Episodes
မျိုးစေ့ပညာကို တစိုက်မတ်မတ် လေ့လာခုံမင်တတ်သော သူမ။ ပြည်သူ့အစိုးရလက်ထက်တွင် မိမိကျွမ်းကျင်ရာဖြင့် နိုင်ငံ့၀န်ထမ်းအဖြစ် တာ၀န်ယူခဲ့သည်။ သူမသတိမထားမိခဲ့သည်ကား မျိုးစေ့နှင့်ပတ်သတ်လျှင် ချဉ်ပေါင် ကန်စွန်းလောက် ဗဟုသုတဖြင့် ပညာရှင်များကို အမိန့်ပေးမည့် မိုးကျရွှေကိုယ် တဖြစ်လဲ စစ်အရာရှိဟောင်း အထက်လူကြီးများကိုပင် ဖြစ်သည်။ ကဏ္ဍပေါင်းစုံကို အုပ်ချုပ်နိုင်သည်ဟူသော ကလေးအတွေးဖြင့် နေရာယူခဲ့ကြသည့် စစ်တန်းလျားပြန်များကြောင့် ကဏ္ဍပေါင်းစုံများစွာ ဆုတ်ယုတ်ခဲ့ရသည်။ နိုင်ငံအ‌တော်များများကို...
Published 01/10/24
သူမကို ခင်မင်သူတွေက မသော် ဟု ခေါ်ကြသည်။ သူမ၏ဘ၀သည် အာဏာမသိမ်းခင်က ရိုးရှင်းသည်။ ဘာသာပြန်၊ အင်္ဂလိပ်စာဆရာမအဖြစ် Professional ကျကျ လုပ်ကိုင်သူ၊ သူမ၏ကလေးတွေအတွက် မအားမလပ်သည့်ကြားက အချိန်ပေးတတ်သူ၊ ဘ၀ကို ခေတ်မီမီ ဖြတ်သန်းနေသော မိခင်ကောင်း၊ အမျိုးသမီးကောင်း တစ်ဦးဖြစ်သော သူမ။ စစ်အာဏာသိမ်းမှု စတင်ချိန်တွင် သူမ၏ဘ၀တွေ ဇောက်ထိုးမိုးမျှော် ဖြစ်တော့သည်။ စစ်အာဏာသိမ်းမှု၏ နောက်ဆက်တွဲပြဿနာများကို သူမ ကောင်းကောင်းနားလည်ထားသည်။ ထို့ကြောင့် ဆန္ဒပြပွဲများကို အားသွန်ခွန်စိုက်ပါ၀င်ရင်း သူမ...
Published 11/25/23
လူငယ်လုပ်ငန်းရှင်တစ်ယောက် ဖြစ်လာဖို့ စိတ်အားထက်သန်သူ၊ အင်ဂျင်နီယာတစ်ယောက်အနေနဲ့ အသက်မွေးရင်း မြို့နယ်တိုင်းမှာ အားကစားရုံဖွင့်ချင်သူတစ်ယောက်၊ အိပ်မက်တွေကို အကောင်အထည်ဖေါ်ရင်း စစ်အုပ်စု၏ မတော်လောဘကြောင့် အကုန်ပျက်စီးသွားရသော ပြည်သူထဲက လူငယ်တစ်ဦး။ သူ့အိပ်မက်တွေအကောင်အထည်ဖော်နေသော်လည်း အာဏာသိမ်းမှုဖြစ်လာသည့်အချိန်တွင် တုံ့ဆိုင်းမနေ။ ရသည့်နည်းဖြင့် ဆန္ဒပြသည်။ သို့သော် စစ်ကောင်စီက အလွတ်မပေး၊ အင်းစိန်ထောင်နန်း စံရတော့သည်။ ထောင်တွင်းနေ့ရက်တွေကို စိတ်အားမငယ်၊ ပညာပင် ရသေးသည်ဟု သူဆိုသည်။ ငါးလကြာ၊...
