အနိုင်ကျင့်တတ်သော လောကဓံနှင့် အရှုံးမပေးတတ်သော သူမ
Listen now
Description
အဖေနဲ့အမေပြီးရင် လက်ချိုးရေတွက်စရာက သူမတစ်ယောက်တည်းသာ။ မကြာသေးခင်ကမှ အစားထိုးမရသော အမေ လောကကြီးရဲ့အပြင်ဖက်ကို သူမတို့ သားအဖအား နှုတ်ဆက်ထွက်ခွါသွားသည်။ အရာရာကို အသားကျဖို့ လုံးပန်းနေရသော သူမရဲ့ နေ့ရက်တိုင်းက ကြိုးဝိုင်းနှင့် ပြိုင်ဖက်။ အဆိုးတရားများကား တစ်ယောက်တည်း မနေတတ်၊ အဖော်အပေါင်းနဲ့လာသကဲ့သို့ မနိုနိုနှင့် တနိုင်ငံလုံးအတွက် အပူမီးကား အားပြင်းပြင်းနှင့် လောင်တော့သည်။ မြန်မာ၏စစ်တပ်၏ တရားမ၀င် အာဏာသိမ်းမှု ဖြစ်ပွားပြီးချိန်တွင် မနိုနိုတို့ တက္ကသိုလ်ကျောင်းသား ကျောင်းသူများလည်း ‌မနေသာတော့ပေ။ တက်ညီလက်ညီ အကြမ်းမဖက် ဆန္ဒပြပွဲများတွင် အားတက်သရော ပါ၀င်ခဲ့ကြသည်။ သို့သော် စစ်ကောင်စီ၏ ဆိုးရွားသော နိုမ်နင်းသတ်ဖျတ်မှုများကို မျက်မြင်ကြုံတွေ့ရချိန်တွင် ဆောက်တည်ရာမရဖြစ်ခဲ့သည်။ ၈၈ အရေးအခင်း စာအုပ်ထဲက စာသားများကား အပိုအလို မရှိပေ။ သူမ ဆုံးဖြတ်ချက်တခုကို အသေအချာ ချလိုက်သည်မှာ လက်နက်ကိုင်အဖွဲ့အစည်းများဆီသို့ပင်။ အဖေတခုသမီးတခုဘ၀ကနေ တကောင်ကြွက်တော်လှန်ရေးသမားဘ၀ကို သူမ ခြေစုံပစ် ၀င်ခဲ့တော့သည်။ ထိုနောက် ကြုံတွေ့ရသော သူမ၏အတွေ့အကြုံများနှင့် သူမ၏ အတွေးအခေါ်များကား ဘ၀ပန်းချီကားတစ်ချပ်ကဲ့သို့ ဆေးရောင်စုံလှသည်။ ထိုအကြောင်းအရာများကို ' တော်လှန်ခြင်းများနှင့် ခေတ်သစ်မြန်မာပြည် podcast' တွင် နားထောင်နိုင်မည်ဖြစ်ပါသည်။
More Episodes
မျိုးစေ့ပညာကို တစိုက်မတ်မတ် လေ့လာခုံမင်တတ်သော သူမ။ ပြည်သူ့အစိုးရလက်ထက်တွင် မိမိကျွမ်းကျင်ရာဖြင့် နိုင်ငံ့၀န်ထမ်းအဖြစ် တာ၀န်ယူခဲ့သည်။ သူမသတိမထားမိခဲ့သည်ကား မျိုးစေ့နှင့်ပတ်သတ်လျှင် ချဉ်ပေါင် ကန်စွန်းလောက် ဗဟုသုတဖြင့် ပညာရှင်များကို အမိန့်ပေးမည့် မိုးကျရွှေကိုယ် တဖြစ်လဲ စစ်အရာရှိဟောင်း...
Published 01/10/24
သူမကို ခင်မင်သူတွေက မသော် ဟု ခေါ်ကြသည်။ သူမ၏ဘ၀သည် အာဏာမသိမ်းခင်က ရိုးရှင်းသည်။ ဘာသာပြန်၊ အင်္ဂလိပ်စာဆရာမအဖြစ် Professional ကျကျ လုပ်ကိုင်သူ၊ သူမ၏ကလေးတွေအတွက် မအားမလပ်သည့်ကြားက အချိန်ပေးတတ်သူ၊ ဘ၀ကို ခေတ်မီမီ ဖြတ်သန်းနေသော မိခင်ကောင်း၊ အမျိုးသမီးကောင်း တစ်ဦးဖြစ်သော သူမ။ စစ်အာဏာသိမ်းမှု...
Published 11/25/23