Episodes
ဒေါက်တာဖြိုးသီဟ ရေးသားတဲ့ ပေျာ်ရွှင်ပါစေ ဆိုတဲ့ စာအုပ်လေးကို ဖတ်ပြပေးတာပါ။ အစအဆုံး ၁၈ ပိုင်း ရှိပါတယ်၊ ဖြည်းဖြည်းချင်းတင်ပေးသွားပါမယ်ဗျ။ --- Support this podcast: https://podcasters.spotify.com/pod/show/rodney-sann-lwin/support
Published 08/19/23
Published 08/19/23
ဆရာကြီး ဦးသာဓု ရေးသားတဲ့ အတာ ဆိုတဲ့ စာအုပ်လေးကို အသံထွက်ဖတ်ပြတာပါ။ အစအဆုံး ၂၈ ပိုင်း၊ ကြာချိန် ၁၄နာရီ ၀၈ မိနစ် ပါ၊ အစအဆုံးတင်ပေးထားပါတယ်ဗျ။ --- Support this podcast: https://podcasters.spotify.com/pod/show/rodney-sann-lwin/support
Published 07/30/23
မူရင်း စာရေးဆရာမကြီး အက်ဂါသာခရစ်စတီး ရဲ့ Murder on the orient express ကို ဆရာတကသိုလ်နေဝင်း မြန်မာပြန်ထားတဲ့ အမြန်ရထားပေါ်မှ လူသတ်မှု ကို ဖတ်ပြထားတာပါ၊ အစအဆုံး ၁၇ ပိုင်း တင်ပေးထားပါတယ်။ --- Support this podcast: https://podcasters.spotify.com/pod/show/rodney-sann-lwin/support
Published 07/26/23
ဒေါက်တာဖြိုးသီဟ ရေးသားတဲ့ ဗုဒ္ဓအလိုကျ (Minimalism) ကို အသံထွက် ဖတ်ပြထားတာလေးပါ။ အသံထွက်ဖတ်ပြခြင်းမှာ လိုအပ်ချက်နှင့် မှားယွင်းမှုများပါခဲ့လျှင် ကျနော့်တာဝန်ပါခင်ဗျာ။ --- Support this podcast: https://podcasters.spotify.com/pod/show/rodney-sann-lwin/support
Published 06/05/23
ဆရာကြီး မြသန်းတင့် မြန်မာပြန်ပေးထားတဲ့ စစ်နှင့်ငြိမ်းချမ်းရေး စာအုပ်ကြီးကို အသံထွက် ဖတ်ပြပေးနေတာဖြစ်ပါတယ်။ အသံထွက်ဖတ်ပြခြင်းမှာ လိုအပ်ချက်နှင့် မှားယွင်းမှုများ ကျနော့်တာဝန်ပါ။ --- Support this podcast: https://podcasters.spotify.com/pod/show/rodney-sann-lwin/support
Published 04/20/23
ဆရာမြသန်းတင့် ဘာသာပြန်ထားတဲ့ ရှားလော့ဟုမ်း၏ စွန့်စားခန်းများ ဆိုတဲ့ စာအုပ်ကို အသံထွက် ဖတ်ပြပေးတာဖြစ်ပါတယ်။ အသံထွက်ဖတ်ပြခြင်းမှာ လိုအပ်ချက်နှင့် မှားယွင်းမှုများ ကျနော့် တာဝန်ပါခင်ဗျာ။ --- Support this podcast: https://podcasters.spotify.com/pod/show/rodney-sann-lwin/support
Published 04/16/23
ဆရာမဂျူး ရဲ့ ရုပ်ရှင်ခံစားမှုဆောင်းပါးများစွာထဲကမှ ရှင်သန်ခြင်း ဆိုတဲ့ ဆောင်းပါးလေးတပုဒ်ကို အသံထွက်ဖတ်ပြပေးတာပါ။ အသံထွက်ဖတ်ပြခြင်းမှာ မှားယွင်းမှုနဲ့ လိုအပ်ချက်များရှိခဲ့ပါက ကျနော့်တာဝန်ပါဗျ။ --- Support this podcast: https://podcasters.spotify.com/pod/show/rodney-sann-lwin/support