Published 09/06/23
LGBT အခွင့်အရေးအတွက် တက်ကြွလှုပ်ရှားသူ။ သူမ ပေးတဲ့ သင်တန်းတွေကနေ တဆင့် မိမိကိုယ်မိမိ လက်ခံသွားနိုင်တဲ့သူတွေ၊ ကိုယ့်ဘ၀ကိုယ် ယုံကြည်တတ်သွားသူတွေ မနည်း။ သူ့အမည်ကား ပိုင်။ အမျိုးသမီးချင်း စိတ်၀င်စားသူတစ်ယောက်အဖြစ် မိမိကိုယ် မိမိ လက်ခံခဲ့သူ၊ ခန္ဓာကိုယ်အောက်ပိုင်း ဆုံးရှုံးလုနီးပါးအထိ ဆန္ဒပြခဲ့သူ၊ ပုံမှန်လမ်းပြန်လျှောက်ဖို့ တစ်နှစ်ကျော်ကြာ ကြိုးစားခဲ့ရသူ အခက်အခဲများစွာကို မေတ္တာဖြင့် ကျော်ဖြတ်ခဲ့သူတစ်ယောက်၏ ဘ၀အကြောင်း။ တော်လှန်ရေးအပေါ် မျှော်လင့်ချက်ကြီးသော လူငယ်တစ်ယောက်ဖြစ်သည့်အပြင် ပြည်သူ...
Published 07/24/23
၂၀၀၇ ဩဂုတ်၊ စက်တင်ဘာ လများတွင် ဖြစ်ပွားခဲ့သော ရွှေဝါရောင်တော်လှန်ရေး၏ ခေါင်းဆောင်တစ်ဦးဖြစ်ခဲ့သော ဥူးဂမ်ဘီရ။ ငယ်ရွယ်စဉ်ကတည်းက စစ်အာဏာရှင်၏ ဆ်ိုးသွမ်းရက်စက်မှုကို စာအုပ်စာပေမှတဆင့် ကိုယ်တွေ့ကြုံရပြီး ရဟန်းဘ၀မှစ၍ စစ်အာဏာရှင်ဆန့်ကျင်ရေး မြေအောက်တော်လှန်ရေးကို ဦးဆောင်ခဲ့သူ။ ဘာသာ သာသနာကို ခုတုံးလုပ်တတ်သော စစ်အာဏာရှင်၏ ကြောင်သူတော်မျက်နှာဖုံးကို ခွါချပေးနိုင်ခဲ့သောသူ။ ပြည်သူလူထု၏ အခက်အခဲနှင့် ဆင်းရဲမွဲတေမှု မြစ်ဖျားခံရာသည် စစ်အာဏာရှင်စနစ်ဖြစ်သည်ကို ပိုမိုထင်ရှားအောင် ထောက်ပြပေးနိုင်ခဲ့သော...
Published 06/02/23
ကိုဗစ်တာ၊ LGBT ဆရာ၀န်တ‌စ်ယောက်၊ နွေဦးတော်လှန်ရေးကို ဘ၀နဲ့ရင်း ခေါင်းတိုး၀င်ခဲ့သူ။ နိုင်ရာ၀န်ထမ်းရုံသာမက မနိုင်၀န်ကိုပါ တော်လှန်ရေးအတွက် ထမ်းပေးသူ။ မိဘပတ်၀န်းကျင်ရဲ့ ဖိနိုပ်ရှုတ်ချမှုတွေကြားက ဘ၀ရပ်တည်ချက်ကို ရဲရဲရင့်ရင့် ဖွင့်ဟ၍ ရှေ့ဆက်ရဲသူ။ တော်လှန်ရေးဆိုသည်မှာ ကိုဗစ်တာနဲ့ မစိမ်း။ ငယ်ငယ်ကတည်းက တော်လှန်ခြင်းနှင့် ရင်းနီးခဲ့ရပြီး ရပ်တည်ချက်ခိုင်မာသူ။ ထိုသို့သော ဆရာ၀န်တစ်ယောက်၏ တော်လှန်ရေးခရီးကြမ်းကား မချော။ ဆေးရုံက လှည့်မကြည့်၊ Blacklist အသွင်းခံရသော်လည်း သူမမှု။ ရသမျှအားနှင့် ရှေ့ဆက်သည်။ ...
