031 :: [Audio Book] Thu Kha Myay Pon (Part - 6)
Listen now
Description
ကျွန်တော့်ရဲ့ Podcast Episode (31) မှာတော့ ကျွန်တော် အထူးနှစ်သက်တဲ့ စာအုပ်တစ်အုပ် ဖြစ်တဲ့ စာရေးဆရာ ချမ်းမြေ့ဝင်း ဘာသာပြန် "သုခမြေပုံ" ကို အသံထွက် ဖတ်ပြထားပါတယ်။ ဇာစ်မြစ် စာအုပ်ထုတ်ဝေရေး က ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ မှာ ထုတ်ဝေလိုက်တဲ့ စာအုပ်ဖြစ်ပြီး မူရင်းစာအုပ်ကတော့ Eric Weiner ရဲ့ The Geography of Bliss ပဲ ဖြစ်ပါတယ်။ အခုတစ်ခါတော့ အပိုင်း (၆) မှာတော့ ပျော်ရွှင်ခြင်းရှာဖွေတဲ့ ခရီးသည်ကြီးဟာ သူကိုယ်တိုင်က လူဘူ ဖြစ်နေလို့ မပျော်ရွှင်တဲ့နိုင်ငံ တစ်ခုခုကို လည်ပတ်ကြည့်ရင် သူ ပိုပျော်လာမယ်လို့ ထင်တဲ့အတွက် ကမ္ဘာ့မပျော်ရွှင်ဆုံးနိုင်ငံတွေထဲက တစ်နိုင်ငံ ဖြစ်တဲ့ မော်လ်ဒိုဗာနိုင်ငံ ကို လည်ပတ်လို့ တင်ဆက်လာပါတယ်။ ဘာကြောင့် မော်ဒိုဗာနိုင်ငံ ဟာ မပျော်ရွှင်ရသလဲ။ လူတိုင်းက ပိုက်ဆံ မရှိလို့ ဆိုပြီး ယေဘုယျပြောဆိုကြပေမဲ့ တခြားသော အကြောင်းအရင်းတွေ များစွာ ရှိသေးကြောင်းကို ဖတ်ရင်းနဲ့ သိလိုက်ရတဲ့အပြင် မော်လ်ဒိုဗာနိုင်ငံ ရဲ့ နိုင်ငံရေး၊ လူမှုရေး၊ ယဉ်ကျေးမှုဓလေ့ နဲ့ လည်ပတ်စရာတွေကို သိရှိလိုက်ရမှာ ဖြစ်ပါတယ်။ နားဆင်ကြည့်စေချင်ပါတယ်။ | Website: https://www.thihathetraveller.com | | Facebook: https://www.facebook.com/travellerthiha | | Instagram: https://www.instagram.com/thihalulin | | YouTube: https://www.youtube.com/thihalulin | | Email me @ [email protected] |
More Episodes
ကျွန်တော် ခုတလော ထပ်ဖတ်ဖြစ်တဲ့ ဆရာမ ဂျူး ရဲ့​ဝတ္ထုတိုလေးတစ်ပုဒ်ကို ထပ်ပြီး ဖတ်ပြဝေမျှပါတယ်။ အကြောင်းအရာလေးက ရိုးရိုးရှင်းရှင်းနဲ့ မောင်နှမချစ်ခြင်းမေတ္တာမျိုးကို ဖော်ညွှန်းပါတယ်။ ပူလောင်တဲ့အချစ်ထက် သိမ်မွေ့နက်နဲတဲ့ မိတ်ဆွေချင်းချစ်ခြင်းမေတ္တာသဘောတွေကို မြင်တွေ့ရသလို၊ ဆရာမ ရဲ့ ဝတ္ထုတွေမှာ...
Published 02/07/23
ဆရာမ ဂျူး ရဲ့ ပရိတ်သတ်တစ်ယောက်အနေနဲ့ရော စာချစ်သူတစ်ယောက်အနေနဲ့ပါ ဒီ ဝတ္ထုလေးကို သဘောတကျ ဖတ်ဖြစ်ခဲ့တယ်။ အချိန်ကာလအားဖြင့် ခေတ်မမီတော့ပေမဲ့ တစ်ချိန်တစ်ခါက ချစ်သူစုံတွဲတွေကြား ဖြစ်လေ့ဖြစ်ထရှိတဲ့ ပုံစံမျိုးကို ဖတ်ရှုရပါတယ်။ ဝတ္ထုတိုအဟောင်းလေးပေမဲ့ ခေတ်ကာလသာ ပြောင်းသွားပေမဲ့ ချစ်သူစုံတွဲတွေကြား...
Published 01/25/23