Episodes
ကျွန်တော် ခုတလော ထပ်ဖတ်ဖြစ်တဲ့ ဆရာမ ဂျူး ရဲ့​ဝတ္ထုတိုလေးတစ်ပုဒ်ကို ထပ်ပြီး ဖတ်ပြဝေမျှပါတယ်။ အကြောင်းအရာလေးက ရိုးရိုးရှင်းရှင်းနဲ့ မောင်နှမချစ်ခြင်းမေတ္တာမျိုးကို ဖော်ညွှန်းပါတယ်။ ပူလောင်တဲ့အချစ်ထက် သိမ်မွေ့နက်နဲတဲ့ မိတ်ဆွေချင်းချစ်ခြင်းမေတ္တာသဘောတွေကို မြင်တွေ့ရသလို၊ ဆရာမ ရဲ့ ဝတ္ထုတွေမှာ ပေးလေ့ပေးထရှိတဲ့ အသိပညာဗဟုသုတတွေလည်း ပါဝင်တဲ့ ဝတ္ထုတိုလေးကို ပညာပေးမဆန်ဘဲ ရသအစွမ်းနဲ့ဖတ်ရသူ မပျင်းရိရဘဲ စီးမျောသွားအောင် ရေးဖွဲ့သွားပါတယ်။စာဖတ်ပျင်းတဲ့ကာလမှာ စာကောင်းပေမွန်များစွာကို နားသောတဆင်ရင်း...
Published 02/07/23
ဆရာမ ဂျူး ရဲ့ ပရိတ်သတ်တစ်ယောက်အနေနဲ့ရော စာချစ်သူတစ်ယောက်အနေနဲ့ပါ ဒီ ဝတ္ထုလေးကို သဘောတကျ ဖတ်ဖြစ်ခဲ့တယ်။ အချိန်ကာလအားဖြင့် ခေတ်မမီတော့ပေမဲ့ တစ်ချိန်တစ်ခါက ချစ်သူစုံတွဲတွေကြား ဖြစ်လေ့ဖြစ်ထရှိတဲ့ ပုံစံမျိုးကို ဖတ်ရှုရပါတယ်။ ဝတ္ထုတိုအဟောင်းလေးပေမဲ့ ခေတ်ကာလသာ ပြောင်းသွားပေမဲ့ ချစ်သူစုံတွဲတွေကြား ဖြစ်ပျက်တတ်တာလေးကတော့ အတူတူပဲမို့ လူတိုင်း ခံစားနိုင်မယ်လို့ ယုံကြည်ပါတယ်။ စာဖတ်ပျင်းတဲ့ကာလမှာ စာကောင်းပေမွန်များစွာကို နားသောတဆင်ရင်း မြင်ယောင်ဖတ်ရှုနိုင်ပါစေလို့ ဆန္ဒပြုရင်း...| Website:...
Published 01/25/23
ထိုင်းနိုင်ငံ ကို အကြောင်းအမျိုးမျိုးနဲ့ ရောက်ရှိသွားလာလည်ပတ်လုပ်ကိုင်နေကြသူတွေ ဒီနှစ်အတွင်းမှာ အတော်လေး များလာပါတယ်။ စာရင်းအရ တစ်နှစ်အတွင်းမှာ မြန်မာလုပ်သား ၄ သန်းကနေ ၁၀ သန်းအထိ တိုးသွားတယ်လို့ ဖော်ပြတာကြောင့် ထိုင်းနိုင်ငံမှာ နည်းမျိုးစုံနဲ့ ဝင်ရောက်လာပြီး အလုပ်လုပ်နေသူ မြန်မာအရေအတွက် အတော်လေးများနေပြီလို့ ဆိုနိုင်ပါတယ်။ ဒီတော့ ကားမောင်းဖို့လည်း အကြောင်းဖြစ်လာကြပါတယ်။ ထိုင်းရဲ့ တခြားဒေသတွေမှာ ကားမောင်းရတာက ဘန်ကောက်လို ခက်ခဲရှုပ်ထွေးမှုမျိုးနည်းလို့ တခြားမြို့တွေမှာ နေထိုင်သွားလာသူတွေအတွက်...