Published 04/14/23
ဆရာမဂျူး ရဲ့ အိပ်မက်ထဲကမြို့တော် ဆိုတဲ့ ဝတ္ထုတိုကို အသံထွက်ဖတ်ပြတာပါ။ ပထမပိုင်း နဲ့ ဇာတ်သိမ်းပိုင်း (၂)ပိုင်းခွဲပြီး တင်ပေးသွားပါမယ်။ အသံထွက်ဖတ်ပြခြင်းမှာ လိုအပ်ချက်နဲ့ မှားယွင်းမှုများ ရှိခဲ့ရင် ကျနော့်တာဝန်ပါခင်ဗျာ။ --- Support this podcast: https://podcasters.spotify.com/pod/show/rodney-sann-lwin/support
Published 03/05/23
ကမ္ဘာကေျာ်စာရေးဆရာကြီး လီယိုတော်စတွိုင်း ရဲ့ နာမည်ကေျာ် ဂန္တဝင်စာအုပ်ကြီးကို  ဆရာမြသန်းတင့် က ရသပြောင်မြောက်စွာ ဘာသာပြန်ပေးထားတဲ့ 'စစ်နှင့်ငြိမ်းချမ်းရေး' ကို အသံထွက်ဖတ်ပြပေးတာပါ။  ယခုအပိုင်းများက ပုဂံစာအုပ်တိုက်ရဲ့ ပထမအကြိမ်ထုတ်မူ ၁၂အုပ်တွဲစာအုပ်ရဲ့ ၅အုပ်မြောက်စာအုပ်ကို ဖတ်ပြပေးတာပါ။  အသံထွက်ဖတ်ပြခြင်းမှာ လိုအပ်ချက်များ မှားယွင်းမှုများ အဆင်မပြေမှုများရှိခဲ့ပါက ကျနော့်တာဝန်သာဖြစ်ကြောင်း ကြိုတင်တောင်းပန်ပါတယ်ခင်ဗျာ။ --- Support this podcast: https://anchor.fm/rodney-sann-lwin/support
Published 02/01/23
ကမ္ဘာကေျာ်စာရေးဆရာကြီး လီယိုတော်စတွိုင်း ရဲ့ နာမည်ကေျာ် ဂန္တဝင်စာအုပ်ကြီးကို ဆရာမြသန်းတင့် က ရသပြောင်မြောက်စွာ ဘာသာပြန်ပေးထားတဲ့ 'စစ်နှင့်ငြိမ်းချမ်းရေး' ကို အသံထွက်ဖတ်ပြပေးတာပါ။ အသံထွက်ဖတ်ပြခြင်းမှာ လိုအပ်ချက်များ မှားယွင်းမှုများ အဆင်မပြေမှုများရှိခဲ့ပါက ကျနော့်တာဝန်သာဖြစ်ကြောင်း ကြိုတင်တောင်းပန်ပါတယ်ခင်ဗျာ။ --- Support this podcast: https://anchor.fm/rodney-sann-lwin/support
Published 11/30/22
တရုတ်ပြည်ရဲ့ အမြင့်ဆုံးစာပေဆုဖြစ်တဲ့ မော်တွန်း စာပေဆု၊ ၂၀၁၂ ခုနှစ်မှာ ကမ္ဘာ့အဆင့် နိုဗယ်စာပေဆု တို့အပြင်၊ အခြားနိုင်ငံအသီးသီးရဲ့ စာပေဆုများစွာ ချီးမြှင့်ခံထားရပြီး သူ့စာပေလက်ရာအတော်များများကို ဘာသာပေါင်းများစွာသို့ ပြန်ဆိုခြင်းခံထားရတဲ့ ကမ္ဘာကျော် စာရေးဆရာကြီး မော့ယန် ရဲ့ စာအုပ်တစ်အုပ်ကို အသံထွက် ဖတ်ပြပေးချင်ပါတယ်။ ဒီစာအုပ်ကို ရုပ်ရှင်အဖြစ် ရိုက်ကူးခဲ့ရာမှာလည်း ဆုများရရှိခဲ့ပါသေးတယ်။ ဆန်ပြောင်းနီမိသားစု မှာ မော့ယန်က တရုတ်စာပေလောကထံသာမက  ကမ္ဘာ့စာပေလောကထံသို့ပါ တင်ဆက်လိုက်သည့်...