Published 05/11/23
ကိုကျော်၊ အင်ဂျင်နီယာ၊ သိပ်သဘောကောင်း၊ လူချစ်လူခင်ပေါတဲ့သူ။ အာဏာစသိမ်းပါပြီဆိုကတည်းက ဆန္ဒပြသူ။ အစောဆုံးစစ်သင်တန်းတက်သူ။ နွေဦးတော်လှန်ရေးကို ကျရာနေရာကနေ သူထမ်းသည်။ ကျတော် မထင်ထားသည်ကိုပင် သူလုပ်သည်။ နောက်ဆုံး အဆင်မပြေဖြစ်သည့်ကြားမှ ရသမျှရှေ့ဆက်ရင်း နောက်ဆုံး လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွတ်ရသည်။ သို့သော် သူရသမျှ အိမ်နှင့်အတိုက်အခံလုပ်ကာ ရှေ့သို့ပို့သည်။ ရှာသမျှ မလောက်၊ စိတ်၀င်တစား မေးမိသည်။ သူ့အဖြေကား မိမိအနာဂါတ်အပါအ၀င် အနာဂါတ်ပေါင်း များစွာအတွက် ရင်းနှီးမြုပ်နှံမှုလုပ်သည်ဟု ဆိုသည်။...
Published 03/18/23
ဆရာဇင်ဇေလွင်၏ ကြယ်ငါးကောက်သူနှင့်ကြယ်ကြွေနိုင်ငံ ပထမပိုင်းကို နားဆင်ပြီး ဒုတိယပိုင်းအတွက် စောင့်မျှော်နေမည်ကို ယုံကြည်ပါတယ်။ Podcast ရဲ့ အနှစ်သာရဖြစ်တဲ့ နားဆင်ရင်း တွေးခေါ်နိုင်မယ့် အကြောင်းအရာတော်တော်များများကို ဆွေးနွေးပြောပြသွားတဲ့ podcast တစ်ခုလည်း ဖြစ်တာကြောင့် ပေါ့ပေါ့ပါးပါးနားဆင်ရင်း လေးလေးနက်နက်တွေးစရာတွေ လုပ်စရာတွေ မြင်လာမယ်လို့ ယုံကြည်ပါတယ်။ ကျတော်တို့နိုင်ငံမှာ ဆရာဇင်ဇေလွင်လို ကြယ်ငါးကောက်သူတွေ ရှိခဲ့ပါတယ်။ ယခုကာလမှာဆိုရင် ပိုလို့တောင် များပါသေးတယ်။ အဲ့လို လူတွေဟာ အခုဆို...
Published 02/16/23
ဆရာဇင်ဇေလွင်၊ မှန်တယ်ထင်ရင် လူတိုင်းကို သူတင်ကိုယ်တင် ပြောတတ်သူ၊ စာပေကို မြတ်နိုးပြီး မိမိကြိုးစားမှုဖြင့် မိမိဘ၀ကို ပြုပြင်ပြောင်းမနိုင်သည်ဟု ယုံကြည်တတ်သူ၊ ပညာကို လေးစားပြီး ပညာဖြင့် အသက်မွေး၀မ်းကြောင်းပြုရင်း နာမည်တစ်လုံးဖြင့် ရပ်တည်နိုင်သူတဦး။ ဆရာဇင်ဇေလွင်ဟာ တချိန်က စစ်ကောင်စီကို ဆွေးနွေးညှိုနှိုင်းပြီး တရားမ၀င် အာဏာသိမ်းမှုကို အဆုံးသတ်နိုင်သည်ဟု ယုံကြည်ဖူးသည်။ ကိုယ့်ဘ၀ကိုယ် ပြောင်းလဲနိုင်စွမ်းသည် အစိုးရတွင် မရှိဘဲ မိမိကိုယ်တိုင်တွင်သာ ရှိသည်ဟု လက်ခံပြီး ဘ၀ကို ရုန်းကန်တည်ဆောက်ခဲ့သူမို့...