Published 10/30/22
ကျွန်တော် ခုချိန်ထိ အပျော်ခရီးဆိုတာ မထွက်ဖြစ်သေးဘူး။ ခရီးသွား Blogger က ခရီးမသွားရတော့ အတော်လေး အကျဉ်းကျခံနေရသလိုပါပဲ။ ဒါပေမဲ့ ခရီးသွားရတဲ့ ခံစားမှုလေးမျိုးကို ကိုယ့်ဟာကိုယ်ပဲ ဖန်တီးယူပါတယ်။ အဲ့ဒါက သီချင်းတွေနားထောင်တာပါ။ ကျွန်တော်က ခရီးသွားတိုင်း သီချင်းနားထောင်တယ်။ သီချင်းအမျိုးအစားစုံကို နားထောင်ရတာကြိုက်တယ်။ စတီရီယိုခေတ်ဦးက သီချင်းတွေထိကို ပြန်ရှာနားထောင်တတ်တဲ့အထိ သီချင်းတွေကို စွဲလမ်းသူပါ။ ဒါကြောင့်လည်း ဒီနေ့ Podcast လေးမှာ ၇၀ နဲ့ ၈၀ ခုနှစ်တွေတုန်းက သီချင်းကောင်းလေးတွေ ကျွန်တော်...
Published 11/05/21
သုံးမည်ရတဲ့ ချင်းပြည်နယ်တောင်ပိုင်းက ကမ္ဘာကျော်တောင်ထိပ်ကို ကျွန်တော်တို့ ခြေလျင်ခရီး အတက်အဆင်း သွားခဲ့ကြတယ်။ လွန်ခဲ့တဲ့ ၅ နှစ်လောက်က သွားခဲ့တဲ့ နတ်မတောင် (သို့မဟုတ်) ဝိတိုရိယတောင် ခရီးစဉ်က အခုထိတိုင် ပြန်ပြောတိုင်း ပြန်မြင်ယောင်ဆဲ၊ ပြန်ကျေနပ်ပျော်ရွှင်ရဆဲ ပါပဲ။ သဘာဝအလှတရားတွေ မပျက်စီးသေးဘဲ ကျန်ကြွင်းနေဆဲ ဒီနယ်မြေတွေဟာ အခုအခါမှာတော့ ထိတ်လန့်တုန်လှုပ်စရာ နိုင်ငံရေးအပြောင်းအလဲရဲ့ ဓားစာခံ မြေဇာပင်တွေ ဖြစ်နေရပြီလို့ ဆိုရပါတော့မယ်။ သိပ်လှတဲ့ ချစ်ရသော ချင်းမြေ ကို ‌အမြန်ဆုံး ဘေးကင်းရှင်းပြီး...
Published 09/25/21
၂၀၀၅ ခုနှစ်တုန်းက ထင်ပါတယ်။ နန်းဒေဝီ စာပေ က ဖြန့်ချိထားတဲ့ စာအုပ်ဟောင်းလေးတစ်ခုကို ငယ်ငယ်လေးတုန်းက ဖတ်ခဲ့ဖူးပေမဲ့ ခု စာအုပ်စဉ်မှာ ပြန်တွေ့လို့ တစ်ခါ ပြန်ဖတ်ရင်း သဘောကျလို့ အသံထွက်စာအုပ်လေး အဖြစ် အသက်သွင်းဖြစ်ပါတယ်။ မူရင်းက Dr. Spencer Johnson ရဲ့ "Who Moved My Cheese" ပါ။ မူရင်းစာအုပ်မှာကို အတော်ရောင်းကောင်းခဲ့တာ သတင်းတွေ ကြားခဲ့ရဖူးပါတယ်။ မြန်မာဘာသာပြန်ဆိုပေးတာတော့ ဆရာ တင်မောင်မြင့် ပါ။ ငယ်ငယ်တုန်းက အင်္ဂလိပ်လို မကျွမ်းကျင်ချိန် နားလည်သဘောပေါက်အောင် မြန်မာလို ချောချောမွေ့မွေ့...
