Episodes
လက်ဘနွန်က Hezbollah အဖွဲ့ကို စစ်မျက်နှာသစ်ဖွင့်ပြီး အစ္စရေးတိုက်ခိုက်၊ ဆိုင်းတောင်ရွာအနီး စစ်ကောင်စီ လေကြောင်းက တိုက်ခိုက်၊ ကော့ကရိတ်မှာ တိုက်ပွဲပြင်းထန်နေ စတာတွေနဲ့ အပတ်စဉ် မြန်မာ့အရေးသုံးသပ်ချက်၊​ ကျန်းမာရေးနဲ့​ တိုင်းရင်းသတင်းလွှာတို့ကို နားဆင်ရပါမယ်။
Published 09/19/24
နေပြည်တော် တပ်ကုန်းမှာ ရေဘေးဒုက္ခသည် ၁၅၀ ခန့် အစာအဆိပ်သင့်၊ စစ်ဒဏ်၊ ရေဘေးဒဏ်သင့် မြန်မာနဲ့ ကမ္ဘာတလွှား ပြည်သူတွေအတွက် ပုပ်ရဟန်းမင်းကြီး ဆုတောင်း စတာတွေအပြင် အယ်ဒီတာနဲ့ ဆွေးနွေးခန်း၊ GenZ မျိုးဆက်၊ အားကစား သီတင်းပတ်စဉ် ကဏ္ဍတွေကိုလည်း တင်ဆက်ထားပါတယ်။
Published 09/18/24
ရေဘေးကြောင့် သေဆုံးသူ ၂၂၆ ယောက်ရှိကြောင်း စစ်ကောင်စီသတင်းထုတ်ပြန်၊ ရေဘေးသင့် မြန်မာပြည်သူတွေ အမေရိကန်ကူမည် စတာတွေအပြင် မြေကြီးသြဇာ၊ မြန်မာနဲ့ ယူကရိန်း နှိုင်းယှဉ်ချက်၊ အမေရိကန်နိုင်ငံရေး၊ ကမ္ဘာတလွှား ခရီးသွား အစီအစဉ်တွေကို တင်ဆက်ထားပါတယ်။
Published 09/17/24
သမ္မတဟောင်းထရမ့်အပေါ် လုပ်ကြံဖို့ ကြိးစားမှုအတွက် ပြည်တွင်း၊ ပြည်ပ ရှုတ်ချ၊ မုန်တိုင်းသင့် မြန်မာနိုင်ငံအတွက် အိန္ဒိယ၊ ကိုရီးယား အကူအညီပေးဖို့ ကြေညာ စတာတွေအပြင် အရပ်သားတွေ လေကြောင်းရန်က ကာကွယ်ပေးနိုင်ရေး မေးမြန်းခန်း၊ စီးပွားရေး၊ လူမှုရှုခင်း သီတင်းပတ်စဉ် အစီအစဉ်တွေကို တင်ဆက်ထားပါတယ်။
Published 09/16/24
မြန်မာနိုင်ငံမှာ ရေဘေးကြောင့် သေဆုံးသူ ၁၁၃ ဦး အထိတိုး၊ ရှန်ဟိုင်းမှာ တိုင်ဖွန်းအန္တရာယ် သတိပေးချက်ထုတ်ပြန် စတာတွေအပြင် ဒီမိုကရေစီရေးရာ ဆွေးနွေးခန်း၊ ကမ္ဘာ့မြန်မာ့ မီဒီယာမြင်ကွင်း၊ မြန်မာပြည်မှပေးစာ၊ မြင်ကွင်းကျယ်မှတ်စု၊ ထူးခြားဆန်းပြား သတင်းများတို့ကို တင်ဆက်ထားပါတယ်။
Published 09/15/24
ရေဘေးအကူအညီလိုကြောင်း စစ်ကောင်စီအကြီးအကဲပြော၊ ရှမ်းနဲ့ ကချင်မှာ တိုက်ပွဲတွေဆက်ဖြစ်၊ ကန် ဗြိတိန် ယူကရိန်းအတွက် တာဝေးပစ်ဒုံးဆိုင်ရာ မဆုံးဖြတ်သေး၊ တရုတ်စီးပွားရေးတိုးနှုန်း ဆက်လက်နှေးကွေး စတဲ့သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေ တင်ဆက်ထားပါတယ်။
Published 09/14/24
