ဆိုက်ဘာတိုက်ခိုက်မှုခံခဲ့ရတဲ့ မန်ချက်စတာယူနိုက်တက်၊ Amazon Web Services ပြတ်တောက်မှု ဖြစ်ပွား၊ 4G ကွန်
Description
မန်ချက်စတာယူနိုက်တက် ဘောလုံးအသင်းဟာ ဆိုက်ဘာတိုက်ခိုက်မှုခံရပြီး တစ်ပတ်အကြာမှာ ကွန်ပျူတာ စနစ်အားလုံးကို ပုံမှန်အတိုင်းအပြည့်အဝ မလည်ပတ်နိုင်သေးတဲ့အကြောင်း၊ Amazon Web Services (AWS) ဟာ ဒေသများစွာအတွင်းတစ်ခုမှာ ပြတ်တောက်မှုကြောင့် အင်တာနက်ဝန်ဆောင်မှုများစွာ အသုံးပြုလို့မရတဲ့ အကြောင်း၊ 4G ကွန်ရက်ထက်နှစ်ဆမြန်ဆန်ပြီး မြန်နှုန်းအနေဖြင့် 600 Mbps အထိပံ့ပိုးပေးနိုင်မယ့် 4.5G ကွန်ရက်အဖြစ် တယ်လီနောမြန်မာမှ အဆင့်မြှင့်တင်လိုက်တဲ့အကြောင်း စတဲ့ပြည်တွင်း၊ ပြည်ပ နည်းပညာသတင်းတွေကို အင်တာနက်ဂျာနယ် တစ်နေ့တာ သတင်းအသံလွှင့်အစီ အစဉ်ရဲ့ ဒီနေ့အတွက်အပိုင်းသစ်မှာ တင်ဆက်ပေးထားပါတယ်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ဟာ ဖက်ဒရယ်အစိုးရ ဓာတ်ဆီစွမ်းအင်သုံးကားတွေ ဖယ်ရှားဖို့ဆောင်ရွက်နေပြီး လျှပ်စစ်ကားတွေအစားထိုးသွားမယ်ဆိုတဲ့အကြောင်း၊ Samsung အနေနဲ့ ဈေးနှုန်းကို အနည်းငယ် လျှော့ချခဲ့ပေမယ့် ရောင်းအားမြှင့်တင်ဖို့ မကြိုးစားဘူးလို့ သတင်းထွက်နေပြီး ၂၀၂၁ အတွင်း Galaxy S21 စီးရီး ထုတ်ကုန်တွေ ၂၆...
Published 01/31/21
Apple ဟာ အခုအပတ်အတွင်း iPhone အသစ်ဖြစ်တဲ့ iPhone 12 နဲ့ ၂၀၂၀ ထုတ် iPhone တွေချိတ်ဆက်ထားတဲ့ MagSafe သံလိုက်အားသွင်းစနစ်ထုတ်ကုန်တို့ကို နှလုံးခုန်စက် ဒါမှမဟုတ် ခွဲစိတ်ကုသထည့်သွင်းရတဲ့ နှလုံးခုန်စက် (ICD) အနားမှာထားရင် အန္တရာယ်ရှိကြောင်းသတိပေးထားတဲ့အကြောင်း၊ Facebook သုံးစွဲ သူတွေရဲ့ ဖုန်းနံပါတ်...
Published 01/28/21