Published 09/18/21
ဒီတစ်ပတ် Episode လေးမှာတော့ တွေးဆပြင်ဆင်စရာ အကြောင်းအရာကောင်းတစ်ခုဖြစ်တဲ့ "ငါ့ ဒိန်ခဲ ကို ဘယ်သူနေရာရွှေ့ထားသလဲ" ဆိုတဲ့ စာရေးဆရာ တင်မောင်မြင့် ရဲ့ ဘာသာပြန်စာအုပ်လေးကို အသံထွက်စာအုပ်လေးအသွင် ဖတ်ပြဖြစ်ခဲ့ပါတယ်။ ဖတ်ရင်း ကျွန်တော့်ကိုကျွန်တော် ပြန်မြင်မိသလို၊ ဒီစာကို ဖတ်မိသူတိုင်းလည်း ဒီဇာတ်ကောင်လေးတွေထဲမှာ ကိုယ်ဟာ ဘယ်သူနဲ့တူသလဲဆိုတာ ပြန်မြင်မိကြတဲ့အထိ ဇာတ်လမ်းဟာ လက်တွေ့သိပ်ကျလွန်းတယ်လို့ ဆိုပါရစေ။ ဘဝအတွက်၊ အလုပ်အတွက်၊ အောင်မြင်ရေးအတွက်၊ မိသားစုအရေးအတွက်၊ လူမှုရေးအတွက် အားလုံးကို...
Published 09/17/21
Podcast လေးကို ခုလပိုင်းတွေ ပစ်ထားမိသလို ဖြစ်နေတယ်။ ဒီနေ့ Episode လေးမှာတော့ သဘောကျမိတဲ့ အတွေးအမြင် အကြောင်းအရာလေးတစ်ခုကို တင်ဆက်ချင်ပါတယ်။ လက်နှီး (လက်သုတ်ပုဝါ) လေးတွေကို ကျွန်တော်တို့ ဘဝနဲ့ ယှဉ်ပြီး စဉ်းစားကြည့်မိတာပါ။ စိတ်ကူးတွေးခေါ်စရာ တစ်ခုခု ရရှိမယ်လို့ ယုံကြည်ပါတယ်။ ဒီ Episode လေးနားဆင်ပြီး ကိုယ်ခံစားရတဲ့ အတွေးအမြင်လေးတွေကိုလည်း ဝေမျှဆွေးနွေးနေပါတယ်ခင်ဗျ။ | Website: https://www.thihathetraveller.com | | Facebook: https://www.facebook.com/travellerthiha | | Instagram:...
Published 08/19/21
ကျွန်တော်တို့ နိုင်ငံမှာ စိတ်ဝင်စားစရာ လှပတဲ့ နေရာလေးတွေ အများကြီးရှိပါတယ်။ အဲ့ဒီအထဲမှာ အင်းဝမြို့ဟောင်း ဟာလည်း ပါဝင်ပါတယ်။ အင်းဝမြို့ထဲမှာ ဒီနှစ်ပိုင်းတွေ ခရီးသွားတွေကြား ရေပန်းစားလာတဲ့ ရတနာဆီးမီး ဘုရားစု နဲ့ ပတ်သက်သမျှ စုစည်းလို့ ဒီနေ့ ကျွန်တော့်ရဲ့ Podcast ကနေ တင်ပြပေးလိုက်ရပါတယ်။ ခရီးသွားဖို့ ကောင်းတဲ့အချိန် မဟုတ်သေးတော့ သောတအာရုံလေးနဲ့ စိတ်ကူးထဲက ပုံဖော်နိုင်ဖို့ မျှော်လင့်ပါတယ်ခင်ဗျာ။ | Website: https://www.thihathetraveller.com | | Facebook: https://www.facebook.com/travellerthiha...
Published 07/07/21
ဒီနေ့ ကျွန်တော့် ရဲ့ Podcast မှာတော့ ဖခင်များနေ့ နဲ့ တိုက်ဆိုင်နေလို့ အဖေတွေနဲ့ ပတ်သက်တဲ့ အကြောင်းအရာတချို့ ဝေမျှ ထားပါတယ်။ ဒါ့အပြင် စာရေးဆရာ နတ်ရဲ (ရူပဗေဒ) ရဲ့ "ပင်လယ်ကို မမုန်းပါဘူးဖေဖေ" ဝတ္ထုတို ကို အသံထွက်ဝတ္ထုအဖြစ် ဖခင်များနေ့ အမှတ်တရ အသက်သွင်းထားပါတယ်ခင်ဗျ။ | Website: https://www.thihathetraveller.com | | Facebook: https://www.facebook.com/travellerthiha | | Instagram: https://www.instagram.com/thihalulin | | YouTube: https://www.youtube.com/thihalulin | | Email me @...