နောက်ထပ်ရေကြီးနိုင်တဲ့နေရာတွေ မိုးဇလသတိပေး၊ မြန်မာရေဘေးကူညီဖို့ အမေရိကန်အသင့်ရှိ၊ မြန်မာသတင်းသမားတွေ သတ်ဖြတ်ခံနေရမှု Guardian သတင်းစာမှာဖော်ပြ၊ နောက်ထပ်စကားစစ်ထိုးပွဲ မလုပ်တော့လို့ Trump ပြော စတဲ့သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေ တင်ဆက်ထားပါတယ်။
Published 09/13/24
ဂါဇာမှာ ကုလဝန်ထမ်း ၆ ဦး သေဆုံးမှုအတွက် အစ္စရေးကို အီးယူ ဝေဖန်၊ ရေကြီးမှုကြောင့် မန္တလေးတိုင်းမှာ ၂၀ ထက်မနည်း သေဆုံး၊ ဖားကန့် ဆိုင်းတောင် ရဲစခန်းကို KIA နဲ့ ပူးပေါင်းတပ်တွေ သိမ်းပိုက် စတာတွေနဲ့ အပတ်စဉ် မြန်မာ့အရေးသုံးသပ်ချက်၊​ ကျန်းမာရေးနဲ့​ တိုင်းရင်းသတင်းလွှာတို့ကို နားဆင်ရပါမယ်။
Published 09/12/24
စစ်မှုထမ်းစုဆောင်းခံရသူ လူငယ်တွေ အစောင့်စစ်သား ၂ ဦးကိုသတ်ပြီးတိမ်းရှောင်၊ နေပြည်တော်၊ တပ်ကုန်းမှာ မိုးများရေကြီး စတာတွေအပြင် အယ်ဒီတာနဲ့ ဆွေးနွေးခန်း၊ Gen-Z မျိုးဆက်၊ အားကစား သီတင်းပတ်စဉ် ကဏ္ဍတွေကိုလည်း တင်ဆက်ထားပါတယ်။
Published 09/11/24
အမေရိကန် သမ္မတလောင်း ၂ ဦး ဒီကနေ့ည စကားစစ်ထိုးမည်၊ လေကြောင်းတိုက်ခိုက်မှုကြောင့် မောင်တောမှာ အကျဉ်းသား ၅၀ ကျော် သေဆုံးကြောင်း AA အဖွဲ့ သတင်းထုတ်ပြန် စတာတွေအပြင် မြေကြီးသြဇာ၊ မြန်မာနဲ့ ယူကရိန်း နှိုင်းယှဉ်ချက်၊ အမေရိကန်နိုင်ငံရေး၊ ကမ္ဘာတလွှား ခရီးသွား အစီအစဉ်တွေကို တင်ဆက်ထားပါတယ်။
Published 09/10/24
စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ပေါက်တောမှာ လူ ၂၀ ခန့်သေဆုံး၊စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုတွေ အရှိန်မြှင့်လာတဲ့အပေါ် ကုလကျွမ်းကျင်သူတွေ သတိပေး စတာတွေအပြင် လက်နက်ကိုင် ပဋိပက္ခတွေမှာ တရုတ်နိုင်ငံ အခမ်းကဏ္ဍအပေါ် မေးမြန်းခန်း၊စီးပွားရေး၊လူမှုရှုခင်း သီတင်းပတ်စဉ် အစီအစဉ်တွေကိုတင်ဆက်ထားပါတယ်။
Published 09/09/24
အနောက်ဖက်ကမ်းဒေသ ပစ်ခတ်မှုမှာ အစ္စရေး ၃ ဦး သေဆုံး၊ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် လားရှိုးမြို့မှာ ထိခိုက်ပျက်စီး စတာတွေအပြင် ဒီမိုကရေစီရေးရာ ဆွေးနွေးခန်း၊ ကမ္ဘာ့မြန်မာ့ မီဒီယာမြင်ကွင်း၊ မြန်မာပြည်မှပေးစာ၊ မြင်ကွင်းကျယ်မှတ်စု၊ ထူးခြားဆန်းပြား သတင်းများတို့ကို တင်ဆက်ထားပါတယ်။
Published 09/08/24
