ကျောင်းသူ၊ ဦးဆောင်သူ၊ သို့မဟုတ် ဂုဏ်ယူဖွယ်သမီးလတ်
Listen now
Description
မဆုမြတ်ဟာ နွေဦးတော်လှန်ရေးအတွက် အားကြိုးမာန်တက် ပါ၀င်လှုပ်ရှားခဲ့တဲ့ တက္ကသိုလ်ကျောင်းသားများထဲမှ တစ်ယောက်လည်း ဖြစ်ပါတယ်။ လက်နက်ကိုင်တော်လှန်ရေးကို လုံး၀ဆန့်ကျင်ပြီး အကြမ်းမဖက် ဆန္ဒထုတ်ဖော်ရေးကိုသာ ရှေးရှုခဲ့သူ ကျောင်းသားသမဂ္ဂဥက္ကဌတစ်ဦးလည်း ဖြစ်ပါတယ်။ သူမဘာကြောင့် EAOs တွေဆီ သွားရောက်ခိုလှုံရတာလဲ၊ လက်နက်ကိုင်တော်လှန်ရေးကို ဘာကြောင့် ရွေးချယ်ခဲ့တာလဲဆိုတဲ့ အကြောင်းပြချက်တွေက သိပ်ကို ရိုးရှင်းပြီး လက်တွေ့ကျတဲ့ အကြောင်းအရာတွေ ဖြစ်နေပြန်ပါတယ်။ မိန်းကလေးတစ်ယောက်ဖြစ်ပေမယ့် နွေဦးတော်လှန်ရေးရဲ့ ခုလုတ်ကန်သင်းတွေကို ကြိုးစားရုန်းကန်ကျော်ဖြတ်ခဲ့တဲ့ သူမရဲ့ အာဂသတ္တိ၊ သူငယ်ချင်းတွေအပေါ် ကာကွယ်တတ်တဲ့ ခေါင်းဆောင်စိတ်၊ လက်တွဲဖော်ကို နားလည်တတ်တဲ့ ကြင်နာစိတ်၊ စတဲ့စိတ်ဓာတ်တွေနဲ့ တရွေ့ရွေ့ဖြတ်သန်းခဲ့တဲ့ သူမရဲ့ဘ၀အကြောင်းကို ယခု podcast မှာ နားဆင်ကြရမှာ ဖြစ်ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်တွေအပေါ် အထင်နဲ့အမြင် ကွဲပြားမှုတွေ ၊ တော်လှန်ရေးအစိုးရအပေါ် မျှော်လင့်ချက်တွေနဲ့ နားလည်မှုတွေ၊ ဖြစ်သမျှအကြောင်းကို မကောင်းပေမယ့် ကောင်းဖို့အမြဲကြိုးစားမှုတွေ အစရှိတဲ့ အ‌ကြောင်းအရာတွေကို မဆုမြတ်ရဲ့ နွေဦးခရီးကြမ်းမှာ တွေ့မြင်ရမှာ ဖြစ်ပါတယ်။ မိသားစုအတွက် ဂုဏ်ယူဖွယ်သမီးတစ်ယောက်အဖြစ် ရပ်တည်ရင်း မိသားစုတစုလုံး အိုးပစ်အိမ်ပစ် ပြေးရလွှားရ အခြေအနေထိရောက်ခဲ့ပေမယ့် လောကဓံကို ခေါင်းမော့ရင်ကော့ပြီး ပြုံးပြုံးကြီး ရှေ့ဆက်နေတဲ့ သူမတို့ မိသားစုဟာ နွေဦးတော်လှန်ရေးရဲ့ ပြယုဒ်တစိတ်တပိုင်း ဖြစ်ပါတယ်။ သူမရဲ့ ဖြတ်သန်းကျော်ဖြတ်လာတဲ့ နွေဦးရက်ရှည်များကို နားထောင်ရင်း မိမိရဲ့ကိုယ်တိုင်ခံစားရတဲ့ ခံစားချက်‌တွေကို မျှဝေသွားဖို့လည်း မျှော်လင့်
More Episodes
မျိုးစေ့ပညာကို တစိုက်မတ်မတ် လေ့လာခုံမင်တတ်သော သူမ။ ပြည်သူ့အစိုးရလက်ထက်တွင် မိမိကျွမ်းကျင်ရာဖြင့် နိုင်ငံ့၀န်ထမ်းအဖြစ် တာ၀န်ယူခဲ့သည်။ သူမသတိမထားမိခဲ့သည်ကား မျိုးစေ့နှင့်ပတ်သတ်လျှင် ချဉ်ပေါင် ကန်စွန်းလောက် ဗဟုသုတဖြင့် ပညာရှင်များကို အမိန့်ပေးမည့် မိုးကျရွှေကိုယ် တဖြစ်လဲ စစ်အရာရှိဟောင်း...
Published 01/10/24
သူမကို ခင်မင်သူတွေက မသော် ဟု ခေါ်ကြသည်။ သူမ၏ဘ၀သည် အာဏာမသိမ်းခင်က ရိုးရှင်းသည်။ ဘာသာပြန်၊ အင်္ဂလိပ်စာဆရာမအဖြစ် Professional ကျကျ လုပ်ကိုင်သူ၊ သူမ၏ကလေးတွေအတွက် မအားမလပ်သည့်ကြားက အချိန်ပေးတတ်သူ၊ ဘ၀ကို ခေတ်မီမီ ဖြတ်သန်းနေသော မိခင်ကောင်း၊ အမျိုးသမီးကောင်း တစ်ဦးဖြစ်သော သူမ။ စစ်အာဏာသိမ်းမှု...
Published 11/25/23