Published 06/20/21
ဇွန်လ (၁၄) ရက်နေ့ ကို ကမ္ဘာ့သွေးလှူရှင်များနေ့ လို့ ဆိုပါတယ်။ သွေးလှူဖို့ တွန့်ဆုတ်နေမိတဲ့ ကိုယ့်ကိုကိုယ် ဘာလို့များ တွန့်ဆုတ်နေမိလည်း တွေးမိပြီး ကိုယ့်လို စိတ်ဒွိဟ ဖြစ်နေသူတွေလည်း လှူဖို့ အားတက်အောင်လို့ ဒီနေ့မှာတော့ သွေးလှူခြင်းနဲ့ ပတ်သက်ပြီး သိသင့်သိထိုက်တာတွေ၊ ဆောင်ရန် ရှောင်ရန် တွေကို စုစည်းတင်ပြပေးလိုက်ပါတယ်ဗျာ။ | Website: https://www.thihathetraveller.com | | Facebook: https://www.facebook.com/travellerthiha | | Instagram: https://www.instagram.com/thihalulin | | YouTube:...
Published 06/14/21
ဇွန်လ ကို Pride Month ဆိုပြီး သက်တန့်ရောင်လေးတွေ လွှမ်းခြုံတတ်ကြတယ်။ ကျွန်တော့်ရဲ့ ဒီကနေ့ Podcast Show ကနေ LGBT တွေနဲ့ သက်ဆိုင်တဲ့ အကြောင်းအရာတစ်ခုကို တင်ဆက်ချင်ပါတယ်ခင်ဗျာ။ | Website: https://www.thihathetraveller.com | | Facebook: https://www.facebook.com/travellerthiha | | Instagram: https://www.instagram.com/thihalulin | | YouTube: https://www.youtube.com/thihalulin | | Email me @ [email protected] |
Published 06/08/21
ဘေးမှာရှိတုန်း တန်ဖိုးထားပါဆိုတာ ချစ်သူခင်သူတွေကိုပဲ ပြောတာလို့ မယူဆပါနဲ့... သူလည်း ပါဝင်ပါတယ်။ | Website: https://www.thihathetraveller.com | | Facebook: https://www.facebook.com/travellerthiha | | Instagram: https://www.instagram.com/thihalulin | | YouTube: https://www.youtube.com/thihalulin | | Email me @ [email protected] |
Published 06/04/21
စက်ဘီး စီးတဲ့ အားကစား ဟာ ၉၀ ခုနှစ်ဖွားတွေနဲ့တော့ မစိမ်းလှပေမဲ့ ၂၀၀၀ ပြည့်နှစ်နောက်ပိုင်း ဖွားတွေအတွက်တော့ စက်ဘီး စီးတဲ့ အလေ့အထ တဖြေးဖြေး ဝေးကွာလာခဲ့တယ်လို့ ဆိုနိုင်မယ်ထင်ပါတယ်။ ခုနောက်ပိုင်းမှာ တကြော့ပြန် ခေတ်စားလာတဲ့ စက်ဘီးစီးခြင်းဟာ အားကစားလှုပ်ရှားမှုအသွင် ဖြစ်လာပြီး ပိုကြံ့ခိုင်သန်စွမ်းကျန်းမာစေတဲ့ အပြုအမူအနေနဲ့ နေ့စဉ် နေထိုင်မှုဘဝမှာ သဘောတွေ့လာကြပါတယ်။ စက်ဘီးစီးအားကစား ကို စိတ်ဝင်စားသူတွေ၊ စက်ဘီးစီးပြီး ပြည်တွင်း ပြည်ပ ခရီးထွက်လိုသူတွေအတွက် သိသင့်သိထိုက်တာလေးတွေကို ကြိုးစားပြုစုထားသလို၊...