ကလေးငယ်တွေသေဆုံးတဲ့ စစ်တပ်တိုက်ခိုက်မှု ရှမ်းလူငယ်တွေ ရှုတ်ချ၊ Yagi မုန်တိုင်းကြောင့် ဗီယက်နမ်မှာလည်း သေဆုံး ဒဏ်ရာရ၊ နယူးယောက် တိုက်ခိုက်ဖို့ ကြံစည်သူ ကနေဒါမှာ ဖမ်းမိ၊ ကမ္ဘာ့တည်ငြိမ်အေးချမ်းမှုအန္တရာယ် ကန်နဲ့ ဗြိတိန်သတိပေး စတဲ့သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေ တင်ဆက်ထားပါတယ်။
Published 09/07/24
စစ်တပ်ဗုံးကြဲလို့ ဖယ်ခုံစစ်ဘေးရှောင် ၁၀ ယောက်ထက်မနည်းသေဆုံး၊ နမ့်ခမ်းမှာ စစ်တပ်ဗုံးကြဲလို့ ၁၁ ဦးသေဆုံး၊ MOU လုပ်သားတွေ ၂၅% ငွေပြန်မလွှဲရင် ပြည်ပထွက်ခွင့် ပိတ်ခံရနိုင်၊ ကင်ညာကျောင်း မီးလောင်မှု ကျောင်းသား ၁၇ ယောက်သေဆုံး စတဲ့သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေ တင်ဆက်ထားပါတယ်။
Published 09/06/24
ဒီမိုကရက်သမ္မတလောင်း Harris နိုင်ဖို့ ရုရှားသမ္မတ အားပေး၊ လွိုင်ကော်သွားတဲ့ စစ်ကောင်စီအကြီးအကဲ လက်နက်ကြီးနဲ့ တိုက်ခိုက်ခံရ၊ ရှမ်းပြည်သူ့စစ်အဖွဲ့တချို့ SSPP/SSA နဲ့ ပြန်လည် ပူးပေါင်း စတာတွေနဲ့ အပတ်စဉ် မြန်မာ့အရေးသုံးသပ်ချက်၊​ ကျန်းမာရေးနဲ့​ တိုင်းရင်းသတင်းလွှာတို့ကို နားဆင်ရပါမယ်။
Published 09/05/24
ရိုဟင်ဂျာအရေး ဆွေးနွေးဖို့ ဘင်္ဂလားဒေ့ရှ်ရဲ့ လိုလားချက် AA အဖွဲ့ကြိုဆို၊ မန်တုံမြို့မှာ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်ပျက်စီး စတာတွေအပြင် အယ်ဒီတာနဲ့ ဆွေးနွေးခန်း၊ GenZ မျိုးဆက်၊ အားကစား သီတင်းပတ်စဉ် ကဏ္ဍတွေကိုလည်း တင်ဆက်ထားပါတယ်။
Published 09/04/24
မန္တလေးနန်းတွင်း ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်ခံရ၊ ရန်ကုန်-မော်လမြိုင် အဝေးပြေးလမ်း ခရီးသည်တင်ကား ပစ်ခတ်ခံရမှု ၂ ဦးသေဆုံး စတာတွေအပြင် မြေကြီးသြဇာ၊ မြန်မာနဲ့ ယူကရိန်း နှိုင်းယှဉ်ချက်၊ အမေရိကန်နိုင်ငံရေး၊ ကမ္ဘာတလွှား ခရီးသွား အစီအစဉ်တွေကို တင်ဆက်ထားပါတယ်။
Published 09/03/24
သမ္မတ Biden နဲ့ Kamala Harris တို့ ပူးတွဲ မဲဆွယ် စည်းရုံးမည်၊ အောက်တိုဘာလဆန်းမှာ စစ်ကောင်စီ သန်းခေါင်စာရင်းကောက်မည် စတာတွေနဲ့ နိုင်ငံတကာက ထောက်ခံမှု အလှည့်အပြောင်းနဲ့ မြန်မာနိုင်ငံသစ် အလားအလာ အကြောင်းဆွေးနွေးချက်၊ အပတ်စဉ် စီးပွားရေးနဲ့ လူမှုရှုခင်း အစီအစဉ်တွေကို တင်ဆက်ထားပါတယ်။
