Episodes
ကွယ်လွန်သူ NLD နာယက သူရဦးတင်ဦးအတွက် ဒေါ်အောင်ဆန်းစုကြည် လွမ်းသူ့ပန်းခြင်းပေးပို့၊ မင်းကင်းမြို့နယ် မင်္ဂလာပွဲ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် လူ ၃၀ နီးပါးသေဆုံး စတာတွေအပြင် စီးပွားရေး၊ လူမှုရှုခင်း သီတင်းပတ်စဉ် အစီအစဉ်တွေကို တင်ဆက်ထားပါတယ်။
Published 06/03/24
သမ္မတဘိုင်ဒင် ငြိမ်းချမ်းရေးအဆိုပြုချက် အစ္စရေးလက်ခံ၊ ထိုင်ဝမ်အရေး Shangri-La လုံခြုံရေးညီလာခံမှာ တရုတ်သတိပေး၊ စတာတွေအပြင် ဒီမိုကရေစီရေးရာ ဆွေးနွေးခန်း၊ ကမ္ဘာ့မြန်မာ့ မီဒီယာမြင်ကွင်း၊ မြန်မာပြည်မှပေးစာ၊ မြင်ကွင်းကျယ်မှတ်စု၊ ထူးခြားဆန်းပြား သတင်းများတို့ကို တင်ဆက်ထားပါတယ်။
Published 06/02/24
ကာကွယ်ရေး ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးဟောင်း သူရ ဦးတင်ဦး ကိုယ်တိုင်ပြောတဲ့ သူ့သမိုင်း၊ မြန်မာနိုင်ငံထိန်းမနိုင် သိမ်းမရ မဖြစ်အောင် ဝိုင်းကြိုးစားဖို့လိုနေ၊ အမေရိကန်လုံခြုံရေးအတွက် အာရှအရေးပါမှု ဝန်ကြီး Austin ထောက်ပြစတဲ့သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေ တင်ဆက်ထားပါတယ်။
Published 06/01/24
တရားရုံးဆုံးဖြတ်ချက် Trump ပယ်ချ၊ အမေရိကန်နဲ့ တရုတ်ကာကွယ်ရေးဝန်ကြီးတွေ တွေ့ဆုံ၊ Shangri-La Dialogue မှာ မြန်မာ့အရေးဆွေးနွေး၊ နေအိမ်ကြမ်းခင်းဈေးလျှော့ဖို့ လျှောက်ထားချက် ဒေါ်အောင်ဆန်းစုကြည်ရှေ့နေတွေ ကန့်ကွက် စတဲ့သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေ တင်ဆက်ထားပါတယ်။
Published 05/31/24
မြန်မာတော်လှန်ရေးအင်အားစုတွေနဲ့ ဆက်ဆံဖို့ ပဋိပက္ခလေ့လာရေးအဖွဲ့တွေ နိုင်ငံတကာကိုတိုက်တွန်း၊ ဂါဇာစစ်ပွဲရပ်ရေး နိုင်ငံတကာကြိုးပမ်းပေးဖို့ အီဂျစ်သမ္မတတောင်းဆို၊ အွန်လိုင်း ငွေလှဲနှုန်းတင်သူတွေကို အရေးယူမည် အပါအဝင် အပတ်စဉ် မြန်မာ့အရေးသုံးသပ်ချက်၊​ ကျန်းမာရေး၊​ တိုင်းရင်းသတင်းလွှာတို့ကို နားဆင်ရမှာပါ။
Published 05/30/24
ကျပ်ငွေတန်ဖိုး ကျဆင်းမှုကြောင့် စီးပွားရေးလုပ်ငန်းတွေထိခိုက်၊ မြန်မာနိုင်ငံ နယ်စပ်ဒေသ ဥပဒေမဲ့လုပ်ငန်းတွေမှာ Starlink အသုံးပြုမှုတွေရှိ စတာတွေအပြင် အယ်ဒီတာနဲ့ ဆွေးနွေးခန်း၊ GenZ မျိုးဆက်၊ အားကစား သီတင်းပတ်စဉ် ကဏ္ဍတွေကိုလည်း တင်ဆက်ထားပါတယ်။
Published 05/29/24
