ဒီနိုဗို - မခံနိုင်အောင်ပေါ့ပါးဘ၀နေ့ညများ (ဝတ္ထုရှည်) Audiobook by Milan Kundera The Unbearable Lightness of Being, translated by D No Vo.
Listen now
Description
ဆရာဒီနိုဗို မြန်မာပြန်ထားတဲ့ ချက်စာရေးဆရာ မီလန်ကွန်ဒရာ ရဲ့ မခံနိုင်အောင်ပေါ့ပါး ဘ၀နေ့ညများ စာအုပ်ကို အသံထွက်ဖတ်ပြတာပါ။ မူရင်းစာရေးဆရာ မီလန်ကွန်ဒရာသည် အရေးပါဆုံး ခေတ်ပြိုင် ချက်စာရေးဆရာများထဲမှ တယောက်ဖြစ်သည်။ နိုင်ငံတကာ အသိအမှတ်ပြုမှုကို ရရှိခဲ့သည့် အနည်းငယ်မျှသော ချက်စရာရေးဆရာများထဲတွင် ပါဝင်သည်။ သူ၏ ဖန်တီးမှုတိုင်း၊ နိုင်ငံရေးနှင့် ယဉ်ကေျးမှုရေးရာ ပြောဆိုမှုတိုင်းက သူ့အချိန်ကာလတွင် အမြဲ ဆေွးနေွးစရာ ဖြစ်ခဲ့သည်။ ကွန်မြူနစ် အုပ်စိုးမှုကို နိုင်ငံရေးနောက်ခံ အရေးအသားများထက်၊ ပြင်းထန်သည့် ပုဂ္ဂလိကဝါဒ အခြေခံဖြင့် တုံ့ပြန်ခဲ့သည်။ ယခုစာအုပ် တွင် ကွန်ဒရာက အပေါ်ယံစိတ်ကူးယဉ်ဖြစ်မှု၊ ဆိုးရွားညံ့ဖျင်းမှု၊ ပင်ကိုမဖြစ်မှု၊ မစစ်မှန်သည့် အနုပညာ စသည်တို့ကို အာဏာရှင်အစိုးရနှင့် ထပ်တူပြုထားခဲ့သည်။ သူ့ကို လက်တင်အမေရိကားတွင် ဂါစီယာမားကွဇ်၊ ရုရှားတွင် ဆိုဇင်နစ်ဇင်၊ ချက်ကိုစလိုဗက်ကီးယား အတွက် မီလန်ကွန်ဒရာဟု ပြောလေ့ရှိကြသည်။ ၁၉၈၅တွင် Jerusalem Prize for Literature on the Freedom of Man in Society ဆုကို ချီးမြှင့်ခြင်း ခံခဲ့ရသည်။ "ကျနော်တို့အားလုံး ဘ၀မှာကြုံရတဲ့ အချစ်ကို လေးချင်လည်း လေးမည်၊ ပေါ့ချင်လည်း ပေါ့မည်လို့ ပြောတာကို လက်မခံနိုင်ကြ။ အချစ်ဆိုတာ မလွဲမသေွ ဖြစ်ကိုဖြစ်ရမယ့် ကိစ္စ ။ အချစ်မရှိဘဲနဲ့ ကျနော်တို့ဘ၀တေွဟာ အရင်လို ပြန်မဖြစ်နိုင်တော့ဘူးလို့ ကျနော်တို့ ယူဆထားကြသည်။" "အကယ်၍ ထာ၀ရသံသရာလည်ခြင်းသည် အလေးပင်ဆုံး ဝန်ထုပ်ဝန်ပိုးဟု ဆိုခဲ့လျှင် ကျနော်တို့မှာ ဘ၀ရဲ့ပေါ့ပါးမှုတေွနဲ့ တန်ပြန်ရင်ဆိုင်ကြရုံသာ ရှိတော့သည်။ ဤသို့ဆိုလျှင် လေးလံမှုမှာ မနှစ်မြို့ဖွယ်ရာကောင်းပြီး ပေါ့ပါးမှုကသာ နှစ်သက်ဖွယ် ကောင်းနေခဲ့သည်လား။ အလေးလံဆုံးသော ဝန်ထုပ်ဝန်ပိုးတေွက ကျ
More Episodes
ဒေါက်တာဖြိုးသီဟ ရေးသားတဲ့ ပေျာ်ရွှင်ပါစေ ဆိုတဲ့ စာအုပ်လေးကို ဖတ်ပြပေးတာပါ။ အစအဆုံး ၁၈ ပိုင်း ရှိပါတယ်၊ ဖြည်းဖြည်းချင်းတင်ပေးသွားပါမယ်ဗျ။ --- Support this podcast: https://podcasters.spotify.com/pod/show/rodney-sann-lwin/support
Published 08/19/23
Published 08/19/23
ဆရာကြီး ဦးသာဓု ရေးသားတဲ့ အတာ ဆိုတဲ့ စာအုပ်လေးကို အသံထွက်ဖတ်ပြတာပါ။ အစအဆုံး ၂၈ ပိုင်း၊ ကြာချိန် ၁၄နာရီ ၀၈ မိနစ် ပါ၊ အစအဆုံးတင်ပေးထားပါတယ်ဗျ။ --- Support this podcast: https://podcasters.spotify.com/pod/show/rodney-sann-lwin/support
Published 07/30/23