Description
လက်နက်စွဲကိုင်ခြင်းကို ကိုဖြိုးနားလည်ထားသည်မှာ လူလိမ္မာတွေရဲ့ လုပ်ရပ်မဟုတ်။ သို့သော် စက္ကူကပ်ကိုင်သောကြောင့် ကျည်အစစ်နှင့် အပစ်ခံရချိန်မှာ ကိုဖြိုးနားလည်လာသည်ကား မြန်မာစစ်တပ်၏ မြန်မာနိုင်ငံသားအချင်းချင်းအပေါ် ရက်စက်တတ်ခြင်းပင်။ အရာရာကို ပညာဖြင့်ဖြေရှင်းလိုသော ကိုဖြိုး၏ခံစားချက် လုပ်ဆောင်ချက်တို့ ရေစုန်မျောရတော့သည်။ လွတ်မြောက်အေးချမ်းရာ နေရာတစ်ခုတွင် သွားရောက်နေထိုင်ရင်း နေမထိမထိုင်သာ ထဖြစ်နေရသည်မှာ စိတ်တူကိုယ်တူ သူငယ်ချင်းများ၏ ရှေ့တန်းဓာတ်ပုံများနှင့် လုပ်ဆောင်ချက်များပင်။ မိမိကိုယ်မိမိ အတ္တကြီးသည်ဟု ထင်ရသော်လည်း တကယ်တန်းတွင် အသည်းမမာနိုင်။ ပညာရေးကို ခရီးမ,ဆုံးလိုက်ရသော အငယ်တန်းတက္ကသိုလ်ကျောင်းသားများနှင့် CDM ဆရာဆရာမများ၏ မျက်နှာကို မြင်ယောင်ရင်း နိုင်ရာ၀န်ထမ်းရန် မိတ်ဆွေများရှိရာ နေရာသို့ အရဲစွန့် ထွက်ခွါလာခဲ့တော့သည်။ နိုင်ရာတာ၀န်ဖေးမရင်း နွေဦးတော်လှန်ရေးအပေါ် စိတ်နှစ်ခဲ့သော နည်းပညာ မဟာတန်း ကျောင်းသားတစ်ယောက်၏အတွေးများက တဖြည်းဖြည်း ဒွိဟဖြစ်လာတော့သည်။ လုပ်ဖော်ကိုင်ဖက်အချို့အဖမ်းခံရပြီး အသိအချို့ အသက်ပေးလိုက်ရသော်လည်း တော်လှန်ရေးကို စိတ်မပျက်။ မိမိချမှတ်ထားသောလမ်းကြောင်းနှင့် တာ၀န်ကို နိုင်ရာဆက်ထမ်းရင်း ပြည်သူ့တော်လှန်ရေးကို ဆက်လက်ထိန်းသိမ်းခဲ့သည်။
သို့သော် ကိုဖြိုးမျှော်လင့်မိသည်ကား မိမိခေါင်းဆောင်တင်ထားသော နိုင်ငံရေးသမားများထံမှ ထိရောက်သော စီမံခန့်ခွဲမှုနှင့် ထိရောက်သော လုပ်ဆောင်ချက်များပင်။ သူဖြတ်သန်းလာသော လက်တွေ့ဘ၀တွင် အိပ်စိုက်ကများသည်။ နောက်ဆုံး ဖူးဖူးမှုတ်ထားပြီး အားကိုးသော မိဘပင်သူ့အပေါ် မကြည်ဖြူတော့ပေ။ အရာရာကို ပညာရှင်ဆန်ဆန်တွေးခေါ်တတ်သော ကိုဖြိုး၏ဘ၀တွင်