Published 06/03/21
ဘဝ မှာ ကြုံဆုံခဲ့ရဖူးတဲ့ ဖာ လို့ ချိုးနှိမ်ခေါ်ဝေါ်ခဲ့ကြတဲ့ လိင်လုပ်သားတွေ ရဲ့ ဘဝ အပိုင်းအစ တချို့ကို တီးခေါက်မိသလောက် ပြောဆိုဖြစ်ပါတယ်။ လိင်လုပ်သားတွေ ရဲ့ ရင့်နင့်စရာ အဖြစ်အပျက်အတွေ၊ ရယ်မောစရာတွေ၊ ရုန်းထွက်အောင်မြင်မှုတွေအကြောင်းကို comment မှာလည်း ဝေမျှနိုင်ပါတယ်ခင်ဗျာ... | Website: https://www.thihathetraveller.com | | Facebook: https://www.facebook.com/travellerthiha | | Instagram: https://www.instagram.com/thihalulin | | YouTube: https://www.youtube.com/thihalulin | | Email me @...
Published 06/02/21
"အင်းဝမြို့ဟောင်း မှ ညောင်ရမ်းခေတ်စေတီများ" ဒီနေ့ ကျွန်တော့် ရဲ့ Podcast မှာတော့ အင်းဝမြို့ဟောင်းရောက်ရင် တွေ့မြင်ကြရမယ့် စိတ်ဝင်စားစရာ တည်ဆောက်ပုံရှိကြတဲ့ ညောင်ရမ်းခေတ်စေတီတွေအကြောင်း ကို တင်ဆက်ထားပါတယ်ခင်ဗျာ။ Season 2 ရဲ့ ပထမဆုံးအပိုင်းလေးလည်းဖြစ်လို့ အပြောင်းအလဲတချို့အကြောင်းကိုလည်း ပြောပြထားပါတယ်။ ညောင်ရမ်းခေတ် ဟာ ဒုတိယအင်းဝခေတ် လည်း ဖြစ်ပါတယ်။ ညောင်ရမ်းခေတ် လက်ရာ ရှေးဟောင်းစေတီ နဲ့ အဆောက်အအုံတွေကို အင်းဝ မှာ ယနေ့တိုင်မြင်တွေ့နိုင်ဆဲဖြစ်တာဟာလည်း နှစ်သက်စရာပါ။ သမိုင်းကြောင်း သိရင်...
Published 06/01/21
မထင်မှတ်ဘဲ အခြေအနေအမျိုးမျိုးကြောင့် စာတစ်အုပ်ဟာ လတွေအများတွေကြာတဲ့အထိ ဖြစ်သွားရတယ်။ ဒီနေ့ ကျွန်တော့်ရဲ့ Podcast Episode (35) မှာတော့ ကျွန်တော် အထူးနှစ်သက်တဲ့ စာအုပ်တစ်အုပ် ဖြစ်တဲ့ စာရေးဆရာ ချမ်းမြေ့ဝင်း ဘာသာပြန် "သုခမြေပုံ" ကို အသံထွက်ဖတ်ပြတာလေး နိဂုံးချုပ်နိုင်ပါပြီ။ ဒါ့အပြင် ကျွန်တော့် Podcast လည်း တစ်နှစ် သက်တမ်းရှိပြီမို့ Season 1 ရဲ့ အပိတ် show ဆိုလည်း မမှားပါဘူး။ ဒီစာအုပ်မှာ အခန်း (၁၀) ခန်း ရှိပြီး နိုင်ငံ (၁၀) နိုင်ငံ မှာ ပျော်ရွှင်ခြင်းရှာပုံတော် ဖွင့်ထားတာပါ။ ဇာစ်မြစ်...
