034 :: [Audio Book] Thu Kha Myay Pon (Part - 9)
Listen now
Description
ဒီနေ့ ကျွန်တော့်ရဲ့ Podcast Episode (34) မှာတော့ ကျွန်တော် အထူးနှစ်သက်တဲ့ စာအုပ်တစ်အုပ် ဖြစ်တဲ့ စာရေးဆရာ ချမ်းမြေ့ဝင်း ဘာသာပြန် "သုခမြေပုံ" ကို အသံထွက် ဆက် ဖတ်ပြထားပါတယ်။ စာအုပ်မှာ အခန်း (၁၀) ခန်း ရှိပြီး နိုင်ငံ (၁၀) နိုင်ငံ မှာ ပျော်ရွှင်ခြင်းရှာပုံတော် ဖွင့်ထားတာပါ။ ဇာစ်မြစ် စာအုပ်ထုတ်ဝေရေး က ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ မှာ ထုတ်ဝေလိုက်တဲ့ စာအုပ်ဖြစ်ပြီး မူရင်းစာအုပ်ကတော့ Eric Weiner ရဲ့ The Geography of Bliss ပဲ ဖြစ်ပါတယ်။ အခုတစ်ခါတော့ အပိုင်း (၉) မှာ ပျော်ရွှင်ခြင်းရှာတဲ့ ခရီးသည်ကြီးဟာ သူ ချစ်လည်းချစ်သလို မုန်းလည်းမုန်းတဲ့ တနည်း ချစ်ရင်းနဲ့ မုန်းနေတဲ့ အိန္ဒိယနိုင်ငံ ကို ခရီးထွက်ခဲ့ပါတယ်။ အိန္ဒိယ ရဲ့ ပျော်ရွှင်ခြင်းဟာ ဝိရောဓိတွေကြားမှာ ရှိနေတယ်လို့ သုံးသပ်ထားတယ်။ ပိုက်ဆံရှိတာ နဲ့ ပျော်ရွှင်တာ မဆိုင်ဘူးလို့လည်း အိန္ဒိယ က သင်ကြားပေးပြန်တယ်။ အိန္ဒိယနိုင်ငံ အကြောင်းကို ဖတ်ရင်း နိုင်ငံရေး၊ လူမှုရေး၊ ယဉ်ကျေးမှုဓလေ့ နဲ့ လည်ပတ်စရာတွေကို အစုံ သိရှိလိုက်ရမှာ ဖြစ်ပါတယ်။ နားဆင်ကြည့်စေချင်ပါတယ်။ | Website: https://www.thihathetraveller.com | | Facebook: https://www.facebook.com/travellerthiha | | Instagram: https://www.instagram.com/thihalulin | | YouTube: https://www.youtube.com/thihalulin | | Email me @ [email protected] |
More Episodes
ကျွန်တော် ခုတလော ထပ်ဖတ်ဖြစ်တဲ့ ဆရာမ ဂျူး ရဲ့​ဝတ္ထုတိုလေးတစ်ပုဒ်ကို ထပ်ပြီး ဖတ်ပြဝေမျှပါတယ်။ အကြောင်းအရာလေးက ရိုးရိုးရှင်းရှင်းနဲ့ မောင်နှမချစ်ခြင်းမေတ္တာမျိုးကို ဖော်ညွှန်းပါတယ်။ ပူလောင်တဲ့အချစ်ထက် သိမ်မွေ့နက်နဲတဲ့ မိတ်ဆွေချင်းချစ်ခြင်းမေတ္တာသဘောတွေကို မြင်တွေ့ရသလို၊ ဆရာမ ရဲ့ ဝတ္ထုတွေမှာ...
Published 02/07/23
ဆရာမ ဂျူး ရဲ့ ပရိတ်သတ်တစ်ယောက်အနေနဲ့ရော စာချစ်သူတစ်ယောက်အနေနဲ့ပါ ဒီ ဝတ္ထုလေးကို သဘောတကျ ဖတ်ဖြစ်ခဲ့တယ်။ အချိန်ကာလအားဖြင့် ခေတ်မမီတော့ပေမဲ့ တစ်ချိန်တစ်ခါက ချစ်သူစုံတွဲတွေကြား ဖြစ်လေ့ဖြစ်ထရှိတဲ့ ပုံစံမျိုးကို ဖတ်ရှုရပါတယ်။ ဝတ္ထုတိုအဟောင်းလေးပေမဲ့ ခေတ်ကာလသာ ပြောင်းသွားပေမဲ့ ချစ်သူစုံတွဲတွေကြား...
Published 01/25/23