မြန်မာအပါအဝင် ဒေသတွင်းမှာ စိတ်ကြွဆေးစံချိန်တင်ဖမ်းဆီးရမိကြောင်း ကုလထုတ်ပြန်၊ ထိုင်းနိုင်ငံမှာ တိုက်ခန်းဝယ်သူ နိုင်ငံခြားသားတွေထဲ မြန်မာဒုတိယအများဆုံး စာရင်းဝင် စတာတွေအပြင် မြေကြီးသြဇာ၊ မြန်မာနဲ့ ယူကရိန်း နှိုင်းယှဉ်ချက်၊ အမေရိကန်နိုင်ငံရေး၊ ကမ္ဘာတလွှား ခရီးသွား အစီအစဉ်တွေကို တင်ဆက်ထားပါတယ်။
Published 05/28/24
လူ့အခွင့်အရေး ချိုးဖောက်မှု အချက်အလက်တွေ စစ်ကောင်စီကို IIMM တောင်းဆို၊ ဝိုင်းမော်မှာ မော်တော်ယာဉ်တန်း ပစ်ခတ်ခံရ အနည်းဆုံး ၁ ဦးသေ၊ ၂၀ ကျော်ဒဏ်ရာရ စတာတွေအပြင် စီးပွားရေး၊ လူမှုရှုခင်း သီတင်းပတ်စဉ် အစီအစဉ်တွေကို တင်ဆက်ထားပါတယ်။
Published 05/27/24
ဂါဇာဒေသအတွက် အကူအညီတွေ ကုန်တင်ကားတွေနဲ့ စတင်ပို့ဆောင်၊ ယူကရိန်းဈေးဆိုင် ရုရှားတိုက်ခိုက်မှုကြောင့် ၁၄ ဦးသေ၊ ၄၀ ကျော်ဒဏ်ရာရ စတာတွေအပြင် ဒီမိုကရေစီရေးရာ ဆွေးနွေးခန်း၊ ကမ္ဘာ့မြန်မာ့ မီဒီယာမြင်ကွင်း၊ မြန်မာပြည်မှပေးစာ၊ မြင်ကွင်းကျယ်မှတ်စု၊ ထူးခြားဆန်းပြား သတင်းများတို့ကို တင်ဆက်ထားပါတယ်။
Published 05/26/24
ရုရှားထိန်းချုပ်ငွေတိုး သုံးစွဲရေး G7 ဘဏ္ဍာရေးဝန်ကြီးတွေဆွေးနွေး၊ တာလောကြီးကျေးရွာနဲ့ KIA တပ်ရင်း ၁၁ ဗုံးကြဲတိုက်ခိုက်ခံရ၊ ကမ္ဘာ့စီးပွားရေးကြံ့ခိုင်လို့ IMF သုံးသပ်၊ အပူလှိုင်းဒဏ်ကြောင့် Pakistan မှာကျောင်းတွေပိတ်ထား စတဲ့သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေ တင်ဆက်ထားပါတယ်။
Published 05/25/24
မြန်မာပြည်သူတွေကို ကာကွယ်ဖို့ အမေရိကန်နဲ့ မဟာမိတ်တွေတောင်းဆို၊ ရခိုင်မှာရိုဟင်ဂျာ ၄၅၀၀၀ အိုးမဲ့အိမ်မဲ့ဖြစ်လို့ ကုလပြော၊ ရွှေကုက္ကိုလ်မှာ အခိုင်းခံရသူတဦးကိုယ်တိုင်ပြောပြတဲ့ အတွေ့အကြုံ၊ ဓားစာခံ ၃ ဦးအလောင်း အစ္စရေးစစ်တပ်ပြန်တွေ့ စတဲ့သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေ တင်ဆက်ထားပါတယ်။
Published 05/24/24
ပါလက်စတိုင်း အနောက်ဘက်ကမ်းခြေကို ၂ ရက်ကြာဝင်တိုက်မှု အစ္စရေးအဆုံးသတ်၊ ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်က မစောတံတား မိုင်းခွဲ တိုက်ခိုက်ခံရ၊​ ဒေါ်စုအိမ်ကို ဈေးလျော့ပြီး လေလံပြန်တင်ဖို့ ပြင်ဆင် စတာတွေနဲ့ အပတ်စဉ် မြန်မာ့အရေးသုံးသပ်ချက်၊​ ကျန်းမာရေး၊​ တိုင်းရင်းသတင်းလွှာတို့ကို တင်ဆက်ပေးထားပါတယ်။​
Published 05/23/24
ရခိုင်ပြည်နယ်မှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ပေါ်ပေါက်မယ့်အရေး အမေရိကန်သတိပေး၊ မြစ်ဆုံစီမံကိန်း ပြန်စမယ့်သတင်းကြောင့် စိုးရိမ်မှုတွေထွက်ပေါ် စတာတွေအပြင် အယ်ဒီတာနဲ့ ဆွေးနွေးခန်း၊ Gen-Z မျိုးဆက်၊ အားကစား သီတင်းပတ်စဉ် ကဏ္ဍတွေကိုလည်း တင်ဆက်ထားပါတယ်။
