ဇန်နဝါရီလမှာ Samsung မိတ်ဆက်မယ့် Exynos 2100 ချစ်ပ်၊ Cyberpunk 2077 ဂိမ်း save ဖိုင်ကြီးပါကပျက်စီးနိုင်၊ တက္ကသိုလ်
Description
Samsung ဟာ Galaxy S21 ဖုန်းတွေမှာ ပါဝင်လာမယ့် ကိုယ်ပိုင်ထုတ်ချစ်ပ် Exynos 2100 ကိုတော့ ဇန်နဝါရီ ၁၂ ရက်မှာ မိတ်ဆက်ဆိုတဲ့အကြောင်း၊ Cyberpunk 2077 ဂိမ်းရဲ့ save က သတ်မှတ်ဖိုင်ဆိုဒ်တစ်ခု ကျော်လွန် ရင်ဖိုင်ပျက်စီးသွားတယ်လို့ ကစားသူတချို့ပြောတဲ့အကြောင်း၊ တက္ကသိုလ်နဲ့ ကျောင်းတွေမှာ မှတ်ပုံတင်ခြင်း၊ ငွေသွင်းခြင်း၊ အောင်လက်မှတ်ထုတ်ခြင်းတို့ အတွက် ဒီဂျစ်တယ်/အွန်လိုင်းစနစ်နဲ့ ဒီဂျစ်တယ်ဘဏ်စနစ် တို့ကို အားပေးဖြည့်ဆည်းရန်လိုအပ်တဲ့အကြောင်း စတဲ့ ပြည်တွင်း၊ ပြည်ပ နည်းပညာသတင်းတွေကို အင်တာနက်ဂျာနယ် တစ်နေ့တာသတင်း အသံလွှင့်အစီအစဉ်ရဲ့ဒီနေ့အတွက်အပိုင်း သစ်မှာ တင်ဆက်ပေးထားပါတယ်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ဟာ ဖက်ဒရယ်အစိုးရ ဓာတ်ဆီစွမ်းအင်သုံးကားတွေ ဖယ်ရှားဖို့ဆောင်ရွက်နေပြီး လျှပ်စစ်ကားတွေအစားထိုးသွားမယ်ဆိုတဲ့အကြောင်း၊ Samsung အနေနဲ့ ဈေးနှုန်းကို အနည်းငယ် လျှော့ချခဲ့ပေမယ့် ရောင်းအားမြှင့်တင်ဖို့ မကြိုးစားဘူးလို့ သတင်းထွက်နေပြီး ၂၀၂၁ အတွင်း Galaxy S21 စီးရီး ထုတ်ကုန်တွေ ၂၆...
Published 01/31/21
Apple ဟာ အခုအပတ်အတွင်း iPhone အသစ်ဖြစ်တဲ့ iPhone 12 နဲ့ ၂၀၂၀ ထုတ် iPhone တွေချိတ်ဆက်ထားတဲ့ MagSafe သံလိုက်အားသွင်းစနစ်ထုတ်ကုန်တို့ကို နှလုံးခုန်စက် ဒါမှမဟုတ် ခွဲစိတ်ကုသထည့်သွင်းရတဲ့ နှလုံးခုန်စက် (ICD) အနားမှာထားရင် အန္တရာယ်ရှိကြောင်းသတိပေးထားတဲ့အကြောင်း၊ Facebook သုံးစွဲ သူတွေရဲ့ ဖုန်းနံပါတ်...
Published 01/28/21