Published 05/31/21
ဒီနေ့ ကျွန်တော့်ရဲ့ Podcast Episode (34) မှာတော့ ကျွန်တော် အထူးနှစ်သက်တဲ့ စာအုပ်တစ်အုပ် ဖြစ်တဲ့ စာရေးဆရာ ချမ်းမြေ့ဝင်း ဘာသာပြန် "သုခမြေပုံ" ကို အသံထွက် ဆက် ဖတ်ပြထားပါတယ်။ စာအုပ်မှာ အခန်း (၁၀) ခန်း ရှိပြီး နိုင်ငံ (၁၀) နိုင်ငံ မှာ ပျော်ရွှင်ခြင်းရှာပုံတော် ဖွင့်ထားတာပါ။ ဇာစ်မြစ် စာအုပ်ထုတ်ဝေရေး က ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ မှာ ထုတ်ဝေလိုက်တဲ့ စာအုပ်ဖြစ်ပြီး မူရင်းစာအုပ်ကတော့ Eric Weiner ရဲ့ The Geography of Bliss ပဲ ဖြစ်ပါတယ်။ အခုတစ်ခါတော့ အပိုင်း (၉) မှာ ပျော်ရွှင်ခြင်းရှာတဲ့ ခရီးသည်ကြီးဟာ သူ...
Published 05/30/21
ဒီနေ့ ကျွန်တော့်ရဲ့ Podcast Episode (33) မှာတော့  ရှေ့ကလိုပဲ ကျွန်တော် အထူးနှစ်သက်တဲ့ စာအုပ်တစ်အုပ် ဖြစ်တဲ့ စာရေးဆရာ ချမ်းမြေ့ဝင်း ဘာသာပြန် "သုခမြေပုံ" ကို အသံထွက် ဖတ်ပြထားပါတယ်။ စာအုပ်မှာ အခန်း (၁၀) ခန်း ရှိပြီး နိုင်ငံ (၁၀) နိုင်ငံ မှာ ပျော်ရွှင်ခြင်းရှာပုံတော် ဖွင့်ထားတာပါ။ ဇာစ်မြစ် စာအုပ်ထုတ်ဝေရေး က ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ မှာ ထုတ်ဝေလိုက်တဲ့ စာအုပ်ဖြစ်ပြီး မူရင်းစာအုပ်ကတော့ Eric Weiner ရဲ့ The Geography of Bliss ပဲ ဖြစ်ပါတယ်။ အခုတစ်ခါတော့ အပိုင်း (၈) မှာ ပျော်ရွှင်ခြင်းရှာတဲ့ ခရီးသည်ကြီးဟာ...
Published 05/29/21
ဒီနေ့ ကျွန်တော့်ရဲ့ Podcast Episode (32) မှာတော့ ဆက်ပြီးတော့ ကျွန်တော် အထူးနှစ်သက်တဲ့ စာအုပ်တစ်အုပ် ဖြစ်တဲ့ စာရေးဆရာ ချမ်းမြေ့ဝင်း ဘာသာပြန် "သုခမြေပုံ" ကို အသံထွက် ဖတ်ပြထားပါတယ်။ အခန်း (၁၀) ခန်း ရှိပြီး နိုင်ငံ (၁၀) နိုင်ငံ မှာ ပျော်ရွှင်ခြင်းရှာပုံတော် ဖွင့်ထားတာပါ။ ဇာစ်မြစ် စာအုပ်ထုတ်ဝေရေး က ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ မှာ ထုတ်ဝေလိုက်တဲ့ စာအုပ်ဖြစ်ပြီး မူရင်းစာအုပ်ကတော့ Eric Weiner ရဲ့ The Geography of Bliss ပဲ ဖြစ်ပါတယ်။ အခုတစ်ခါတော့ အပိုင်း (၇) မှာ ကျွန်တော်ကိုယ်တိုင်လည်း ပျော်စရာနိုင်ငံ...
Published 05/28/21
ကျွန်တော့်ရဲ့ Podcast Episode (31) မှာတော့ ကျွန်တော် အထူးနှစ်သက်တဲ့ စာအုပ်တစ်အုပ် ဖြစ်တဲ့ စာရေးဆရာ ချမ်းမြေ့ဝင်း ဘာသာပြန် "သုခမြေပုံ" ကို အသံထွက် ဖတ်ပြထားပါတယ်။ ဇာစ်မြစ် စာအုပ်ထုတ်ဝေရေး က ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ မှာ ထုတ်ဝေလိုက်တဲ့ စာအုပ်ဖြစ်ပြီး မူရင်းစာအုပ်ကတော့ Eric Weiner ရဲ့ The Geography of Bliss ပဲ ဖြစ်ပါတယ်။ အခုတစ်ခါတော့ အပိုင်း (၆) မှာတော့ ပျော်ရွှင်ခြင်းရှာဖွေတဲ့ ခရီးသည်ကြီးဟာ သူကိုယ်တိုင်က လူဘူ ဖြစ်နေလို့ မပျော်ရွှင်တဲ့နိုင်ငံ တစ်ခုခုကို လည်ပတ်ကြည့်ရင် သူ ပိုပျော်လာမယ်လို့...