Published 01/29/23
သူအမည်ကား ကိုနစ်ကီ။ ဂီတကို မြတ်နိုးသူ၊ အင်ဂျင်နီယာတစ်ယောက်။ ဘ၀ကို ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းတတ်သူ။ သို့သော် သူဘ၀ကို အလှည့်အပြောင်းဖြစ်စေသည်ကား စစ်အာဏာသိမ်းမှုပင်။ မကြုံဖူးတာတွေကြုံရ ကြားရသည့်အခါ သူအံ့ဩရသည်။ ဘ၀မှာ မကြုံဖူး မကြားဖူးသည်များကို မျက်ဝါးထင်ထင်တွေရချိန်တွင် အရင်ဆုံး ကိုယ်ချင်းစာမိသည်ကား တိုင်းရင်းသားများ။ ဘ၀ကို ခပ်ပေါ့ပေါ့ဖြတ်သန်းခဲ့သည်မဟုတ်သော်လည်း ပေါ့ပေါ့ပါးပါးနေတတ်ခဲ့သော သူကိုယ်သူရှက်တတ်ပြီ။ ကိုနစ်ကီ စစ်သင်တန်းတက်သည်။ စစ်လက်နက်တပ်ဆင်ရေးလုပ်သည်။ နည်းပညာသမားပီပီ...
Published 01/17/23
ကိုထက်၊ စက်မှုအင်ဂျင်နီယာ ဘွဲ့ရတစ်ယောက်။ ထိုဘွဲ့ကို လွယ်လွယ်နဲ့ ရသည်မဟုတ်။ ကျန်းမာရေးမကောင်းတဲ့ အဖေ ကားထွက်ပြီး အမကြီး အလုပ်လုပ်၊ အမေက ချွေချွေတာတာဖြင့် ပံ့ပိုးပြီး သူရခဲ့သော အင်ဂျင်နီယာဘွဲ့။ နည်းပညာကို စိတ်၀င်စားပြီး စာဖတ်ခြင်းနဲ့ ဂီတကို ခုံမင်သော ကိုထက်။ ဦးသိန်းစိန်၊ အမေစု ဒီမိုကရေစီ အစိုးရလက်ထက်များတွင် ၀င်ရောက်လာသော နိုင်ငံခြား telecom company တခုတွင် မဆိုးလှသော လစာနှင့် လုပ်ငန်းအတွေ့အကြုံရသည်။ သို့သော် သူအိပ်မက်တွေ ကြာကြာမက်ခွင့်မရှိ။ COVID နှင့် အာဏာသိမ်းမှုက အကုန် ဖျက်ဆီးသွားသည်။...
Published 12/24/22
သူမအမည်ကား ငြိမ်း။ အမည်နာမက ငြိမ်းဆိုပေမယ့် သူမကား တဇွတ်ထိုးသမား။ ဖြစ်ချင်တာကို ဖြစ်အောင်လုပ်တတ်သူ၊ ရည်ရွယ်ချက်ကို လက်မလျော့တတ်သူ။ သူမ၏ စိတ်ပိုင်းဖြတ်မှုဖြင့် မိဘပြောသော ဆရာ၀န် အင်ဂျင်နီယာဆိုသော ဘ၀တွေကို မျက်ကွယ်ပြုပြီး photo Journalist ဘ၀ထဲကို ခုန်၀င်ခဲ့သည်။ သူမ ဘ၀ကို ပုံမှန်ဖြတ်သန်းနေရသော်လည်း သူမခုံမင်သည်။ မငြိမ်း မမြင်သည်ကား သူမကို စောင့်ကြိုနေသော ဘ၀လှည့်ကွက်များ သမိုင်းဓာတ်ပုံများ။ သူမပြောပြသည်ကား " ကျမကိုယ်ကျမ စစ်ထဲမှာ သတင်းယူရသလို ဓာတ်ပုံတွေရိုက်ရလိမ့်မယ်လို့ အိပ်မက်တောင်...
