Episodes
“စစ်ဆင်ရေး ၁၀၂၇”ဟာ မြန်မာ့ပဋိပက္ခကို အခြေအနေသစ်တခုဆီ တွန်းပို့လိုက်ပါပြီ။ နွေဦးတော်လှန်ရေးနောက်ပိုင်း မြန်မာနိုင်ငံရေးအဖြေဟာ ၂၀၂၁ ခုနစ် အာဏာမသိမ်းခင် အခြေအနေမျိုးကို ပြန်သွားနိုင်ရေးဆိုတာမျိုးက မဆီလျော်တော့သလို၊ “စစ်ဆင်ရေး ၁၀၂၇”ဟာ မြန်မာ့ပဋိပက္ခမြေပုံနဲ့ ပထဝီနိုင်ငံရေးကို ခွဲမရအောင် ပိုမိုရှုပ်ထွေးစွာ ချိတ်ဆက်လိုက်သလိုဖြစ်ခဲ့ပါပြီ။ “စစ်ဆင်ရေး ၁၀၂၇”နဲ့ ပတ်သတ်ပြီး ISP-Myanmar က ကနဦးသုံးသပ်ချက်သုံးခုကို ရေးသားဖြန့်ဝေခဲ့ပါတယ်။ ဒီဇင်ဘာ ၅ ရက်မှာ ထုတ်ဝေခဲ့တဲ့ နောက်ဆုံးသုံးသပ်ချက်မှာ...
Published 03/28/24
မြန်မာနိုင်ငံအတွင်း တရုတ်နိုင်ငံက မြှုပ်နှံထားတဲ့ရင်းနှီးမြှုပ်နှံမှုစုစုပေါင်းရဲ့ ထက်ဝက်နီးပါးဟာ “စစ်ဆင်ရေး ၁၀၂၇” ဖြစ်ပွားနေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း (ရှမ်းမြောက်ဒေသ)မှာ တည်ရှိတဲ့အတွက် ဒီစစ်ဆင်ရေးဟာ တရုတ်နိုင်ငံရဲ့ အကျိုးစီးပွားအပေါ် တိုက်ရိုက်သက်ရောက်မှုရှိပါတယ်။  “စစ်ဆင်ရေး ၁၀၂၇”နဲ့ ပတ်သတ်ပြီး ISP-Myanmar က ကနဦးသုံးသပ်ချက်သုံးခုကို ရေးသားဖြန့်ဝေခဲ့ပါတယ်။ နိုဝင်ဘာ ၁၂ ရက်မှာ ထုတ်ဝေခဲ့တဲ့ ဒုတိယမြောက်သုံးသပ်ချက်မှာ စစ်ပွဲနဲ့ ခွဲမရအောင်ချိတ်ဆက်နေတဲ့ စီးပွားရေးဆိုင်ရာတွေအပြင်...
Published 03/28/24
‘စစ်ဆင်ရေး ၁၀၂၇’ လုပ်ရတဲ့ အဓိကရည်ရွယ်ချက်က ကျားဖြန့်လိမ်လည်မှုတွေ ပပျောက်ဖို့၊ မိမိတို့ဒေသကို မိမိတို့ အခုထက်ပိုထိန်းချုပ်ဖို့နဲ့ စစ်အာဏာရှင် စနစ်အမြစ်ဖြတ်ဖို့ ဆိုပြီး ညီနောင်မဟာမိတ်သုံးဖွဲ့က ဆိုပါတယ်။ ‘စစ်ဆင်ရေး ၁၀၂၇’ နဲ့ပတ်သက်ပြီး ISP-Myanmar က ကနဦးသုံးသပ်ချက် သုံးခုကို ရေးသားဖြန့်ဝေခဲ့ပါတယ်။ နိုဝင်ဘာ ၁၀ ရက်မှာ ပထမဆုံးထုတ်ဝေခဲ့တဲ့ အခုတပုဒ်မှာတော့ စစ်ဆင်ရေးနောက်ခံနဲ့ စစ်ပွဲကနေ ပေးနေတဲ့ အချက်ပေးနေပုံအကြောင်း သုံးသပ်ထားချက်တွေကို အခု Podacst မှာ နားဆင်ကြရပါမယ်။
Published 01/05/24
၂၀၂၃ ခုနှစ် မေ ၁၄ ရက်မှာ ဆိုင်ကလုန်းမုန်တိုင်းမိုခါ ရခိုင်ပြည်နယ်၊ စစ်တွေမြို့အနီးကို ဗဟိုပြုပြီး ဝင်ရောက် တိုက်ခတ်ခဲ့ပါတယ်။ မြန်မာနိုင်ငံအတွင်းက လူဦးရေ ၅ ဒသမ ၄ သန်း ဟာ မုန်တိုင်းဒဏ်ကို ဆိုးရွားစွာခံစားခဲ့ရပါတယ်။ အခုမုန်တိုင်းဟာ ဒီနှစ်မိုးရာသီအတွက် ပထမဆုံးဖြစ်ပေမဲ့ အစွန်းရောက်သဘာဝဘေးအယ်လ်နီညို (El Niño) ရှေ့ပြေးရဲ့ လက္ခဏာတရပ်လည်း ဖြစ်ပါတယ်။ ယခု Podcast မှာတော့ ဆိုင်ကလုန်းမိုခါအပါအဝင် အယ်နီညိုသဘာဝဘေးတို့ရဲ့ မြန်မာပြည်သူတွေနဲ့ မြန်မာ့အနာဂတ်အပေါ် သက်ရောက်မှုတို့ကို နားဆင်ရမှာဖြစ်ပါတယ်။
