Episode #26: အနုပညာသမားတစ်ယောက်၏ အမုန်း
Listen now
Description
သူအမည်ကား ကိုနစ်ကီ။ ဂီတကို မြတ်နိုးသူ၊ အင်ဂျင်နီယာတစ်ယောက်။ ဘ၀ကို ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းတတ်သူ။ သို့သော် သူဘ၀ကို အလှည့်အပြောင်းဖြစ်စေသည်ကား စစ်အာဏာသိမ်းမှုပင်။ မကြုံဖူးတာတွေကြုံရ ကြားရသည့်အခါ သူအံ့ဩရသည်။ ဘ၀မှာ မကြုံဖူး မကြားဖူးသည်များကို မျက်ဝါးထင်ထင်တွေရချိန်တွင် အရင်ဆုံး ကိုယ်ချင်းစာမိသည်ကား တိုင်းရင်းသားများ။ ဘ၀ကို ခပ်ပေါ့ပေါ့ဖြတ်သန်းခဲ့သည်မဟုတ်သော်လည်း ပေါ့ပေါ့ပါးပါးနေတတ်ခဲ့သော သူကိုယ်သူရှက်တတ်ပြီ။ ကိုနစ်ကီ စစ်သင်တန်းတက်သည်။ စစ်လက်နက်တပ်ဆင်ရေးလုပ်သည်။ နည်းပညာသမားပီပီ နည်းပညာအကူအညီပေးသည်။ လက်ရှိအချိန်တွင် နိုင်သမျှ အကုန် ကြုံးလုပ်ရင်း စစ်အာဏာရှင် အမြစ်ဖြတ်ပွဲကို ပါ၀င်နေသည်။ ရေပေါ်ဆီသူငယ်ချင်းတွေအတွက် စကားလက်ဆောင်အချို့လည်း ပါးလိုက်သေးသည်။ အနုပညာရှင်များ အချိန်မတန်ဘဲ ကြွေလွှင့်ရမှုအပေါ် သူကြေကွဲရသည်။ တမိသားစုလုံးပြေးနေရသော်လည်း ကိုနစ်ကီ စိတ်မပျက်၊ ရှေ့ဆက်ဆဲပင်ဖြစ်သည်။ သူလိုလူမျိုးများစွာ နွေဦးတော်လှန်ရေးတွင် ပါ၀င်နေကြသည်။ ဆက်လက် ပါ၀င်နေကြလိမ့်အုံးမည်။
More Episodes
မျိုးစေ့ပညာကို တစိုက်မတ်မတ် လေ့လာခုံမင်တတ်သော သူမ။ ပြည်သူ့အစိုးရလက်ထက်တွင် မိမိကျွမ်းကျင်ရာဖြင့် နိုင်ငံ့၀န်ထမ်းအဖြစ် တာ၀န်ယူခဲ့သည်။ သူမသတိမထားမိခဲ့သည်ကား မျိုးစေ့နှင့်ပတ်သတ်လျှင် ချဉ်ပေါင် ကန်စွန်းလောက် ဗဟုသုတဖြင့် ပညာရှင်များကို အမိန့်ပေးမည့် မိုးကျရွှေကိုယ် တဖြစ်လဲ စစ်အရာရှိဟောင်း...
Published 01/10/24
သူမကို ခင်မင်သူတွေက မသော် ဟု ခေါ်ကြသည်။ သူမ၏ဘ၀သည် အာဏာမသိမ်းခင်က ရိုးရှင်းသည်။ ဘာသာပြန်၊ အင်္ဂလိပ်စာဆရာမအဖြစ် Professional ကျကျ လုပ်ကိုင်သူ၊ သူမ၏ကလေးတွေအတွက် မအားမလပ်သည့်ကြားက အချိန်ပေးတတ်သူ၊ ဘ၀ကို ခေတ်မီမီ ဖြတ်သန်းနေသော မိခင်ကောင်း၊ အမျိုးသမီးကောင်း တစ်ဦးဖြစ်သော သူမ။ စစ်အာဏာသိမ်းမှု...
Published 11/25/23