Published 10/08/22
အမေရိကန်ပြည်ဖွား တရုတ်စာရေးဆရာ ကန်လျူ ရဲ့ ဝတ္ထုလတ် တပုဒ်ကို အသံထွက်ဖတ်ပြတာပါ။ ဒီဝတ္ထုလတ် "ကမ္ဘာကြီး၏အရသာ" ဟာ ကန်လျူရဲ့ ဝတ္ထုတို(၃)ပုဒ်နဲ့ ဝတ္ထုလတ်(၁)ပုဒ် ပါဝင်တဲ့ Tim ဘာသာပြန် "မိစ္ဆာလိုက်ပွဲ" စာအုပ်ထဲက နောက်ဆုံးတပုဒ်ဖြစ်ပါတယ်။ ဒီစာအုပ်မှာပါဝင်တဲ့ ဝတ္ထုတို(၃)ပုဒ်ဖြစ်တဲ့ ၁။  မိစ္ဆာလိုက်ပွဲ ၂။  တရားရှင်နှင့်မေျာက်ဘုရင် ၃။  စကားလုံး ပဉ္စလက် တို့ကို အသံထွက်ဖတ်ပြခဲ့ပြီး ဖြစ်ပါတယ်ဗျ။ ဘာသာပြန်သူ"Tim"က နှင်းဆီဖြူက ကျင်းပတဲ့ ဘာသာပြန်ပြိုင်ပွဲမှာ ဆုရဖူးသူ လူငယ်တစ်ဦးဖြစ်တာမို့ သူ့လက်ရာကလည်း...
Published 10/02/22
ဆရာမဂျူး ရဲ့ မြစ်ပြင်ပေါ်မှာ ဆိုတဲ့ ဝတ္ထုတိုကို အသံထွက်ဖတ်ပြတာပါ။ အသံထွက်ဖတ်ပြခြင်းမှာ လိုအပ်ချက်နှင့် မှားယွင်းမှုများ ကျနော့်တာဝန်ပါဗျ။ --- Support this podcast: https://anchor.fm/rodney-sann-lwin/support
Published 10/01/22
ဆရာမဂျူး ရဲ့ မေွးနေ့အမှတ်တရ အဖြစ် ဆရာမရဲ့ "တနင်္ဂနေွနေ့မှာ နားတယ်" ဆိုတဲ့ ဝတ္ထုတိုလေးကို ဖတ်ပြတာပါဗျ။   သဘောကျနှစ်သက်ကြမယ်လို့ မျှော်လင့်ပါတယ်ဗျာ။  အသံထွက်ဖတ်ပြခြင်းမှာ လိုအပ်ချက်နှင့် မှားယွင်းမှုများ ကျနော့်တာဝန်ပါ။ --- Support this podcast: https://anchor.fm/rodney-sann-lwin/support
Published 09/20/22
ဆရာဒီနိုဗို မြန်မာပြန်ထားတဲ့ ချက်စာရေးဆရာ မီလန်ကွန်ဒရာ ရဲ့ မခံနိုင်အောင်ပေါ့ပါး ဘ၀နေ့ညများ စာအုပ်ကို အသံထွက်ဖတ်ပြတာပါ။ မူရင်းစာရေးဆရာ မီလန်ကွန်ဒရာသည် အရေးပါဆုံး ခေတ်ပြိုင် ချက်စာရေးဆရာများထဲမှ တယောက်ဖြစ်သည်။ နိုင်ငံတကာ အသိအမှတ်ပြုမှုကို ရရှိခဲ့သည့် အနည်းငယ်မျှသော ချက်စရာရေးဆရာများထဲတွင် ပါဝင်သည်။ သူ၏ ဖန်တီးမှုတိုင်း၊ နိုင်ငံရေးနှင့် ယဉ်ကေျးမှုရေးရာ ပြောဆိုမှုတိုင်းက သူ့အချိန်ကာလတွင် အမြဲ ဆေွးနေွးစရာ ဖြစ်ခဲ့သည်။ ကွန်မြူနစ် အုပ်စိုးမှုကို နိုင်ငံရေးနောက်ခံ အရေးအသားများထက်၊ ပြင်းထန်သည့်...