Published 12/23/22
ကိုဒေးဗစ်၏ မွေးရပ်မြေကား ချင်းပြည်နယ်။ အလွန်လှသော ပတ်၀န်းကျင်နှင့်အလွန်ရိုးသားကြိုးစားသော လူများရှိရာနေရာ။ စား၀တ်နေရေးအတွက် မွေးမြူရေး၊စိုက်ပျိုးရေးကို တစိုက်မတ်မတ် အားကြိုးမာန်တက် လုပ်ကိုင်ကြပြီး ပညာရေး၊ ကျန်းမာရေးကို ခက်ခက်ခဲခဲ ကြိုးစားကြရသော နေရာ။ စစ်အစိုးရအဆက်ဆက်ရဲ့ ဖိနိုပ်မှုကို ခါးစီးခံပြီး ဘ၀ကို ခက်ခက်ခဲခဲ အသက်မွေးရသော နေရာ။ ကိုဒေးဗစ်ဟာ သူ့ဘ၀ကို အရှုံးမပေး၊ ဆရာ၀န်တစ်ယောက်ဖြစ်လာသည်အထိ ရုံးကန်ခဲ့သည်။ ထို့နောက် မွေးရပ်မြေကို ပြန်ပြီးအလုပ်အကျွေးပြုသည်။ ကျန်းမာရေး ပညာရေး ချို့တဲ့သော...
Published 12/13/22
ပြည်သူ့၀န်ထမ်းဘ၀ကို နှစ်ချိုက်သူ၊ မြန်မာပြည်၏ ၀န်ထမ်းများ ပြုပြင်ပြောင်းလဲရေးကို တစိုက်မတ်မတ်ကြိုးပမ်းခဲ့သော သူမ၊ စစ်အာဏာသိမ်းမှုနှင့်အတူ မျှော်လင့်ချက်တွေ ရိုက်ချိုးခံရသော သူမ။ သူမအကြောင်းကို နားထောင်ရင်း အားလျော့ အားပျော့သံမကြားရ၊ တည်ငြိမ်ပြီး စိတ်အေးချမ်းမှုသာ ပေးသော သူမ။ မကြာဖြူဟူသော အမည်ဖြင့်လိုက်ဖက်အောင် ကြိုးစားရင်း CDM ၀န်ထမ်းဘ၀ကို ကျေကျေနပ်နပ်ခံယူထားရင်း တော်လှန်ရေးခရီးကို တရွေ့ရွေ့ဆက်နေသည်။ သူမပြောသည် " ထောင်ထဲမှာ မျှော်လင့်ချက် တပွေ့တပိုက်ဖြင့် ‌စောင့်နေသူတွေ လူမျိုးစုံ၊...
Published 12/09/22
သူ့အမည်က Kenneth Wong။ မြန်မာစာ‌ပေ လေ့လာနေကြသော နိုင်ငံခြားသားများ ကျောင်းသားများအတွက် မစိမ်းသော အမည်ဖြစ်ပေမယ့် မြန်မာပြည်ထဲက မြန်မာပြည်သားများအတွက် စိမ်းနေသေးသည်။ ကျတော်တို့အများစုက စစ်အာဏာရှင်တော်လှန်ရေးကြောင့် စိတ်ပင်ပန်း လူပင်ပန်းဖြစ်ပြီး အထီးကျန်ဆန်သော ခံစားချက်ကို ခပ်စိတ်စိတ် တွေးမိ စဉ်းစားမိဖြစ်လာတတ်ပါတယ်။ ကိုယ်နဲ့အတူ စိတ်တူကိုယ်တူ ပြည်သူများစွာက အတွင်းရော အပြင်မှာပါ အရှိန်အဟုန်နဲ့ ရှေ့ဆက်နေတာကို သတိရဖို့အရေးကြီးပါတယ်။ ဆရာကန်နပ်ဝေါင်ဟာ မြန်မာစာပေ တိုးတက်တွင်ကျယ်ရေးအတွက် တဖက်တလမ်းကနေ...
