မိန်းမတစ်ယောက်က ယောက်ျားတစ်ယောက်ကို ချစ်တဲ့အခါ [ဂျူး] Audiobook by သီဟလုလင်
Listen now
Description
ဆရာမ ဂျူး ရဲ့ ပရိတ်သတ်တစ်ယောက်အနေနဲ့ရော စာချစ်သူတစ်ယောက်အနေနဲ့ပါ ဒီ ဝတ္ထုလေးကို သဘောတကျ ဖတ်ဖြစ်ခဲ့တယ်။ အချိန်ကာလအားဖြင့် ခေတ်မမီတော့ပေမဲ့ တစ်ချိန်တစ်ခါက ချစ်သူစုံတွဲတွေကြား ဖြစ်လေ့ဖြစ်ထရှိတဲ့ ပုံစံမျိုးကို ဖတ်ရှုရပါတယ်။ ဝတ္ထုတိုအဟောင်းလေးပေမဲ့ ခေတ်ကာလသာ ပြောင်းသွားပေမဲ့ ချစ်သူစုံတွဲတွေကြား ဖြစ်ပျက်တတ်တာလေးကတော့ အတူတူပဲမို့ လူတိုင်း ခံစားနိုင်မယ်လို့ ယုံကြည်ပါတယ်။ စာဖတ်ပျင်းတဲ့ကာလမှာ စာကောင်းပေမွန်များစွာကို နားသောတဆင်ရင်း မြင်ယောင်ဖတ်ရှုနိုင်ပါစေလို့ ဆန္ဒပြုရင်း...| Website: https://www.thihathetraveller.com || Facebook: https://www.facebook.com/travellerthiha || Instagram: https://www.instagram.com/thihalulin || YouTube: https://www.youtube.com/thihalulin || Email me @ [email protected] |
More Episodes
ကျွန်တော် ခုတလော ထပ်ဖတ်ဖြစ်တဲ့ ဆရာမ ဂျူး ရဲ့​ဝတ္ထုတိုလေးတစ်ပုဒ်ကို ထပ်ပြီး ဖတ်ပြဝေမျှပါတယ်။ အကြောင်းအရာလေးက ရိုးရိုးရှင်းရှင်းနဲ့ မောင်နှမချစ်ခြင်းမေတ္တာမျိုးကို ဖော်ညွှန်းပါတယ်။ ပူလောင်တဲ့အချစ်ထက် သိမ်မွေ့နက်နဲတဲ့ မိတ်ဆွေချင်းချစ်ခြင်းမေတ္တာသဘောတွေကို မြင်တွေ့ရသလို၊ ဆရာမ ရဲ့ ဝတ္ထုတွေမှာ...
Published 02/07/23
ထိုင်းနိုင်ငံ ကို အကြောင်းအမျိုးမျိုးနဲ့ ရောက်ရှိသွားလာလည်ပတ်လုပ်ကိုင်နေကြသူတွေ ဒီနှစ်အတွင်းမှာ အတော်လေး များလာပါတယ်။ စာရင်းအရ တစ်နှစ်အတွင်းမှာ မြန်မာလုပ်သား ၄ သန်းကနေ ၁၀ သန်းအထိ တိုးသွားတယ်လို့ ဖော်ပြတာကြောင့် ထိုင်းနိုင်ငံမှာ နည်းမျိုးစုံနဲ့ ဝင်ရောက်လာပြီး အလုပ်လုပ်နေသူ မြန်မာအရေအတွက်...
Published 10/30/22