားဆင်ယဥ်မှုကအစ သနပ်ခါး ပါးကွက်တာ အထိ စစ်ဆေးအရေးယူကာ ရဲစခန်းထဲ ထိုင်ထလုပ်ခိုင်းတာမျိုးတွေရှိလာ - တွတ်တာပိုင်ရှင် အီလွန်မာ့စခ် ကုမ္ပဏီအမှုဆောင်အရာရှိချုပ် အဖြစ်ကနုတ်ထွက်သင့်သလား ဆိုတဲ့ စစ်တမ်းကောက်ယူရမှာ တွတ်တာသုံးစွဲသူ ထက်၀င်ကျော်က အဆိုကို ထောက်ခံခဲ့ကြတဲ့ အကြောင်း အပါအ၀င် အင်္ဂါ မနက်ခင်း နောက်ဆုံးရ မြန်မာနဲ့ နိုင်ငံတကာ သတင်းတွေကို ဘီဘီစီမြန်မာပိုင်းရဲ့ ပေါ့ဒ်ကတ်စ်၊ ဝက်ဘ်ဆိုက်၊ ဖေ့စ်ဘုတ်နဲ့ ယူကျုတို့မှာ...
Published 12/20/22
-ဒီပဲယင်းဘက်မှာ အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၂ ဒီဇင်ဘာ မတိုင်ခင်အထိ မီးရှို့ခံခဲ့ရတဲ့ နေအိမ်အရေအတွက်ထက် ခုဒီဇင်ဘာလဆန်း သီတင်း၂ပတ်အတွင်း မီးရှို့ခံရတဲ့ အိမ်အရေအတွက်က ပိုများနေ - ကယားမှာ WFPက၀ေတဲ့ဆန်တွေကို စစ်ကောင်စီခန့်ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကတဆင့် ရတာကြောင့် စျေးကွက် ထဲ ပြန်ရောင်းတာ ၊ စစ်တပ်နဲ့ပတ်သက်သူတွေလက်ထဲရောက်တာတွေ ရှိနေတယ်လို့ အရပ်ဖက်အဖွဲ့က ပြော - တောင်အာဖရိကမှာ လာဘ်စားမှုကြောင့် ရာထူးက ဆင်းပေးခဲ့ရတဲ့ ကျန်းမာရေး၀န်ကြီးဟောင်း နဲ့ နေအိမ်ဆိုဖာ အောက်မှာ ဒေါ်လာသန်းချီဖွက်ထားတဲ့...
Published 12/19/22
- အီရန်မှာ ဆန္ဒပြသူကိုကြိုးပေးကွပ်မျက်တဲ့အပေါ်ဆန့်ကျင်ကြောင်း အွန်လိုင်းပို့စ်တင်ပြီးနောက် နာမယ်အကြီးဆုံး မင်းသမီး ဖမ်းဆီးထိန်းသိမ်းခံရ - ပီရူး လက်ရှိ သမ္မတ က သူရာထူးက နုတ်ထွက်ပေးမှာ မဟုတ်ဘူးလို့ ပြောလိုက်ပြီး ဒီလိုနုတ်ထွက်ပေးရုံနဲ့ အရင် သမ္မတကို ရာထူးကဖယ်ရှားမှုကြောင့် ဖြစ်လာတဲ့ နိုင်ငံရေးအကြပ်အတည်း ပြေလည်သွားမှာ မဟုတ်ဘူးလို့ပြော - ဂျာမနီက ငါးပြတိုက်ပေါက်ကွဲမှုနဲ့ပတ်သက်လို့ သံသယရှိသူကို ရှာဖွေတာမျိုး မရှိဘူးလို့ဘာလင်ရဲပြော - သြစတြေးလျနိုင်ငံ မဲလ်ဘန်းမြို့မှာ တမြို့ထဲသား နှစ်သင်းကန်ရာမှာ...
Published 12/18/22
စနေနေ့ မနက်ခင်း သတင်းများ (၁၇ ဒီဇင်ဘာ၊ ၂၀၂၂) လေယာဥ်သစ်တွေ ထုတ်ပြလာတဲ့ မြန်မာစစ်တပ်ရဲ့ လေကြောင်း စစ်ဆင်ရေး အခြေအနေဘယ်လိုရှိလဲ။ ခင်ဦးမြို့နယ်ယာတော်ရွာခံတွေ ဘာကြောင့် မူးဝေ့အော့အန်ကြတာလဲ။ ကရင်နီပြည်နယ်ဘက်က တိုက်ပွဲအခြေအနေ။ ရုရှားရဲ့ ဒုံးကျည်နဲ့ တိုက်ခိုက်မှုကြောင့် လျှပ်စစ်မီးနဲ့ ရေပေးဝေတာ ပျက်စီးလို့ ယူကရိန်း ထုတ်ပြန်။ အီလွန်မတ်စ်အကြောင်းရေးသားတဲ့ သတင်းထောက် တွေရဲ့ တွစ်တာ အကောင့်တွေကို ပိတ်လိုက်တဲ့အပေါ် ကုလသမဂ္ဂနဲ့ ဥရောပသမဂ္ဂဝေဖန်။ ကမ္ဘာမျက်နှာပြင်မှာရှိတဲ့ ရေတွေကို အာကာသထဲကနေ လေ့လာ...
Published 12/17/22