Published 11/27/22
Episode #20: ကရင်တိုင်းရင်းသူ အမိုးဖေါ။ သူမကား ပညာတတ်တစ်ယောက်။ ၈၈ မတိုင်ခင်က ပညာတတ်ရှားသည်။ တော်ရုံသူ ဆယ်တန်းမအောင်။ သို့သော် သူမ မိဘကံကောင်းသည်။ ငယ်စဉ်ကပင် ရန်ကုန်ရောက်ပြီး ပညာရေးကို ကြိုးစားခဲ့သည်။ ဆယ်တန်းအောင် ဘွဲ့ရပြီး သာယာသော မိသားစုနှင့်သူမ။ မင်းအောင်လှိုင် အာဏာမသိမ်းခင်အထိ အကုန် အဆင်ပြေသည်။ သို့သော် စစ်အာဏာရှင်၏ စနက်ကို မည်မှ ပြေးမလွတ်၊ အကုန် ခါးစည်းခံကြရသည်။ သူမ၏ သားတစ်ယောက် သမီးနှစ်ယောက် သုံးယောက်လုံး ဆန္ဒပြပွဲတွင် ရှေ့ဆုံးက ပါသည်။ သမီးကြီးက ပိုဆိုးသည်။ သမဂ္ဂဥက္ကဌဖြစ်သင့်အပြင်...
Published 11/22/22
ကိုတေဇာဆန်းဟု ဆိုလျှင် တန်းမြင်ရမည်ကား သူ့အပြုံး။ အမြဲ တက်ကြွလန်းဆန်းနေပြီး အရာရာကို နှိုင်းယှဉ်သုံးသပ်တတ်သူ။ အမှန်တရားအတွက်နှင့် အများအကျိုးရှိမည်ဆိုလျှင် သူ့ပညာရေး စီးပွားရေးက ဒုတိယ။ ထို့သို့သော စိတ်စေတနာတွေကြောင့် စစ်ကောင်စီ၏ ပိုက်စိပ်တိုက် ရှာဖွေဖမ်းဆီးခြင်းမှ ခဏခဏ လွတ်သူ။ မြန်မာပြည်အနှံ ခြေဆန့်ပြီး ဘ၀များစွာနဲ့ ထိတွေ့နေသူ။ သူ၏ ခံယူချက်၊ အတွေးအမြင်များနှင့် လုပ်ဆောင်ချက်များက လေးစားစရာကောင်းသည်။ ပိုမိုလေးစားရသည့်အကြောင်းကား သူ၏ နိမ့်ချတတ်မှု။ စကားပြောယဉ်ကျေးသည်။ ပွင့်လင်းသည်။...
Published 10/22/22
ကိုပုလေးက လူငယ်တက်ကြွသူတစ်ယောက်။ သူ၏အမြင် အတွေးကား ရိုးရှင်းသည်။ သူယုံကြည်ရာကို သူလုပ်သည်။ ရပ်ရွာအကျိုးလည်း လက်မနှေး။မိသားစုကို သိတတ်သောသူ ဖခင်တစ်ယောက်လည်း ဖြစ်သည်။ တနေ့ သူမမျှော်လင့်ထားသည့်အခြေအနနှင့် နဖူးတွေ့ဒူးတွေ့ တွေ့ရတော့သည်။ အာဏာသိမ်းပြီး သူသေချာတွေးမိသည်။ သူအနေနဲ့ အဆင်ပြေနိုင်သေးသော်လည်း သူ့သူငယ်ချင်းတွေ အလုပ်ပြုတ်ကြသည်။ ထမင်းငတ်ကြသည်။ သူ့အလုပ်သမားအချို့ ဖြုတ်ရတော့သည်။ ထို့နောက် သူမိသားစုနှင့် တိုင်ပင်၍ သားငယ်ကို နမ်းကာ အာဏာရှင်တို့ခင်းသော ဆူးလမ်းကို အမှန်တရားအတွက် လျှောက်တော့သည်။...
