Cycling Makes you feel better! - စက်ဘီး စီး ကြမယ်
Listen now
Description
စက်ဘီး စီးတဲ့ အားကစား ဟာ ၉၀ ခုနှစ်ဖွားတွေနဲ့တော့ မစိမ်းလှပေမဲ့ ၂၀၀၀ ပြည့်နှစ်နောက်ပိုင်း ဖွားတွေအတွက်တော့ စက်ဘီး စီးတဲ့ အလေ့အထ တဖြေးဖြေး ဝေးကွာလာခဲ့တယ်လို့ ဆိုနိုင်မယ်ထင်ပါတယ်။ ခုနောက်ပိုင်းမှာ တကြော့ပြန် ခေတ်စားလာတဲ့ စက်ဘီးစီးခြင်းဟာ အားကစားလှုပ်ရှားမှုအသွင် ဖြစ်လာပြီး ပိုကြံ့ခိုင်သန်စွမ်းကျန်းမာစေတဲ့ အပြုအမူအနေနဲ့ နေ့စဉ် နေထိုင်မှုဘဝမှာ သဘောတွေ့လာကြပါတယ်။ စက်ဘီးစီးအားကစား ကို စိတ်ဝင်စားသူတွေ၊ စက်ဘီးစီးပြီး ပြည်တွင်း ပြည်ပ ခရီးထွက်လိုသူတွေအတွက် သိသင့်သိထိုက်တာလေးတွေကို ကြိုးစားပြုစုထားသလို၊ နိုင်ငံဖြတ်ကျော် စက်ဘီးစီး အတွေ့အကြုံရှိသူ ကိုညိုမင်းသိန်း နဲ့လည်း စကားပြောဆွေးနွေးထားပါတယ်။ ဒီနေ့ Podcast show လေးကိုလည်း သဘောကျဖို့ မျှော်လင့်ပါတယ်ခင်ဗျ။ | Website: https://www.thihathetraveller.com | | Facebook: https://www.facebook.com/travellerthiha | | Instagram: https://www.instagram.com/thihalulin | | YouTube: https://www.youtube.com/thihalulin | | Email me @ [email protected]
More Episodes
ကျွန်တော် ခုတလော ထပ်ဖတ်ဖြစ်တဲ့ ဆရာမ ဂျူး ရဲ့​ဝတ္ထုတိုလေးတစ်ပုဒ်ကို ထပ်ပြီး ဖတ်ပြဝေမျှပါတယ်။ အကြောင်းအရာလေးက ရိုးရိုးရှင်းရှင်းနဲ့ မောင်နှမချစ်ခြင်းမေတ္တာမျိုးကို ဖော်ညွှန်းပါတယ်။ ပူလောင်တဲ့အချစ်ထက် သိမ်မွေ့နက်နဲတဲ့ မိတ်ဆွေချင်းချစ်ခြင်းမေတ္တာသဘောတွေကို မြင်တွေ့ရသလို၊ ဆရာမ ရဲ့ ဝတ္ထုတွေမှာ...
Published 02/07/23
ဆရာမ ဂျူး ရဲ့ ပရိတ်သတ်တစ်ယောက်အနေနဲ့ရော စာချစ်သူတစ်ယောက်အနေနဲ့ပါ ဒီ ဝတ္ထုလေးကို သဘောတကျ ဖတ်ဖြစ်ခဲ့တယ်။ အချိန်ကာလအားဖြင့် ခေတ်မမီတော့ပေမဲ့ တစ်ချိန်တစ်ခါက ချစ်သူစုံတွဲတွေကြား ဖြစ်လေ့ဖြစ်ထရှိတဲ့ ပုံစံမျိုးကို ဖတ်ရှုရပါတယ်။ ဝတ္ထုတိုအဟောင်းလေးပေမဲ့ ခေတ်ကာလသာ ပြောင်းသွားပေမဲ့ ချစ်သူစုံတွဲတွေကြား...
Published 01/25/23