အမှတ်တရများစွာနဲ့ နတ်မတောင်တက်ခရီး | How we trekked Mount Victoria in Chin Land
Listen now
Description
သုံးမည်ရတဲ့ ချင်းပြည်နယ်တောင်ပိုင်းက ကမ္ဘာကျော်တောင်ထိပ်ကို ကျွန်တော်တို့ ခြေလျင်ခရီး အတက်အဆင်း သွားခဲ့ကြတယ်။ လွန်ခဲ့တဲ့ ၅ နှစ်လောက်က သွားခဲ့တဲ့ နတ်မတောင် (သို့မဟုတ်) ဝိတိုရိယတောင် ခရီးစဉ်က အခုထိတိုင် ပြန်ပြောတိုင်း ပြန်မြင်ယောင်ဆဲ၊ ပြန်ကျေနပ်ပျော်ရွှင်ရဆဲ ပါပဲ။ သဘာဝအလှတရားတွေ မပျက်စီးသေးဘဲ ကျန်ကြွင်းနေဆဲ ဒီနယ်မြေတွေဟာ အခုအခါမှာတော့ ထိတ်လန့်တုန်လှုပ်စရာ နိုင်ငံရေးအပြောင်းအလဲရဲ့ ဓားစာခံ မြေဇာပင်တွေ ဖြစ်နေရပြီလို့ ဆိုရပါတော့မယ်။ သိပ်လှတဲ့ ချစ်ရသော ချင်းမြေ ကို ‌အမြန်ဆုံး ဘေးကင်းရှင်းပြီး အရင်လို ခရီးသွားတွေနဲ့ ပြန်လို့ အသက်ဝင်စေချင်လှပါပြီ။ ဒီနေ့ Podcast လေးမှာလည်း တကယ်ကို လွမ်းစရာဖြစ်ရတဲ့ ဒီခရီးစဉ်ကို တင်ဆက်ပေးထားပါတယ်ခင်ဗျာ။   | Website: https://www.thihathetraveller.com | | Facebook: https://www.facebook.com/travellerthiha | | Instagram: https://www.instagram.com/thihalulin | | YouTube: https://www.youtube.com/thihalulin | | Email me @ [email protected] |
More Episodes
ကျွန်တော် ခုတလော ထပ်ဖတ်ဖြစ်တဲ့ ဆရာမ ဂျူး ရဲ့​ဝတ္ထုတိုလေးတစ်ပုဒ်ကို ထပ်ပြီး ဖတ်ပြဝေမျှပါတယ်။ အကြောင်းအရာလေးက ရိုးရိုးရှင်းရှင်းနဲ့ မောင်နှမချစ်ခြင်းမေတ္တာမျိုးကို ဖော်ညွှန်းပါတယ်။ ပူလောင်တဲ့အချစ်ထက် သိမ်မွေ့နက်နဲတဲ့ မိတ်ဆွေချင်းချစ်ခြင်းမေတ္တာသဘောတွေကို မြင်တွေ့ရသလို၊ ဆရာမ ရဲ့ ဝတ္ထုတွေမှာ...
Published 02/07/23
ဆရာမ ဂျူး ရဲ့ ပရိတ်သတ်တစ်ယောက်အနေနဲ့ရော စာချစ်သူတစ်ယောက်အနေနဲ့ပါ ဒီ ဝတ္ထုလေးကို သဘောတကျ ဖတ်ဖြစ်ခဲ့တယ်။ အချိန်ကာလအားဖြင့် ခေတ်မမီတော့ပေမဲ့ တစ်ချိန်တစ်ခါက ချစ်သူစုံတွဲတွေကြား ဖြစ်လေ့ဖြစ်ထရှိတဲ့ ပုံစံမျိုးကို ဖတ်ရှုရပါတယ်။ ဝတ္ထုတိုအဟောင်းလေးပေမဲ့ ခေတ်ကာလသာ ပြောင်းသွားပေမဲ့ ချစ်သူစုံတွဲတွေကြား...
Published 01/25/23