Published 10/18/22
မဝေဟာ ခေတ်စနစ်ရဲ့ သားကောင်တစ်ယောက်ဖြစ်ခဲ့ရသူပါ။ ၁၃နှစ်သမီးအရွယ်မှာ မိသားစုအရေးအတွက် အထည်ချုပ်စက်ရုံလုပ်ကိုင်ခဲ့ရပြီး အတန်းပညာနဲ့အလှမ်းဝေးခဲ့ရပါတယ်။ လုပ်ငန်းခွင် ဖိနိုပ်မှုတွေကို အရွယ်နဲ့မလိုက်အောင် ကြုံတွေ့ခဲ့ရပြီး သူမရဲ့ အတိတ်ဆိုးတွေကို အခုထိ မှတ်မိနေဆဲလို့ ဆိုပါတယ်။ အရွယ်နဲ့မလိုက် ဆဲဆိုကြိမ်းမောင်းခံရတာတွေ၊ မနိုင်၀န်ထမ်းရတာတွေဟာ သူမအတွက် ပုံမှန်လိုပင် ဖြစ်ခဲ့ရသည်။ သို့သော် သူမစိတ်ပျက်မသွား၊ သူမကြောင့်အဆင်ပြေနေသော မိသားစုကို ငဲ့ကြည့်ရင်း သူမအမြဲ အားတင်းထားခဲ့သည်။ ထို့နောက်...
Published 09/15/22
ဆရာ‌တော်၏ ဘွဲ့ကား အများသူငှာနှင့် မစိမ်း၊ အရှင်မင်းသုည ဗုဒ္ဓတက္ကသိုလ် ပင်။ ဆရာတော်သည် ဗုဒ္ဓဘာသာဘုန်းတော်ကြီးပင် ဖြစ်လင့်ကစား ခေတ်ဆန်သည်။ လူငယ်တွေ၏ သဘောသဘာ၀ကို နားလည်သည်။ ဘာသာရေးအပေါ် ခုတုံးလုပ်သော သံဃာတော်များကိုလည်း ပြင်းပြင်းထန်ထန်ဝေဖန်တတ်သူလည်း ဖြစ်သည်။ လက်ရှိနိုင်ငံရေးနှင့် သံဃာများ နိုင်ငံရေးမလုပ်ရဟူသော စည်းမျဉ်းကား ဘုရားဝိနည်းမဟုတ်၊ စစ်အာဏာရှင်၏ ဂျင်းဟု မိန့်သည်။ နိုင်ငံအရေးသည် အများသူငှာ အေးချမ်းရေးဖြစ်သည်၊ မြတ်စွာဘုရားသည်ပင်လျှင် အများသူငှာ ချမ်းသာစေရေးကိုသာ ရှေးရှုပြီး အမြဲဆုံးမ...
Published 09/11/22
ခက်ခက်ခဲခဲကြမ်းကြမ်းဖြင့် ပညာရေးကို သူရအောင်ယူခဲ့သည်။ သို့သော် သူထင်ထားသည်ကား ပညာတတ်လျှင် အဆင်ပြေပြီ။ သို့သော် ပညာတတ်ဘွဲ့ရ အလုပ်လက်မဲ့ဂုဏ်ပုဒ်ဖြင့်သာ မိန်းမရသွားသည်။ သူရင်းခဲ့ရသည်နှင့်ကား မတန်။ ထို့နောက် အဝေးသင်ဘွဲ့ဖြင့် အစိုးရ၀န်ထမ်းလျှောက်ပြီး လူ၀င်မှုကြီးကြပ်ရေးတွင် ၀န်ထမ်းဖြစ်လာခဲ့သည်။ ထိုသူကား ကချင်အမျိုးသား ကိုရဲဒီး။ ထို့နောက် ၀န်ထမ်းဘ၀တွင် သူအလွန်မျှော်လင့်ခဲ့သော ဘ၀ရပြီဟု ထင်မြင်ခဲ့မိသည်။ ထိုအမြင်ကား ကြာကြာမခံ။ အထက်ဖား အောက်ဖိများနှင့် တိုင်းရင်းသားဆို တဆင့်နိမ့်သည်ဟု ယူဆထားကြသော...
