Episodes
ကိုအောင်သူရတို့ ခေတ်ကာလကား န၀တအစိုးရ၏ နောက်ဆုံး သက်တမ်းကာလဖြစ်သည့် အချိန်၊ နာဂစ်ကို အစပြု၍ သတင်းလောကထဲကို ခြေစုံပစ်၀င်ရောက်လာခဲ့သူဖြစ်သည်။ သတင်းနဲ့ပတ်သတ်လျှင် သတင်းသမားတစ်ယောက်၏တာ၀န်ကို ကောင်းစွာသဘောပေါက်သည်။ အာဏာရှင်သော ဒီမိုကရေစီသော သိပ်ဂရုမစိုက်၊ ဖြစ်သင့်ဖြစ်ထိုက်သည်များကို နိုင်သည့်ဖက္မှ အစွမ်းကုန်ထမ်းသည်။ သတင်းမီဒီယာလွတ်လပ်ခွင့်နှင့် လုပ်ပိုင်ခွင့်ကို ရရှိရန် အမြဲကြိုးစားအားထုတ်ခဲ့သူ။ သူ၏ကြိုးပမ်းမှုကြောင့် အပြစ်မဲ့ပြည်သူများ အသက်ချမ်းသာရာ ရဖူးသည်။ အများပြည်သူ၏ အားပေးထောက်ခံမှုဖြင့်...
Published 07/27/22
မငယ်၏ဘ၀ကား အာဏာမသိမ်းခင် ကာလတွင် အလွန် သာယာလျက်ရှိသည်။ မျှော်လင့်ချက်တွေ တပွေ့တပိုက်ဖြင့် ခိုင်မာသော အသက်မွေး၀မ်းကျောင်းနှင့် သူမ။ Covid အလွန်ကာလတွင် ရှိသမျှအားကုန် ရုန်းပြီး ကြိုးစားဖို့ပြင်ဆင်ပြီးချိန်လည်း ဖြစ်သည်။ စာသင်ကြားရေးကို ကိုယ်တိုင်ဦးစီးပြီး တဖက်က အထည်အလိပ်လုပ်ငန်းအတွက် ဆိုင်ခန်းပင် ခြောက်လစာ ချေပြီးဖြစ်သည်။ သို့သော် အရာရာအားလုံး သဲထဲရေသွန်ဖြစ်ကာ အဓိပ္ပါယ်မဲ့ခဲ့ရသော နေ့ကား တရားမ၀င်အာဏာသိမ်းမှုဖြစ်ပွားသောနေ့ဟု သူမဆိုသည်။ သို့သော် အရာရာပျက်စီးသွားရုံမျှနှင့် သူမမရပ်တန့်၊...
Published 07/20/22
သူမအလုပ်ကား သူနာပြု။ အတန်းပညာပင်စုံအောင်မထားနိုင်ကြသော သူမ၏ရွာတွင် သူမကား အထက်တန်းသူနာပြု။ သူမ၏အလုပ်ကို သူမလေးစားသည်၊ မြတ်နိုးသည်၊ ဘယ်လောက်ပင်ပန်းပင်ပန်း သက်သာသွားသောလူနာ၏ စိတ်ချမ်းသာမှုဖြင့် ပင်ပန်းမှုကို ဖြေဖြောက်တတ်သူ။ မိဘ မောင်နှမများကြောင့် သူမဖြစ်ချင်သော သူနာပြုဘ၀ကို ရရှိခဲ့ပြီး ဆယ်နှစ်ကျော် တာ၀န်ထမ်းခဲ့သည်။ သားသမီးနှစ်ဦးထွန်းကားပြီး ကလေးများအတွက် ပညာရေးမျှော်လင့်ချက်ရှိသူဖြစ်သည်။ တရားမ၀င်စစ်အာဏာသိမ်းပြီးချိန်တွင် ရိုးသားကြိုးစားသော သူမ၏ ဘ၀ကို မေးခွန်းပေါင်းများစွာ မေးရတော့သည်။ တနေကုန်...
Published 07/05/22
အဖေနဲ့အမေပြီးရင် လက်ချိုးရေတွက်စရာက သူမတစ်ယောက်တည်းသာ။ မကြာသေးခင်ကမှ အစားထိုးမရသော အမေ လောကကြီးရဲ့အပြင်ဖက်ကို သူမတို့ သားအဖအား နှုတ်ဆက်ထွက်ခွါသွားသည်။ အရာရာကို အသားကျဖို့ လုံးပန်းနေရသော သူမရဲ့ နေ့ရက်တိုင်းက ကြိုးဝိုင်းနှင့် ပြိုင်ဖက်။ အဆိုးတရားများကား တစ်ယောက်တည်း မနေတတ်၊ အဖော်အပေါင်းနဲ့လာသကဲ့သို့ မနိုနိုနှင့် တနိုင်ငံလုံးအတွက် အပူမီးကား အားပြင်းပြင်းနှင့် လောင်တော့သည်။ မြန်မာ၏စစ်တပ်၏ တရားမ၀င် အာဏာသိမ်းမှု ဖြစ်ပွားပြီးချိန်တွင် မနိုနိုတို့ တက္ကသိုလ်ကျောင်းသား ကျောင်းသူများလည်း ‌မနေသာတော့ပေ။...
