Description
ကိုဒေးဗစ် ရဲ့ ဘ၀ဟာ အပူအပင်ကင်းသည်။ ကိုယ်ဝါသနာပါရာ သီချင်း ဂီတ ဓာတ်ပုံ အကုန်လုပ်ခွင့်ရသည်။ ကိုယ်တိုင်ရဲ့ ကြိုးစားရုန်းကန်မှုနှင့်အတူ သာယာမှု အဆင်ပြေမှုတွေက ယှဉ်လျက်ရှိသော ကို David အတွက်ကား စိတ်ကူးအိမ်မက်တွေနောက် ကခုန်၍ လိုက်ရုံပင်။ နိုင်ငံရေးကို သိစရာမလိုဟု ခတ်ပေါ့ပေါ့သာ တွေးသည်။ စိတ်လည်းမ၀င်စား။ သို့သော် အနုပညာဆန်သော စိတ်ဓာတ်နှင့် လူသားဆန်မှုကို သူ့ဝါသနာနှင့် သူချစ်သော ခွေးကလေးက သက်သေ။ တနေ့ သူအိပ်မက်မျှ မမက်ဖူးသော ဘ၀ကို ခြေစုံပစ်၀င်ရမည့် အခြေအနေသို့ရောက်ရှိလာခဲ့သည်။ မြန်မာစစ်တပ်မှ တရားမ၀င်အာဏာသိမ်းပြီးချိန် ဆန္ဒပြဖို့ စိတ်မ၀င်စားသေး။ သပိတ်တွေအပြီး သူငယ်ချင်းများနှင့်အတူ အမှိုက်လိုက်ကောက်ရင်း အခြေအနေကို စောင့်ကြည့်နေခဲ့သည်။ စစ်အာဏာရှင်၏ မျက်နှာဖုံးကား ကြာကြာမတပ်နိုင်၊ စက္ကူကပ်ကိုင်ဆန္ဒပြလူငယ်တွေကို အကြမ်းဖက်ဖမ်းစီးနိုပ်စက်သည့်အပြင် အသေပါသတ်တော့သည်။ သူဘယ်လိုမှ မယုံနိုင်၊ နိုင်ငံရေးကို သူမျက်မြင်တွေ့သောအခါ ရိုးရှင်းသောဆုံးဖြတ်ချက်ချသည်။ စစ်အာဏာရူးများ မြန်မာမှာ လုံး၀ ပျောက်ကွယ်မှ ဖြစ်မည်။ ရှည်ရှည်ဝေးဝေးမစဉ်းစားနိုင်၊ စစ်သင်တန်းပြေးတက်ကာ မြေအောက်လှုပ်ရှားမှု စတင်တော့သည်။ ခက်သည်ကား လူငယ်တို့၏ သာဘာ၀၊ ပေါ့ပေါ့ပါးပါးတွေးရင်း အဖမ်းခံရသည့် အဖော်များက လက်ညိုးထိုးလိုက်သည်မှာ ကိုဒေးဗစ်၏အိမ်။ စစ်လက်နက်အပြည့်အစုံနှင့် စစ်သားငါးဆယ်ခန့်က အိမ်ကို ဝိုင်းပြီး ရှိသမျှအကုန် မ,တော့သည်။ အမှတ်တရများစွာဖြင့် စုဆောင်းထားသော ဂီတတူရိယာများ အိမ်ရှိပစ္စည်းများ camera များ၊ lens များ တခုမှမကျန်တော့။ အဆိုးရွှားဆုံးကား သူချစ်သော ခွေးကလေးကို အသေပစ်သတ်သွားကြခြင်းပင်။ အိမ်ခေါင်းမိုးတခု၏အပေါ်တွင် စုတ်ပြတ်သတ်နေသော ခန္ဓာကိ