Published 09/01/22
သဇင်ဟု အမည်ကြားလျှင် မြန်မာအမျိုးသမီးတို့ အမြတ်တနိုးပန်ကြသော ပင်မြင့်စံ။ ကျတော်တို့၏ နွေဦးတော်လှန်ရေး သဇင်ကား ထို့သို့မဟုတ်။ အေးချမ်းသောဘ၀မှနေ၍ မတရားမှုကို ဆန့်ကျင်ရင်း စစ်ကောင်စီ၏ ယုတ်မာရက်စက်မှုများကြားမှ ပေါက်ဖွားလာသော သဇင်ပင်ဖြစ်ပါသည်။ တိုင်ပင်မကိုက်သော စစ်ဖိနပ်သံများကား စက်ရုံလိုင်းတန်းအတွင်း ခပ်သွက်သွက်ကြားနေရသည့်အချိန်တွင် မသဇင် ဟန်မပျက် အလုပ် ဆက်လုပ်နေသည်။ သို့သော် သူမ၏ အနီးဆုံးနေရာတွင် စစ်ဖိနပ်သံများငြိမ်သက်သွားပြီး ခက်အပ်အပ်အသံဖြင့် ခေါ်သံကို ကြားလိုက်ရသည်။ မသဇင် စက်ရုံရုံးခန်းကို...
Published 08/27/22
သူကား ကျောင်းဆရာ။ ကိုယ်ပိုင်ကျောင်း အထက်တန်းကျောင်း အပြင်ကျောင်း အစုံက ကလေးများ၏ ဆရာ။ ဆရာပီသသောဆုံးဖြတ်ချကါဖြင့် စစ်အာဏာရှင်ကို ဆန္ဒပြသည်၊နောက်ဆုံး လက်နက်ကိုင်သည်။ ထိုမှတဖန် နယ်စပ်စည်းမျဉ်းပေါ်က အလုပ်သမားများ၏ကလေးများကို ၏စာသင်ရင်း ကလေးများ၏ဘ၀ကို နိုင်သလောက်ပြုပြင်နေသူ။ သူဆန္ဒကား ရှင်းသည်။ မြန်မာပြည်ကိုပြန်လည်ဦးမော့လာနိုင်ရန် အဓိကအချက်သည် ပညာရေးပင်။ အနှစ်သာရမရှိ စာရွက်ပေါ်ကပညာရေးကို သူမနှစ်မြို့။ နိုင်ရာ၀န်ထမ်းရင်း ရှေ့ဆက်နေသည်။တခါတခါ ဘ၀က ဝိုးတဝါးဟု ခဏခဏ ညည်းတတ်သည်။ အသက်ငယ်သော်လည်း...
Published 08/16/22
သူအမည်ကား ကိုစိုး။ တချိန်က ကိုယ်ပိုင် company တစ်ခုကို ကြိုးစားတည်ထောင်ပြီး အောင်မြေသို့ ရွတ်လွှင့်နေသော လူငယ်တစ်ယောက်။ စစ်အာဏာရှင် မင်းအောင်လှိုင်၏ကျေးဇူးဖြင့် တဖက်နိုင်ငံသို့‌ ထွက်ပြေးတိမ်းရှောင်နေရသူ။ မြန်မာနိုင်ငံသည် ခေတ်အဆက်ဆက် စစ်အာဏာရှင်များလက်အောက်တွင် မွဲပြာကျနေခဲ့သည်။ အတော်အသင့်လွတ်လပ်ပြီး ပြန်လည်ဦးမော့ဖို့ အရာရာ အားယူနေရချိန်တွင် ဖြတ်ရိုက်ချခံရသလို ကိုစိုးခံစားရသည်။ လူငယ်များ၏အနာဂါတ်ကား ရေစုန်မျောပြီဟု သူနားလည်ထားသည်။ ထို့ကြောင့် နည်းစုံလမ်းစုံဖြင့် သူတော်လှန်သည်။ Digital...
Published 08/10/22