Published 06/21/22
သူမအမည်ကား မသဇင်ညွှန်အောင်၊ တော်လှန်ရေးအတွက် အကုန်စွန့်ထားသူများထဲမှ တစ်ဦး။ ချစ်မြတ်နိုးလေးစားရသူ ကိုဇေယျာသော်၏ ဇနီးလောင်းတယောက်ဖြစ်သလို ရှေ့ဆက် ဘ၀ကို ဂီတဖြင့် မြုပ်နှံထားသူတစ်ယောက်လည်း ဖြစ်သည့်သူမ၊ မဟုတ်မခံချင်စိတ်ဖြင့် အားနည်းသူကို အမြဲဖေးမကူရင်း ‌နွေဦးတော်လှန်ရေးကို ခရီးဆက်နေသည်။ စစ်ကောင်စီက ကိုဇေယျာသော်အပါအ၀င် လေးဦးကို ကြိုးမိန့်ပေးရန် ပြင်ဆင်နေချိန်တွင် သူမ၏စိတ်ဓာတ်ရင့်ကျက်မှုအတိမ်အနက်ကို ပိုမိုမြင်သာလာစေသည်။ သူမ၏ ဘ၀လက်တွဲဖော် ကိုဇေယျာသော်ကို အရင်ကတည်းက လေးစားချစ်ခင်ခဲ့သည်ဟု သူမဆိုသည်။...
Published 06/16/22
ကိုထူးသည် ကဗျာတွေကို ခုံမင်သည်။ အမှန်တရားကို လေးစားယုံကြည်သည်။ စာပေရဲ့ အနှစ်သာရကို အမြဲရှာဖွေပြီး မိမိကိုယ်တိုင်ရဲ့ ဘ၀ကို စာပေဖြင့်တည်ဆောက်ရန် လမ်းကြောင်းကိုလည်း ရွေးချယ်ထားခဲ့သည်။ သို့သော် ဘ၀က ရိုးရှင်းသယောင်ယောင်ဖြင့် ဆန်းသည်။ သေချာပြီဟု ထင်ထားသမျှ အကုန် ပျောက်လေပြီ။ စစ်တပ်က တရားမ၀င် အာဏာသိမ်းသည်။ စာအုပ်တိုက်တော်တော်များများ ပိတ်သွားသည်။ ပြည်သူအများစုလည်း စတင်သပိတ်မှောက်တော့သည်။ ကိုထူးကို စာအုပ်ထုတ်ပေးမည့် စာအုပ်တိုက်ပိုင်ရှင်ကား ဆန္ဒပြပွဲရောက်နေပြီဖြစ်သည်။ ကိုထူး၏ စာပေအသိများကလည်း...
Published 06/06/22
ဘ၀ကို ရိုးရိုးရှင်းရှင်းဖြတ်သန်းချင်သော ကိုခန့်။ Company တခုတွင် အခြေကျနေရင်း ကမ္ဘာကပ်ရောဂါ၏ ထိုးနှက်ချက်တွေကြောင့် အလုပ်နားခဲ့ရပြီး ရရာအလုပ်ကို ၀င်လုပ်ခဲ့ရသည်ည်။ အာဏာသိမ်းမှုဖြစ်ပွားပြီးချိန်တွင် ရှိတဲ့အလုပ်ပါထွက်ပြီး ဆန္ဒပြပွဲများတွင် ပါ၀င်ခဲ့တော့သည်။ သို့သော် ကိုယ်တိုင်ရပ်တည်နိုင်ရေးအတွက် အလုပ်ပြန်၀င်ခဲ့ရပြီး အခြေအနေကို စောင့်ကြည့်နေခဲ့သည်။ မိမိအိမ်သို့ စစ်ဆေးမေးမြန်းလာချိန်တွင် လွတ်မြောက်နယ်မြေသို့ ချေဆန့်ခဲ့ရတော့သည်။ ကိုခန့်ရဲ့ ခံယူချက်က ရှင်းသည်။ နိုင်ရာတာ၀န်ထမ်းမည်၊...
