Description
သူမအလုပ်ကား သူနာပြု။ အတန်းပညာပင်စုံအောင်မထားနိုင်ကြသော သူမ၏ရွာတွင် သူမကား အထက်တန်းသူနာပြု။ သူမ၏အလုပ်ကို သူမလေးစားသည်၊ မြတ်နိုးသည်၊ ဘယ်လောက်ပင်ပန်းပင်ပန်း သက်သာသွားသောလူနာ၏ စိတ်ချမ်းသာမှုဖြင့် ပင်ပန်းမှုကို ဖြေဖြောက်တတ်သူ။ မိဘ မောင်နှမများကြောင့် သူမဖြစ်ချင်သော သူနာပြုဘ၀ကို ရရှိခဲ့ပြီး ဆယ်နှစ်ကျော် တာ၀န်ထမ်းခဲ့သည်။ သားသမီးနှစ်ဦးထွန်းကားပြီး ကလေးများအတွက် ပညာရေးမျှော်လင့်ချက်ရှိသူဖြစ်သည်။
တရားမ၀င်စစ်အာဏာသိမ်းပြီးချိန်တွင် ရိုးသားကြိုးစားသော သူမ၏ ဘ၀ကို မေးခွန်းပေါင်းများစွာ မေးရတော့သည်။ တနေကုန် နေမထိ ထိုင်မသာဖြင့် အခွင့်အရေးရသည်နှင့် ပြည်သူ့၀န်ထမ်းဘ၀ကို ရွေးချယ်ခဲ့တော့သည်။ ပထမဆုံး ထိခိုက်သည်မှာ မိသားစု၊ ၀န်ထမ်းအိမ်ယာမှ ဆင်းပေးရသည်။ ထို့နောက်ဆန္ဒပြပွဲများတွင် တောက်လျှောက်ပါ၀င်ရင်း စစ်ကောင်စီလက်ချက်ကြောင့် မိသားစုနှင့်အတူ လွတ်ရှာရှောင်ပုန်းရတော့သည်။ ရေမီးအနေအထိုင် အကုန်ခက်ခဲသော အမျိုးများရှိရာတောင်ပေါ်တွင် ပုန်းရှောင်ခဲ့ရပြီးနောက်ဆုံးတွင် သူမမိဘများရှိရာ ရွာသို့ ပြန်ခဲ့ရတော့သည်။ မကြာပါ၊ မြို့နယ်ဆရာ၀န်ကောင်းမှုဖြင့် စစ်သားများ အိမ်သို့ ဆိုက်ဆိုက်ရောက်လာပြီး ဖမ်းခေါ်ခံရတော့သည်။ ထိုအချိန်တွင် သမီးငယ်က တနေ့ကုန်အန်ပြီး နလံပင်မထူနိုင်သည့်အချိန်။ လူမဆန်သော သူများ၏ စီစဉ်မှုအောက်တွင် ကလေးပါ အချုပ်ထဲ အိပ်ခဲ့ရသည်။ ကံကောင်းထောက်မ၍ ကလေးနေပြန်ကောင်းသော်လည်း သူမကတော့ ငြိမ်းချမ်းစွာဆန္ဒပြပြီး အကြမ်းမဖက် အာဏာဖီဆန်မှုကြောင့် ထောင်နှစ်လ ကျခဲ့ရတော့သည်။ ထို့နောက် စွန့်စားမှုအစုံဖြင့် လွတ်မြောက်ရာသို့ တိမ်းရှောင်လာရပုံနှင့် ဘ၀အခက်အခဲများကို တရွေ့ရွေ့ကျော်ဖြတ်လာပုံကို တော်လှန်ခြင်းများနှင့် ခေ