Published 06/09/23
အာဏာသိမ်းမှုအလွန် မြန်မာ့အရေးအကျပ်အတည်းအတွက် တရုတ်နိုင်ငံရဲ့ မူဝါဒ အထိုင်သစ်ပြန်ချလာတာကို တွေ့ရပါတယ်။ တရုတ်ရဲ့ ပြောင်းလဲလာတဲ့ မူဝါဒနဲ့ အခြေအနေတွေကို ယခု Podast မှာ သုံးသပ်တင်ပြထားပါတယ်။
Published 06/02/23
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဇွန်လ ၇ ရက်နေ့ က အလေးထားရမည့် အကြောင်းအချက်များ အမှတ် – (၃၀) အဖြစ် ဖော်ပြခဲ့တဲ့ မြန်မာနိုင်ငံဟာ ဘယ်အကြောင်းချက်တွေကြောင့် ပြည်တွင်းစစ် တာရှည်နေ သလဲဆိုတဲ့ အကြောင်း  သုတေသနရှုထောင့်အရ လေ့လာချက်ကို ယခု Podcast မှာ နားဆင်ရပါမယ်။
Published 07/18/22
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဇွန်လ ၁၂ ရက်နေ့ က အလေးထားရမည့် အကြောင်းအချက်များ အမှတ် – (၃၁) အဖြစ် ဖော်ပြခဲ့တဲ့ လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့တွေအကြားက မဟာမိတ်ဖွဲ့မှု အယူအဆဟာ အင်မတန်မှ အရေးကြီးပြီး အလေးထားဖို့လိုအပ်တယ်ဆိုတဲ့ အကြောင်း သုတေသနရှုထောင့်အရ လေ့လာချက်ကို ယခု Podcast မှာ နားဆင်ရပါမယ်။
Published 06/17/22
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဇွန်လ ၇ ရက်နေ့ က အလေးထားရမည့် အကြောင်းအချက်များ အမှတ် – (၃၀) အဖြစ် ဖော်ပြခဲ့တဲ့ အကြမ်းမဖက်လူထုတိုက်ပွဲ၊ လက်နက်ကိုင် အန်တုတော်လှန်ရေးနဲ့ ပြည်တွင်းစစ်အကြား ဆက်စပ်မှုအကြောင်းကို မြန်မာ့နိုင်ငံရေး မြေပြင်အခြေအနေ အချက်အလက်တွေနဲ့ နှိုင်းယှဉ်ပြီး သုတေသနရှုထောင့်အရ လေ့လာချက်ကို ယခု Podcast မှာ နားဆင်ရပါမယ်။
Published 06/17/22
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် မေလ ၁၅ ရက်နေ့ က အလေးထားရမည့် အကြောင်းအချက်များ အမှတ် – (၂၅) အဖြစ် ဖော်ပြခဲ့တဲ့ လေ့လာသင်ယူမှု ရရှိနိုင်ခြင်းဟာ ကလေးသူငယ် အခွင့်အရေး တခုဖြစ်တဲ့အတွက် ပညာရေးမူဝါဒပဲ ဖြစ်ဖြစ်၊ လှုံ့ဆော်လှုပ်ရှားမှုတွေပဲ ဖြစ်ဖြစ် ချမှတ်ရာမှာ ရေတိုသက်သက် မကြည့်ဘဲ ရှေရှည်အနေနဲ့ ဘက်စုံထောင့်စုံ လက်တွေ့ကျကျ စဉ်းစားသင့်တယ် ဆိုတဲ့ သုတေသနရှုထောင့်အရ လေ့လာချက်ကို ယခု Podcast မှာ နားဆင်ရပါမယ်။