Published 09/02/24
ဂါဇာဒေသမှာ အစ္စရေးဓားစာခံ ၆ ဦး သေဆုံး၊ ဖိလစ်ပိုင်မှာ အွန်လိုင်းရာဇဝတ်မှုတွေအတွက် မြန်မာအပါအဝင် လူ ၁၆၀ ကျော်ကိုဖမ်းဆီး၊ စတာတွေအပြင် ဒီမိုကရေစီရေးရာ ဆွေးနွေးခန်း၊ ကမ္ဘာ့မြန်မာ့ မီဒီယာမြင်ကွင်း၊ မြန်မာပြည်မှပေးစာ၊ မြင်ကွင်းကျယ်မှတ်စု၊ ထူးခြားဆန်းပြား သတင်းများတို့ကို တင်ဆက်ထားပါတယ်။
Published 09/01/24
ကိုးကန့် MNDAA သိမ်းထားတဲ့ လားရှိုးမြို့ပေါ် စစ်တပ်ဗုံးကြဲ၊ မြောက်ပိုင်းတိုက်ပွဲအခြေအနေ တရုတ်စောင့်ကြည့်နေ၊ ဖိလစ်ပိုင်နဲ့ တရုတ် သင်္ဘောတွေ တမင်ဝင်တိုက်လို့ အပြန်အလှန်စွပ်စွဲ စတဲ့သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေ တင်ဆက်ထားပါတယ်။
Published 08/31/24
အမေရိကန် Democratic ပါတီသမ္မတလောင်းရဲ့ ပထမဆုံးရုပ်သံမေးမြန်းခန်း။ TNLA ကိုတရုတ်စာပို့ ဖိအားပေး။ မီတာခတွေ ၂ ဆကျော် တိုးတော့မည်။ ထိုင်းအတိုက်အခံ ၄၄ ယောက်ကို စုံစမ်းစစ်ဆေးနေ စတဲ့သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေ တင်ဆက်ထားပါတယ်။
Published 08/30/24
ကန် နဲ့ တရုတ်သမ္မတတို့ လာမယ့်သီတင်းပတ်တွေအတွင်း စကားပြောဖို့ရှိ၊ မောင်ရွှေလေး ရေတပ်စခန်းအနီးကို စစ်ကောင်စီ လေကြောင်းက တိုက်ခိုက်၊ Dawei Watch သတင်းထောက် ၂ ဦးကို ထောင်ဒဏ် နှစ်ရှည်ချထား စတာတွေနဲ့ အပတ်စဉ် မြန်မာ့အရေးသုံးသပ်ချက်၊​ ကျန်းမာရေးနဲ့​ တိုင်းရင်းသတင်းလွှာတို့ကို တင်ဆက်ပေးထားပါတယ်။
Published 08/29/24
မြန်မာ့အရေး ကုလသမဂ္ဂမှာ ဆုံးဖြတ်ချက်ချနိုင်ရေး ဗြိတိန်ဦးဆောင်ကြိုးပမ်း၊ မြန်မာနိုင်ငံအခြေစိုက် အွန်လိုင်း ရာဇဝတ်မှုနဲ့ ဆက်နွယ်သူ ၅ သောင်းကျော် တရုတ်ဖမ်းဆီး စတာတွေအပြင် အယ်ဒီတာနဲ့ ဆွေးနွေးခန်း၊ GenZ မျိုးဆက်၊ အားကစား သီတင်းပတ်စဉ် ကဏ္ဍတွေကိုလည်း တင်ဆက်ထားပါတယ်။
Published 08/28/24
ကန် အမျိုးသားလုံခြုံရေးအကြံပေး တရုတ်နိုင်ငံခြားရေးဝန်ကြီးနဲ့တွေ့၊ မြန်မာနယ်စပ်မှာ တရုတ်စစ်ရေးလေ့ကျင့်မှု စတင်၊ မြန်မာကို စာနာမှုအကူအညီ ဘတ် ၉ သန်း ထိုင်းကူညီ စတာတွေနဲ့ အပတ်စဉ် မြေကြီးသြဇာ၊ မြန်မာနဲ့ ယူကရိန်း နှိုင်းယှဉ်ချက်၊ အမေရိကန်နိုင်ငံရေး၊ ကမ္ဘာတလွှား ခရီးသွား တို့ကို တင်ဆက်ထားပါတယ်။
Published 08/27/24