Published 09/11/22
"လူဆိုသည်မှာ မိမိ၌ရှိသော အရာတစ်ခုကို တန်ဖိုးရှိရှိ အသုံးမချတတ်ဘဲ မိမိ ဘယ်တော့မျှ ရနိုင်မှာမဟုတ်သည့် တစုံတရာကို မက်မော တမ်းတတတ်သည့် အမျိုးအစားပါလား" ဆရာမ ဂျူး ရဲ့ "တတိယမြောက် ညနေခင်း" ဆိုတဲ့ ဝတ္ထုတို ကို အသံထွက် ဖတ်ပြတာပါ။ အဆင်မပြေမှုများ မှားယွင်းမှုများ ပါရှိခဲ့လျှင် ကျနော့်တာဝန်ဖြစ်ပါတယ်ဗျ။ ဖတ်ခွင့်ပြုပေးတဲ့ ဆရာမဂျူး ကို ကေျးဇူးတင်ပါတယ်ဗျ။ --- Support this podcast: https://anchor.fm/rodney-sann-lwin/support
Published 09/11/22
ကမ္ဘာ့ဂန္တဝင်စာရင်းဝင်တဲ့ ရုရှားဘာသာပြန် ဝတ္ထုရှည်ကြီး တပုဒ်ကို ဖတ်ပြပေးချင်ပါတယ်။  မူရင်းဝတ္ထုကြီး ထွက်စဉ်ကလည်း ကမ္ဘာတလွှားမှာ ဟိုးလေးတကျော် အုတ်အော်သောင်းတင်း နဲ့ တသသစွဲမက်ကြိုက်နှစ်သက်ခဲ့ကြသလို၊  အင်္ဂလိပ်ဘာသာပြန်ဆိုကြတော့လည်း ဆုတွေရရှိခဲ့ပါတယ်၊ မြန်မာဘာသာကို ဆရာတင်မောင်မြင့် ဘာသာပြန်တော့လည်း ၂၀၁၂ခုနှစ်အတွက် အမျိုးသားစာပေဆု ရရှိခဲ့ပါတယ်။ အင်မတန်ရက်စက်တဲ့ လူသတ်မှု(ပြစ်မှု)ကြီးကို လူသတ်သမားက ပြန်ပြောပြတဲ့ ပုံစံနဲ့ စိတ်လှုပ်ရှား ထိတ်လန့်တုန်လှုပ်ရခြင်းများစွာနဲ့...
Published 08/07/22
သိပ်ကိုစွဲလမ်းရတဲ့ ကမ္ဘာကျော် ဂန္တဝင်ဝတ္ထုကြီး တပုဒ်ကို အသံထွက်ပြီး ဖတ်ပြပေးချင်ပါတယ်၊ မူရင်းရေးသားသူက ရုရှားစာရေးဆရာကြီး လီယိုတော်စတွိုင်းပါ၊ ဒီစာအုပ်ကို မြန်မာဘာသာနဲ့ ဆရာကြီးရွှေဥဒေါင်းက အကျဉ်းချုပ်ဘာသာပြန်၊  ဆရာတင်မောင်မြင့်က အစအဆုံးမူရင်းအတိုင်း ဘာသာပြန်ဆိုခဲ့ကြပြီး၊  ဆရာမြသန်းတင့်က "မမ"ဆိုပြီး မြန်မာမှုပြုခဲ့ပါတယ်။ ​အစအဆုံးမူရင်းအတိုင်း ဖတ်ပြပေးချင်ပေမယ့် မူရင်းက တော်တော်ကြီးကို ရှည်လျားတာမို့  ဆရာကြီးရွှေဥဒေါင်း ရဲ့ အကျဉ်းချုပ်ဘာသာပြန်မူကိုပဲ ဖတ်ပြပေးပါမယ်ခင်ဗျာ။ --- Support...