Published 05/22/24
ရခိုင်ပြည်နယ် စစ်ပွဲတွေကြား အရပ်သားတွေ ထိခိုက်မှု ကုလစိုးရိမ်၊ ကချင်ပြည်နယ်၊ ဝိုင်းမော် တိုက်ပွဲတွေကြား အရပ်သားတချို့ ထိခိုက်သေဆုံး စတာတွေအပြင် မြေကြီးသြဇာ၊ မြန်မာနဲ့ ယူကရိန်း နှိုင်းယှဉ်ချက်၊ အမေရိကန်နိုင်ငံရေး၊ ကမ္ဘာတလွှား ခရီးသွား အစီအစဉ်တွေကို တင်ဆက်ထားပါတယ်။
Published 05/21/24
အစ္စရေးနဲ့ ဟာမတ်စ် ထိပ်တန်းခေါင်းဆောင်တွေ ဖမ်းဝရမ်းထုတ်ဖို့ ICC ပြင်ဆင်၊ ရခိုင်ပြည်နယ် စစ်ပွဲအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကြုံရမှာ ကုလစိုးရိမ် စတာတွေအပြင် စီးပွားရေး၊ လူမှုရှုခင်း သီတင်းပတ်စဉ် အစီအစဉ်တွေကို တင်ဆက်ထားပါတယ်။
Published 05/20/24
ရိုဟင်ဂျာတွေကိုပစ်မှတ်ထားတိုက်ခိုက်မှုစွပ်စွဲချက်AA အဖွဲ့ငြင်းဆန်၊အစ္စရေးလေကြောင်းတိုက်ခိုက်မှုကြောင့် ဂါဇာဒုက္ခသည်စခန်းမှာလူ ၂၀ထက်မနည်းသေဆုံး စတာတွေအပြင်ဒီမိုကရေစီရေးရာဆွေးနွေးခန်း၊ကမ္ဘာ့မြန်မာ့ မီဒီယာမြင်ကွင်း၊မြန်မာပြည်မှပေးစာ၊မြင်ကွင်းကျယ်မှတ်စု၊ ထူးခြားဆန်းပြားသတင်းများတို့ကို တင်ဆက်ထားပါတယ်။
Published 05/19/24
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်ထဲက စစ်တပ်စခန်းအားလုံး AA သိမ်းပိုက်၊ ကူမင်းဆွေးနွေးပွဲ ရလဒ်မထွက်ဘဲ ပြီးဆုံး၊ Rafah မြို့မှာ တိုက်ပွဲတွေပြင်းထန်၊ ကမ္ဘာ့ခြင်္သေ့နဲ့ နဂါးအကပြိုင်ပွဲ အင်ဒိုနီးရှားမှာကျင်းပ စတဲ့သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေ တင်ဆက်ထားပါတယ်။
Published 05/18/24
ယာယီဆိပ်ခံတံတားကနေ ဂါဇာကို အကူအညီတွေ စတင်ပို့ဆောင်၊ ဒေါ်အောင်ဆန်းစုကြည်အိမ် လေလံဈေးပြင်ဖို့ ဦးအောင်ဆန်းဦးကြိုးစား၊ ပူပြင်းမှုဒဏ်ခံနေရတဲ့ ချောက်နဲ့ မန္တလေး၊ မတ္တရာမြို့နယ်ထဲ အတင်းအကျပ် စစ်သားစုဆောင်း၊ လိင်တမူကွဲတွေအပေါ် မုန်းတီးမှု တိုက်ဖျက်ရေးနေ့၊ စတဲ့သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေ တင်ဆက်ထားပါတယ်။
Published 05/17/24
သမ္မတ Biden နဲ သမ္မတဟောင်း Trump တို့ ၂ ကြိမ် စကားစစ်ထိုးမည်၊ မြန်မာကို စာနာမှုအကူအညီပေးရေးကိစ္စ စစ်ကောင်စီနဲ့ အာဆီယံအကြီးအကဲ ဆွေးနွေး၊ KIA စစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး ခေါင်လွန်းရဲ့ ဈာပနအခမ်းအနား လိုင်ဇာမှာ ကျင်းပ စတာတွေနဲ့ အပတ်စဉ်ကဏ္ဍတွေကို တင်ဆက်ပေးထားပါတယ်။​
