ခရီးသွားရင်း သီချင်းနားထောင်တယ် (၇၀၊ ၈၀ ခုနှစ်များဆီ)
Listen now
Description
ကျွန်တော် ခုချိန်ထိ အပျော်ခရီးဆိုတာ မထွက်ဖြစ်သေးဘူး။ ခရီးသွား Blogger က ခရီးမသွားရတော့ အတော်လေး အကျဉ်းကျခံနေရသလိုပါပဲ။ ဒါပေမဲ့ ခရီးသွားရတဲ့ ခံစားမှုလေးမျိုးကို ကိုယ့်ဟာကိုယ်ပဲ ဖန်တီးယူပါတယ်။ အဲ့ဒါက သီချင်းတွေနားထောင်တာပါ။ ကျွန်တော်က ခရီးသွားတိုင်း သီချင်းနားထောင်တယ်။ သီချင်းအမျိုးအစားစုံကို နားထောင်ရတာကြိုက်တယ်။ စတီရီယိုခေတ်ဦးက သီချင်းတွေထိကို ပြန်ရှာနားထောင်တတ်တဲ့အထိ သီချင်းတွေကို စွဲလမ်းသူပါ။ ဒါကြောင့်လည်း ဒီနေ့ Podcast လေးမှာ ၇၀ နဲ့ ၈၀ ခုနှစ်တွေတုန်းက သီချင်းကောင်းလေးတွေ ကျွန်တော် ရှာတွေ့သမျှ နားထောင်မိသမျှ သဘောကျတာလေးတွေကို ရင်ဘတ်ချင်းတူသူတွေလည်း နားဆင်နိုင်ဖို့ ပြန်ပြီးဝေမျှပါတယ်ခင်ဗျာ။ ခရီးမထွက်ရရင် သီချင်းနားထောင်ပြီး ခရီးသွားရတုန်းက ခံစားမှုတွေ ပြန်ခံစားကြရအောင်ပါဗျ။ | Website: https://www.thihathetraveller.com | | Facebook: https://www.facebook.com/travellerthiha | | Instagram: https://www.instagram.com/thihalulin | | YouTube: https://www.youtube.com/thihalulin | | Email me @ [email protected] |
More Episodes
ကျွန်တော် ခုတလော ထပ်ဖတ်ဖြစ်တဲ့ ဆရာမ ဂျူး ရဲ့​ဝတ္ထုတိုလေးတစ်ပုဒ်ကို ထပ်ပြီး ဖတ်ပြဝေမျှပါတယ်။ အကြောင်းအရာလေးက ရိုးရိုးရှင်းရှင်းနဲ့ မောင်နှမချစ်ခြင်းမေတ္တာမျိုးကို ဖော်ညွှန်းပါတယ်။ ပူလောင်တဲ့အချစ်ထက် သိမ်မွေ့နက်နဲတဲ့ မိတ်ဆွေချင်းချစ်ခြင်းမေတ္တာသဘောတွေကို မြင်တွေ့ရသလို၊ ဆရာမ ရဲ့ ဝတ္ထုတွေမှာ...
Published 02/07/23
ဆရာမ ဂျူး ရဲ့ ပရိတ်သတ်တစ်ယောက်အနေနဲ့ရော စာချစ်သူတစ်ယောက်အနေနဲ့ပါ ဒီ ဝတ္ထုလေးကို သဘောတကျ ဖတ်ဖြစ်ခဲ့တယ်။ အချိန်ကာလအားဖြင့် ခေတ်မမီတော့ပေမဲ့ တစ်ချိန်တစ်ခါက ချစ်သူစုံတွဲတွေကြား ဖြစ်လေ့ဖြစ်ထရှိတဲ့ ပုံစံမျိုးကို ဖတ်ရှုရပါတယ်။ ဝတ္ထုတိုအဟောင်းလေးပေမဲ့ ခေတ်ကာလသာ ပြောင်းသွားပေမဲ့ ချစ်သူစုံတွဲတွေကြား...
Published 01/25/23