Description
လူသားတိုင်း အကောင်းအဆိုး အနည်းနှင့်အများ ဒွန်တွဲနေကြသည်။ ထိုလူသားများ စုဝေးကြသော အဖွဲ့အစည်းတိုင်းတွင် အားနည်းချက် အားသာချက်တို့ရှိကြသည်မှာ မထူးဆန်းတော့။ အားသာချက်ကို ပံ့ပိုးရန်နှင့် အားနည်းချက်ကို ဖာထေးရန် စည်းမျည်း စည်းကမ်းများဖြင့် အဖွဲ့အစည်းများကို ထိန်းချုပ်လာကြသည်။ သို့သော် ဦးဆောင်သူများ စည်းမျည်းဆွဲကြသူများက အဖွဲ့အစည်းအတွက်မဟုတ်ဘဲ မိမိကိုယ်ကျိုးဖက်လာသည့်အခါ အများအတွက်လူ့ပတ်၀န်းကျင်အတွက် ထိခိုက်သော အဖွဲ့အစည်းဖြစ်လာတော့သည်။
ကိုသန့်၏ဘ၀က ရိုးရှင်းသည်။ မိဘအသိုင်းအဝိုင်းကား စစ်တပ်အသိုင်းအဝိုင်းဖြစ်သည့်အပြင် ကိုယ်တိုင်ကလည်း အေးအေးချမ်းချမ်းနေချင်သည်။ ထို့ကြောင့် မိဘအလိုကျ စစ်သားတစ်ယောက်ဖြစ်လာခဲ့သည်။ သင်တန်းကာလကို ခက်ခက်ခဲခဲ ဖြတ်သန်းရင်း နေရာတစ်ခုရလာခဲ့သည်။ သို့သော် ဖိနိုပ်မှုကား မလွတ်။ အကြောင်းပြချက်မျိုးစုံဖြင့် လစာဖြတ်ခံရသည်။ ၀န်ထမ်းတစ်ဦးထက်ပိုသော တာ၀န်များဖြင့် စိတ်ကျဉ်းကျပ်စွာ ဖြတ်သန်းရင်း ဘ၀ပင် အသားကျသလို ဖြစ်ခဲ့သည်။ ဘယ်လိုပဲ ဖြစ်ဖြစ် နေပျော်အောင်ကြိုးစားသည်။ ခက်ခဲမှုများသည် ကိုသန့်အတွက် ပုံမှန် ဖြစ်ရိုးဖြစ်စဉ်တခုလို ဖြစ်လာခဲ့သည်။
မိမိ၏စစ်တပ်မှ အာဏာစသိမ်းချိန်တွင် တပ်တွင်းမှာ အာဏာသိမ်းမှန်းမသိကြပေ။ သို့သော် ဆန္ဒပြပွဲများ တော်လျှောက်ဖြစ်လာပြီး ပြည်သူများ လမ်းမပေါ်ရောက်လာချိန်တွင် အာဏာသိမ်းမှုဖြစ်မှန်း သေချာသိခဲ့ရသည်။ သို့သော် သေချာသော ဆုံးဖြတ်ကား မရှိသေး။ အခြေအနေကို စောင့်ကြည့်ရင်း မိမိစစ်တပ်၏ မျက်နှာဖုံးကွာကျလာသည်ကို မျက်ဝါးထင်ထင် မြင်လာခဲ့သည်။ ဆန္ဒပြပွဲများအတွင်းတွင် သူငယ်ချင်းတစ်ယောက်က သူနှင့် မျက်နှာချင်းဆိုင်တွေ့ချိန်တွင် အမိန့်ကြောင့် ပစ်ရခတ်ရမည်ဆိုလျှင် ဘာလ