စကားပြောသောဒေတာ - မြန်မာ့ပဋိပက္ခနှင့် လူမှုဒုက္ခကို လက်ဆုပ်လက်ကိုင် တင်ပြခြင်း
Listen now
Description
လက်နက်ကိုင် ပဋိပက္ခတွေဖြစ်နေတဲ့ အခြေအနေ၊ ဝန်းကျင်မျိုးမှာ သုတေသီတွေအတွက် သုတေသန ပြုလုပ်ရတာဟာ အင်မတန်မှကို အခက်အခဲနဲ့ စိန်ခေါ်မှုတွေများပါတယ်။ ISP-Myanmar အနေနဲ့ကတော့ သုတေသနအတွက် အကြောင်းအရာတွေ ရွေးချယ်တဲ့အခါ အချက်သုံးချက်နဲ့ ဆုံချက်ကျအောင် ကြိုးစား လေ့ရှိပါတယ်။ ပထမတခုကတော့ အကြောင်းအရာပြဿနာက မျက်မှောက်ကာလဖြစ်မှု (Current Issues) ပါ။ ဒုတိယကတော့ နည်းစနစ်ပိုင်းနဲ့ပညာရပ်ဆိုင်ရာအရ ဆီလျော်အောင်လေ့လာနိုင်မှု (Methodological Informed) ဖြစ်ပါတယ်။ တတိယတခုကတော့ မူဝါဒရေးရာအတွက် အထောက်အပံ့ဖြစ်စေမှု (Policy Implications) ပါ။ အခု podcast မှာတော့ အဲဒီလို ကြိုးပမ်းမှုတွေရဲ့ ကန့်လန့်ကာနောက်ကွယ် (Behind the scene) ကို လှစ်ဟတင်ပြထားပါတယ်။
More Episodes
ပဋိပက္ခကို အရှိန်လျှော့ချတာကို အမြတ်ဝေစုခွဲတဲ့အပေါ်မှာ အခြေခံပြီးလုပ်မယ်ဆိုရင် ရေတိုမှာ တစုံတရာအကျိုးရှိကောင်း ရှိနိုင်ပေမဲ့ နိုင်ငံရေးအရ ညှိနှိုင်းအဖြေရှာတဲ့အထိ ဖြစ်မလာဘူးဆိုရင် ဆိုးပြစ်ပိုများဖို့ပဲ ရှိပါတယ်။ စီးပွားမက်လုံးကိုအခြေခံတဲ့ ပဋိပက္ခလျှော့ချမှုဆိုတာက မူကိုအခြေခံထားတာမဟုတ်ဘူး​။​...
Published 11/14/24
မြန်မာနိုင်ငံ စစ်မျက်နှာတွေရဲ့ အနားသတ်လိုင်းတွေဟာ အလျင်အမြန်ကို ပြောင်းလဲနေကြပါတယ်။ တိုက်အခံပြု အန်တုနေတဲ့ တော်လှန်ရေးအင်အားစုတွေကလည်း အရောင်အသွေး စုံလွန်းလှပါတယ်။ သူတို့ကြားထဲက ဦးတည်ရည်မှန်းထားကြတဲ့ အိပ်မက်တွေကလည်း မတူညီကြပါဘူး။ ISP-Myanmar အနေနဲ့ကတော့ ပဋိပက္ခတွေရဲ့ လူသားမျက်နှာဘက်အခြမ်းနဲ့...
Published 11/06/24