Published 07/30/22
ဆရာကြီးမင်းသုဝဏ် မြန်မာပြန်ပေးထားတဲ့ တဂိုးရဲ့ “အယ်ဒီတာ” ဆိုတဲ့ ဝတ္ထုတိုလေးကို အသံထွက်ဖတ်ပြပေးတာပါ။ မူရင်းရေးသားသူ ကမ္ဘာကျော် အိန္ဒိယစာဆို စွယ်စုံပညာရှင် 'ရာဘင်ဒြာနသ် တဂိုး' သည် ဘင်္ဂလီအနွယ်တစ်ဦးဖြစ်ပြီး စာပေနိုဗယ်လ်ဆုကို ၁၉၁၃ ခုနှစ်ကပင် ချီးမြှင့်ခံရသည့် အာရှတိုက်မှ ပထမဦးဆုံး နိုဗယ်လ်ဆုရှင်ဖြစ်သည်။ တဂိုး၏ စာပေအနုပညာနှင့် မြင့်မြတ်လှသည့် လူ့စွမ်းရည်သည် အိန္ဒိယ၊ အာရှကိုကျော်၍ ဥရောပနှင့် အမေရိကန်တိုင် ပြန့်နှံ့ခဲ့သည်။ ဆရာဇော်ဂျီက 'ခေတ်သစ်မြန်မာစာပေတွင် တဂိုး၏ စာပေအနုပညာ ဒဿနဩဇာသည်...
Published 07/29/22
ဆရာကြီးဇော်ဂျီ မြန်မာပြန်ပေးထားတဲ့ တဂိုးရဲ့ "ကာဗူလီဝါးလား" ဆိုတဲ့ ဝတ္ထုတိုလေးကို အသံထွက်ဖတ်ပြပေးတာပါ။ မူရင်းရေးသားသူ ကမ္ဘာကျော် အိန္ဒိယစာဆို စွယ်စုံပညာရှင် 'ရာဘင်ဒြာနသ် တဂိုး' သည် ဘင်္ဂလီအနွယ်တစ်ဦးဖြစ်ပြီး စာပေနိုဗယ်လ်ဆုကို ၁၉၁၃ ခုနှစ်ကပင် ချီးမြှင့်ခံရသည့် အာရှတိုက်မှ ပထမဦးဆုံး နိုဗယ်လ်ဆုရှင်ဖြစ်သည်။ တဂိုး၏ စာပေအနုပညာနှင့် မြင့်မြတ်လှသည့် လူ့စွမ်းရည်သည် အိန္ဒိယ၊ အာရှကိုကျော်၍ ဥရောပနှင့် အမေရိကန်တိုင် ပြန့်နှံ့ခဲ့သည်။ ဆရာဇော်ဂျီက 'ခေတ်သစ်မြန်မာစာပေတွင် တဂိုး၏ စာပေအနုပညာ ဒဿနဩဇာသည်...
Published 07/26/22
ကျနော်တို့ မြန်မာစကားမှာ "ဥပါဒါန်ကြောင့် ဥပါဒ်ရောက်"လို့ ရှိပါတယ်။ ဗုဒ္ဓ က "ကံ ကံ၏အကျိုး"၊ ယေရှု ကလည်း "ကိုယ်စိုက်တာ ကိုယ်ရိတ်သိမ်းရမယ်" ဆိုပြီး ကိုယ်ပြုလိုက်တဲ့ လုပ်ရပ်တိုင်းဟာ မလွဲမသွေ ကိုယ်ပြန်ခံစား စံစားရမယ်လို့ ဟောကြား သွန်သင်ခဲ့ ကြပါတယ်။ လူတိုင်းဟာ တနေ့ မလွဲမသွေ သေဆုံးရမှာ ဖြစ်ပြီး မသေခင် လူ့လောကမှာ ဘယ်လိုနေထိုင်ပြုမူမလဲဆိုတာက လူ့တန်ဖိုးဖြစ်ပါတယ်၊ တကယ့်ဂုဏ်သိက္ခာ အစစ်ဖြစ်ပါတယ်။ ရာထူး၊ စည်းစိမ်ဥစ္စာ၊ နေရာဌာန၊ အောင်မြင်မှု ဆိုတာ ထိုက်တန်တဲ့သူမှ ခံစား စံစားရတာမျိုးပါ။ ဆရာအေးမင်းစော ရဲ့...
