ငါ့ ဒိန်ခဲ ကို ဘယ်သူနေရာရွှေ့ထားသလဲ (အပိုင်း - ၁)
Listen now
Description
ဒီတစ်ပတ် Episode လေးမှာတော့ တွေးဆပြင်ဆင်စရာ အကြောင်းအရာကောင်းတစ်ခုဖြစ်တဲ့ "ငါ့ ဒိန်ခဲ ကို ဘယ်သူနေရာရွှေ့ထားသလဲ" ဆိုတဲ့ စာရေးဆရာ တင်မောင်မြင့် ရဲ့ ဘာသာပြန်စာအုပ်လေးကို အသံထွက်စာအုပ်လေးအသွင် ဖတ်ပြဖြစ်ခဲ့ပါတယ်။ ဖတ်ရင်း ကျွန်တော့်ကိုကျွန်တော် ပြန်မြင်မိသလို၊ ဒီစာကို ဖတ်မိသူတိုင်းလည်း ဒီဇာတ်ကောင်လေးတွေထဲမှာ ကိုယ်ဟာ ဘယ်သူနဲ့တူသလဲဆိုတာ ပြန်မြင်မိကြတဲ့အထိ ဇာတ်လမ်းဟာ လက်တွေ့သိပ်ကျလွန်းတယ်လို့ ဆိုပါရစေ။ ဘဝအတွက်၊ အလုပ်အတွက်၊ အောင်မြင်ရေးအတွက်၊ မိသားစုအရေးအတွက်၊ လူမှုရေးအတွက် အားလုံးကို ထည့်သွင်းစဉ်းစားလုပ်ဆောင်နိုင်စေတဲ့ အတွေးအမြင်တွေကို ရရှိစေလို့ ခုလိုချိန်မျိုးမှာ နားဆင်သင့်တယ်လို့ ဆိုပါရစေ။ နန်းဒေဝီ စာပေ က ဖြန့်ချိထားတဲ့ ဒီစာအုပ်လေးဟာ နှစ်တွေ ဘယ်လိုပြောင်းပြောင်း ဟောင်းဟောင်း ခေတ်မီနေဆဲပါပဲခင်ဗျာ။ | Website: https://www.thihathetraveller.com | | Facebook: https://www.facebook.com/travellerthiha | | Instagram: https://www.instagram.com/thihalulin | | YouTube: https://www.youtube.com/thihalulin | | Email me @ [email protected] |
More Episodes
ကျွန်တော် ခုတလော ထပ်ဖတ်ဖြစ်တဲ့ ဆရာမ ဂျူး ရဲ့​ဝတ္ထုတိုလေးတစ်ပုဒ်ကို ထပ်ပြီး ဖတ်ပြဝေမျှပါတယ်။ အကြောင်းအရာလေးက ရိုးရိုးရှင်းရှင်းနဲ့ မောင်နှမချစ်ခြင်းမေတ္တာမျိုးကို ဖော်ညွှန်းပါတယ်။ ပူလောင်တဲ့အချစ်ထက် သိမ်မွေ့နက်နဲတဲ့ မိတ်ဆွေချင်းချစ်ခြင်းမေတ္တာသဘောတွေကို မြင်တွေ့ရသလို၊ ဆရာမ ရဲ့ ဝတ္ထုတွေမှာ...
Published 02/07/23
ဆရာမ ဂျူး ရဲ့ ပရိတ်သတ်တစ်ယောက်အနေနဲ့ရော စာချစ်သူတစ်ယောက်အနေနဲ့ပါ ဒီ ဝတ္ထုလေးကို သဘောတကျ ဖတ်ဖြစ်ခဲ့တယ်။ အချိန်ကာလအားဖြင့် ခေတ်မမီတော့ပေမဲ့ တစ်ချိန်တစ်ခါက ချစ်သူစုံတွဲတွေကြား ဖြစ်လေ့ဖြစ်ထရှိတဲ့ ပုံစံမျိုးကို ဖတ်ရှုရပါတယ်။ ဝတ္ထုတိုအဟောင်းလေးပေမဲ့ ခေတ်ကာလသာ ပြောင်းသွားပေမဲ့ ချစ်သူစုံတွဲတွေကြား...
Published 01/25/23