Published 06/03/22
လူသားတိုင်း အကောင်းအဆိုး အနည်းနှင့်အများ ဒွန်တွဲနေကြသည်။ ထိုလူသားများ စုဝေးကြသော အဖွဲ့အစည်းတိုင်းတွင် အားနည်းချက် အားသာချက်တို့ရှိကြသည်မှာ မထူးဆန်းတော့။ အားသာချက်ကို ပံ့ပိုးရန်နှင့် အားနည်းချက်ကို ဖာထေးရန် စည်းမျည်း စည်းကမ်းများဖြင့် အဖွဲ့အစည်းများကို ထိန်းချုပ်လာကြသည်။ သို့သော် ဦးဆောင်သူများ စည်းမျည်းဆွဲကြသူများက အဖွဲ့အစည်းအတွက်မဟုတ်ဘဲ မိမိကိုယ်ကျိုးဖက်လာသည့်အခါ အများအတွက်လူ့ပတ်၀န်းကျင်အတွက် ထိခိုက်သော အဖွဲ့အစည်းဖြစ်လာတော့သည်။ ကိုသန့်၏ဘ၀က ရိုးရှင်းသည်။ မိဘအသိုင်းအဝိုင်းကား...
Published 05/26/22
ကိုဒေးဗစ် ရဲ့ ဘ၀ဟာ အပူအပင်ကင်းသည်။ ကိုယ်ဝါသနာပါရာ သီချင်း ဂီတ ဓာတ်ပုံ အကုန်လုပ်ခွင့်ရသည်။ ကိုယ်တိုင်ရဲ့ ကြိုးစားရုန်းကန်မှုနှင့်အတူ သာယာမှု အဆင်ပြေမှုတွေက ယှဉ်လျက်ရှိသော ကို David အတွက်ကား စိတ်ကူးအိမ်မက်တွေနောက် ကခုန်၍ လိုက်ရုံပင်။ နိုင်ငံရေးကို သိစရာမလိုဟု ခတ်ပေါ့ပေါ့သာ တွေးသည်။ စိတ်လည်းမ၀င်စား။ သို့သော် အနုပညာဆန်သော စိတ်ဓာတ်နှင့် လူသားဆန်မှုကို သူ့ဝါသနာနှင့် သူချစ်သော ခွေးကလေးက သက်သေ။ တနေ့ သူအိပ်မက်မျှ မမက်ဖူးသော ဘ၀ကို ခြေစုံပစ်၀င်ရမည့် အခြေအနေသို့ရောက်ရှိလာခဲ့သည်။ မြန်မာစစ်တပ်မှ...
Published 05/20/22
လက်နက်စွဲကိုင်ခြင်းကို ကိုဖြိုးနားလည်ထားသည်မှာ လူလိမ္မာတွေရဲ့ လုပ်ရပ်မဟုတ်။ သို့သော် စက္ကူကပ်ကိုင်သောကြောင့် ကျည်အစစ်နှင့် အပစ်ခံရချိန်မှာ ကိုဖြိုးနားလည်လာသည်ကား မြန်မာစစ်တပ်၏ မြန်မာနိုင်ငံသားအချင်းချင်းအပေါ် ရက်စက်တတ်ခြင်းပင်။ အရာရာကို ပညာဖြင့်ဖြေရှင်းလိုသော ကိုဖြိုး၏ခံစားချက် လုပ်ဆောင်ချက်တို့ ရေစုန်မျောရတော့သည်။ လွတ်မြောက်အေးချမ်းရာ နေရာတစ်ခုတွင် သွားရောက်နေထိုင်ရင်း နေမထိမထိုင်သာ ထဖြစ်နေရသည်မှာ စိတ်တူကိုယ်တူ သူငယ်ချင်းများ၏ ရှေ့တန်းဓာတ်ပုံများနှင့် လုပ်ဆောင်ချက်များပင်။ မိမိကိုယ်မိမိ...
Published 05/13/22
မဆုမြတ်ဟာ နွေဦးတော်လှန်ရေးအတွက် အားကြိုးမာန်တက် ပါ၀င်လှုပ်ရှားခဲ့တဲ့ တက္ကသိုလ်ကျောင်းသားများထဲမှ တစ်ယောက်လည်း ဖြစ်ပါတယ်။ လက်နက်ကိုင်တော်လှန်ရေးကို လုံး၀ဆန့်ကျင်ပြီး အကြမ်းမဖက် ဆန္ဒထုတ်ဖော်ရေးကိုသာ ရှေးရှုခဲ့သူ ကျောင်းသားသမဂ္ဂဥက္ကဌတစ်ဦးလည်း ဖြစ်ပါတယ်။ သူမဘာကြောင့် EAOs တွေဆီ သွားရောက်ခိုလှုံရတာလဲ၊ လက်နက်ကိုင်တော်လှန်ရေးကို ဘာကြောင့် ရွေးချယ်ခဲ့တာလဲဆိုတဲ့ အကြောင်းပြချက်တွေက သိပ်ကို ရိုးရှင်းပြီး လက်တွေ့ကျတဲ့ အကြောင်းအရာတွေ ဖြစ်နေပြန်ပါတယ်။ မိန်းကလေးတစ်ယောက်ဖြစ်ပေမယ့် နွေဦးတော်လှန်ရေးရဲ့...
Published 04/30/22