Published 07/18/22
ဆရာမ ဂျူး ရဲ့ ဝတ္ထုတို တစ်ပုဒ်ဖြစ်တဲ့ "တစ်ဦးတည်းသောသား" ကို အသံထွက်ဖတ်ပြပေးတာပါဗျ။ အသံထွက်ဖတ်ပြခြင်းမှာ လိုအပ်ချက်နဲ့ မှားယွင်းမှုများ ပါခဲ့ပါလျှင် ကျနော့် အပြစ်ပါခင်ဗျာ။ အားလုံးပဲ သဘောကျနှစ်သက်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ နားဆင်ပေးကြပါဦး။ --- Support this podcast: https://anchor.fm/rodney-sann-lwin/support
Published 07/09/22
ကမ္ဘာ့ဂန္တဝင် စာရင်းဝင် နာမည်ကျော်ဝတ္ထုတပုဒ် ဖြစ်တဲ့ "မျှော်တလင့်လင့်" ကို ဖတ်ပြပေးသွားမှာ ဖြစ်ပါတယ်။ လူ့စရိုက်ကို ပီပြင်စွာ ပုံဖော်နိုင်တဲ့ ရသမြောက်ဝတ္ထုကြီးဖြစ်တဲ့ "မျှော်တလင့်လင့်"ဟာ မူရင်းရေးသားသူ ချားလ်ဒစ်ကင် ရဲ့ အကောင်းဆုံးဝတ္ထုအဖြစ် သတ်မှတ်ခံထားရပြီး မြန်မာနိုင်ငံမှာလည်း ၁၉၅၀ ခုနှစ် စာပေဗိမာန် ရဲ့ ဘာသာပြန် စာပေဆု ကို ဒီဝတ္ထုနဲ့ ဆရာကြီး ရွှေဥဒေါင်း ရရှိခဲ့ပါတယ်။ ဒါပေမဲ့ ဆရာကြီးရွှေဥဒေါင်း ဟာ ဒီဝတ္ထုကြီးကို အနှစ်ချုပ်(အကျဉ်း) ပဲ ပြန်ဆို ရေးသားခဲ့တာဖြစ်ပါတယ်။ နောက်ပိုင်းမှာ...
Published 06/27/22
ဆရာကြီးဦးတင်မောင်မြင့် ဘာသာပြန်ထားတဲ့ "ပုလဲနက်" ဆိုတဲ့ စာအုပ်လေးကို ဖတ်ပြပေးသွားမှာဖြစ်ပါတယ်၊ ကမ္ဘာကျော် ဂန္တဝင် ရသစာပေကောင်းများကို အကျဉ်းချုံ့ပြီး လူငယ်များအတွက် ရုပ်ပြအကျဉ်းအနေနဲ့ ထွက်ရှိထားတဲ့စာအုပ်များထဲက တအုပ်ဖြစ်ပါတယ်။ လူငယ်များအတွက် ရေးတာဖြစ်ပေမဲ့ ဒီအရွယ် ဒီဘဝမျိုးတွေကို ဖြတ်သန်းခဲ့ကြတဲ့ လူကြီးတွေအတွက်ပါ အကျိုးရှိနိုင်ပြီး ငယ်ဘဝကို ပြန်လည်တမ်းတ စားမြုံ့ပြန်နိုင်ကြပါလိမ့်မယ်လို့ အမေရိကန် ဂန္တဝင်စာရေးဆရာကြီး မတ်တွိန်းရဲ့ အမှာစာ တခုကိုလည်း...
Published 06/23/22