Published 05/16/24
ညီနောင်မဟာမိတ် ၃ ဖွဲ့နဲ့ စစ်ကောင်စီ ကူမင်းမှာ တွေ့ဆုံဆွေးနွေး၊ ရာဖာမြို့မှာ အစ္စရေးရဲ့ထိုးစစ် ချက်ခြင်းရပ်ဖို့ EU တောင်းဆို၊ စတာတွေအပြင် အယ်ဒီတာနဲ့ ဆွေးနွေးခန်း၊ GenZ မျိုးဆက်၊ အားကစား သီတင်းပတ်စဉ် ကဏ္ဍတွေကိုလည်း တင်ဆက်ထားပါတယ်။
Published 05/15/24
ဂျပန်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီ ဒု-အကြီးအကဲ မြန်မာအတိုက်အခံတွေနဲ့တွေ့ဆုံ၊ စစ်ရှောင်တွေ ခိုလှုံရာ မိုးညှင်းသမ္ဗုဒ္ဓေ ဘုရားဝင်း လက်နက်ကြီးကျည်ထိမှန်၊ စတာတွေအပြင် မြေကြီးသြဇာ၊ မြန်မာနဲ့ ယူကရိန်း နှိုင်းယှဉ်ချက်၊ အမေရိကန်နိုင်ငံရေး၊ ကမ္ဘာတလွှားခရီးသွား အစီအစဉ်တွေကို တင်ဆက်ထားပါတယ်။
Published 05/14/24
အစ္စရေးနဲ့ ဟာမတ်စ်တို့ Rafah မှာ တိုက်ပွဲပြင်းထန်၊ မြင်းမူမှာ အရပ်သား ၃၀ ကျော်ကို စစ်ကောင်စီနဲ့ ပျူစောထီးတို့ ပစ်ခတ် သတ်ဖြတ်၊ မံစီနဲ့ မိုးမောက်အနီး တိုက်ပွဲတွေပြင်းထန် တို့အပြင် အပတ်စဉ် စီးပွားရေး၊ လူမှုရှုခင်းနဲ့ ဆိုရှယ်မီဒီမှာ လူကြည့်များတဲ့ တမိနစ်သတင်း အစီအစဉ်တို့ကို တင်ဆက်ပေးထားပါတယ်။
Published 05/13/24
အစ္စရေး လေကြောင်းတိုက်ခိုက်မှုကြောင့် ဂါဇာမှာ ၁၉ ဦးသေဆုံး၊ အင်ဒိုနီးရှား ရေးကြီးမှု အနည်းဆုံး လူ ၁၂ ဦး သေဆုံး စတာတွေအပြင် ရိုဟင်ဂျာတွေရဲ့အခက်အခဲ၊ ဒီမိုကရေစီရေးရာ ဆွေးနွေးခန်း၊ ကမ္ဘာ့မြန်မာ့ မီဒီယာမြင်ကွင်း၊ မြန်မာပြည်မှပေးစာ၊ မြင်ကွင်းကျယ်မှတ်စု၊ ထူးခြားဆန်းပြားသတင်းများတို့ကို တင်ဆက်ထားပါတယ်။
Published 05/12/24
Rafah ကနေထွက်သွားကြဖို့ အစ္စရေးထပ် သတိပေး၊ အာဖဂန်ရေကြီးမှု ၃၀၀ ကျော်သေဆုံး၊ သံလိုက်မုန်တိုင်းကြောင့် ဥတ္တရအလင်းတန်းတွေ တွေ့မြင် စတဲ့သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေ တင်ဆက်ထားပါတယ်။
Published 05/11/24
အစ္စရေးထိုးစစ်ကြောင့် Rafah က ထွက်ပြေးသူ တသိန်းကျော်၊ မကွေးတိုင်း ကျောက်ထုမှာ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှု ၁၅ ဦးထက်မနည်း သေဆုံး၊ မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ကို ထောင်ဒဏ် အနှစ် ၂၀ ထပ်တိုးချ စတာတွေနဲ့ အပတ်စဉ် အမျိုးသမီး၊ သုတစုံလင် အမေရိကန်တခွင်၊ သိပ္ပံနဲ့ နည်းပညာ တို့ကို တင်ဆက်ထားပါတယ်။
Published 05/10/24