035 :: [Audio Book] Thu Kha Myay Pon (Part - 10) Finale
Listen now
Description
မထင်မှတ်ဘဲ အခြေအနေအမျိုးမျိုးကြောင့် စာတစ်အုပ်ဟာ လတွေအများတွေကြာတဲ့အထိ ဖြစ်သွားရတယ်။ ဒီနေ့ ကျွန်တော့်ရဲ့ Podcast Episode (35) မှာတော့ ကျွန်တော် အထူးနှစ်သက်တဲ့ စာအုပ်တစ်အုပ် ဖြစ်တဲ့ စာရေးဆရာ ချမ်းမြေ့ဝင်း ဘာသာပြန် "သုခမြေပုံ" ကို အသံထွက်ဖတ်ပြတာလေး နိဂုံးချုပ်နိုင်ပါပြီ။ ဒါ့အပြင် ကျွန်တော့် Podcast လည်း တစ်နှစ် သက်တမ်းရှိပြီမို့ Season 1 ရဲ့ အပိတ် show ဆိုလည်း မမှားပါဘူး။ ဒီစာအုပ်မှာ အခန်း (၁၀) ခန်း ရှိပြီး နိုင်ငံ (၁၀) နိုင်ငံ မှာ ပျော်ရွှင်ခြင်းရှာပုံတော် ဖွင့်ထားတာပါ။ ဇာစ်မြစ် စာအုပ်ထုတ်ဝေရေး က ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ မှာ ထုတ်ဝေလိုက်တဲ့ စာအုပ်ဖြစ်ပြီး မူရင်းစာအုပ်ကတော့ Eric Weiner ရဲ့ The Geography of Bliss ပဲ ဖြစ်ပါတယ်။ အခုတစ်ခါတော့ အပိုင်း (၁၀) မှာ စာရေးသူ ဟာ သူ့ရဲ့မူလနေထိုင်ရာ အမေရိကားနိုင်ငံ မှာ ပျော်ရွှင်မှု ရှာတဲ့အကြောင်းအရာတွေကို တင်ပြထားသလို နိဂုံးချုပ်အနေနဲ့ ပျော်ရွှင်ခြင်းခရီးစဉ်ပေါ် သုံးသပ်ချက်တွေကိုလည်း စိတ်ဝင်စားစရာ ဖတ်ရှုရပါတယ်။ အမေရိကားနိုင်ငံ အကြောင်းကို ဖတ်ရင်း နိုင်ငံရေး၊ လူမှုရေး၊ ယဉ်ကျေးမှုဓလေ့ နဲ့ လည်ပတ်စရာတွေကို အစုံ သိရှိလိုက်ရမှာ ဖြစ်ပါတယ်။ နားဆင်ကြည့်စေချင်ပါတယ်။ Season 1 ကနေလည်း နှုတ်ဆက်လိုက်ပါတယ်။ မနက်ဖြန် Season 2 မှာ ထူးခြားတဲ့ Show တွေနဲ့ ပုံစံပြောင်းထားပါပြီဗျား။ | Website: https://www.thihathetraveller.com | | Facebook: https://www.facebook.com/travellerthiha | | Instagram: https://www.instagram.com/thihalulin | | YouTube: https://www.youtube.com/thihalulin | | Email me @ [email protected] |
More Episodes
ကျွန်တော် ခုတလော ထပ်ဖတ်ဖြစ်တဲ့ ဆရာမ ဂျူး ရဲ့​ဝတ္ထုတိုလေးတစ်ပုဒ်ကို ထပ်ပြီး ဖတ်ပြဝေမျှပါတယ်။ အကြောင်းအရာလေးက ရိုးရိုးရှင်းရှင်းနဲ့ မောင်နှမချစ်ခြင်းမေတ္တာမျိုးကို ဖော်ညွှန်းပါတယ်။ ပူလောင်တဲ့အချစ်ထက် သိမ်မွေ့နက်နဲတဲ့ မိတ်ဆွေချင်းချစ်ခြင်းမေတ္တာသဘောတွေကို မြင်တွေ့ရသလို၊ ဆရာမ ရဲ့ ဝတ္ထုတွေမှာ...
Published 02/07/23
ဆရာမ ဂျူး ရဲ့ ပရိတ်သတ်တစ်ယောက်အနေနဲ့ရော စာချစ်သူတစ်ယောက်အနေနဲ့ပါ ဒီ ဝတ္ထုလေးကို သဘောတကျ ဖတ်ဖြစ်ခဲ့တယ်။ အချိန်ကာလအားဖြင့် ခေတ်မမီတော့ပေမဲ့ တစ်ချိန်တစ်ခါက ချစ်သူစုံတွဲတွေကြား ဖြစ်လေ့ဖြစ်ထရှိတဲ့ ပုံစံမျိုးကို ဖတ်ရှုရပါတယ်။ ဝတ္ထုတိုအဟောင်းလေးပေမဲ့ ခေတ်ကာလသာ ပြောင်းသွားပေမဲ့ ချစ်သူစုံတွဲတွေကြား...
Published 01/25/23