Published 05/27/21
ကျွန်တော့်ရဲ့ Podcast Episode (30) မှာတော့ ကျွန်တော် အထူးနှစ်သက်တဲ့ စာအုပ်တစ်အုပ် ဖြစ်တဲ့ စာရေးဆရာ ချမ်းမြေ့ဝင်း ဘာသာပြန် "သုခမြေပုံ" ကို အသံထွက် ဖတ်ပြထားပါတယ်။ ဇာစ်မြစ် စာအုပ်ထုတ်ဝေရေး က ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ မှာ ထုတ်ဝေလိုက်တဲ့ စာအုပ်ဖြစ်ပြီး မူရင်းစာအုပ်ကတော့ Eric Weiner ရဲ့ The Geography of Bliss ပဲ ဖြစ်ပါတယ်။ အခုတစ်ခါတော့ အပိုင်း (၅) အနေနဲ့ အိုက်စလန်နိုင်ငံ အကြောင်းကို တင်ဆက်လာပါတယ်။ ရေခဲတွေ ဝန်းရံနေပြီး အမှောင်ယံကြီးစိုးမှုများတဲ့ နိုင်ငံ ဟာ ကမ္ဘာ့အပျော်ဆုံးနိုင်ငံတွေထဲမှာ...
Published 05/24/21
ဒီနေ့အတွက် ကျွန်တော့်ရဲ့ Podcast Episode (29) မှာတော့ ကျွန်တော် အထူးနှစ်သက်တဲ့ စာအုပ်တစ်အုပ် ဖြစ်တဲ့ စာရေးဆရာ ချမ်းမြေ့ဝင်း ဘာသာပြန် "သုခမြေပုံ" ကို အသံထွက် ဖတ်ပြထားပါတယ်။ ဇာစ်မြစ် စာအုပ်ထုတ်ဝေရေး က ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ မှာ ထုတ်ဝေလိုက်တဲ့ စာအုပ်ဖြစ်ပြီး မူရင်းစာအုပ်ကတော့ Eric Weiner ရဲ့ The Geography of Bliss ပဲ ဖြစ်ပါတယ်။ အခုတစ်ခါတော့ အပိုင်း (၄) အနေနဲ့ ကာတာနိုင်ငံ အကြောင်းကို တင်ဆက်လာပါတယ်။ ရေနံနဲ့ ချမ်းသာတဲ့ နိုင်ငံတစ်နိုင်ငံ ဟာ ပျော်ရွှင်ခြင်းကို ငွေနဲ့ တည်ဆောက်ယူခဲ့သလား၊...
Published 05/03/21
ဒီနေ့အတွက် ကျွန်တော့်ရဲ့ Podcast Episode (28) မှာတော့ ကျွန်တော် အထူးနှစ်သက်တဲ့ စာအုပ်တစ်အုပ် ဖြစ်တဲ့ စာရေးဆရာ ချမ်းမြေ့ဝင်း ဘာသာပြန် "သုခမြေပုံ" ကို အသံထွက် ဖတ်ပြထားပါတယ်။ ဇာစ်မြစ် စာအုပ်ထုတ်ဝေရေး က ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ မှာ ထုတ်ဝေလိုက်တဲ့ စာအုပ်ဖြစ်ပြီး မူရင်းစာအုပ်ကတော့ Eric Weiner ရဲ့ The Geography of Bliss ပဲ ဖြစ်ပါတယ်။ အခုတစ်ခါတော့ အပိုင်း (၃) အနေနဲ့ ဘူတန်နိုင်ငံ ကို ပျော်ရွှင်ခြင်း ရှာပုံတော်ခရီး ဖွင့်ခဲ့တာကို နားဆင်ကြရမှာပါ။ ဘူတန်ကို ကျွန်တော်လည်း အတော်စိတ်ဝင်စားပါတယ်။ တော်ရုံလူ...
Published 03/22/21