Published 06/17/22
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဧပြီလ ၁၄ ရက်နေ့ က အလေးထားရမည့် အကြောင်းအချက်များ အမှတ် – (၁၉) အဖြစ် ဖော်ပြခဲ့တဲ့ ဒီမိုကရေစီ နိုင်ငံရေး ယဉ်ကျေးမှု ထွန်းကားစေဖို့အတွက် နိုင်ငံရေးဓလေ့ ရှုထောင့်က အာဏာကိုရှုမြင်ပုံတွေအကြောင်း သုတေသနရှုထောင့်အရ လေ့လာချက်ကို ယခု Podcast မှာ နားဆင်ရပါမယ်။
Published 06/16/22
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် မတ်လ ၂၅ ရက်နေ့ က အလေးထားရမည့် အကြောင်းအချက်များ အမှတ် – (၁၁) အဖြစ် ဖော်ပြခဲ့တဲ့ အာဏာရှင်ရဲ့ နိုင်ငံရေးအင်အားကို ချည့်နဲ့သွားအောင် အကြမ်းမဖက် လူထုလှုပ်ရှားမှု နည်းမျိုးစုံနဲ့ အဆက်မပြတ် ဖိအားပေးဖို့လိုတယ် ဆိုတဲ့ သုတေသနရှုထောင့်အရ လေ့လာချက်ကို ယခု Podcast မှာ နားဆင်ရပါမယ်။
Published 06/16/22
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် မတ်လ ၁၈ ရက်နေ့က အလေးထားရမည့် အကြောင်းအချက်များ အမှတ် – (၉) အဖြစ် ဖော်ပြခဲ့တဲ့ လူထုလှုပ်ရှားမှုရဲ့ အကျိုးဆက်ဟာ နိုင်ငံတော် သာမက သာမန်လူတဦးချင်းစီရဲ့ ဘဝဇာတ်ကြောင်းကိုပါ အလှည့်အပြောင်း ဖြစ်စေတဲ့ ရလဒ်တွေ ရှိတတ်တယ် ဆိုတဲ့ သုတေသနရှုထောင့်အရ လေ့လာချက်ကို ယခု Podcast မှာ နားဆင်ရပါမယ်။
Published 06/14/22
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် မတ်လ ၁၃ ရက်နေ့ က အလေးထားရမည့် အကြောင်းအချက်များ အမှတ် – (၈) အဖြစ် ဖော်ပြခဲ့တဲ့ အာဏာရှင်ကို ကျောထောက် နောက်ခံပေးထားတဲ့ အင်အားကြီးနိုင်ငံတွေဟာ ဘယ်လို အခြေအနေမှာ ဒီမိုကရေစီအရေး လှုပ်ရှားမှုကို ပြောင်းလဲထောက်ခံသလဲ ဆိုတဲ့ သုတေသနရှုထောင့်အရ လေ့လာချက်ကို ယခု Podcast မှာ နားဆင်ရပါမယ်။
Published 06/14/22
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် မေလ ၁၁ ရက်နေ့က ကနဦးသုံးသပ်ချက်အမှတ် - (၉) အဖြစ်ဖော်ပြခဲ့တဲ့ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဖိတ်ခေါ်မှုဟာ ဘာကိုဆိုလိုသလဲ ဆိုတာအပြင် ဒီဖိတ်ခေါ်ချက်နဲ့ပတ်သတ်ပြီး ဖြစ်လာနိုင်ခြေရှိတဲ့ ဖြစ်တန်ခြေ ၂ ရပ်အကြောင်း လေ့လာဆန်းစစ်ချက်ကို ယခု Podcast မှာ နားဆင်ရ ပါမယ်။
Published 06/14/22
မြန်မာ့အရေး နိုင်ငံတကာ အထူးကိုယ်စားလှယ်တွေဟာ ရလဒ်ထွက်အောင် မလုပ်နိုင်သေးသလို၊ ယုံကြည်ထိုက်လောက်တဲ့ ကိုးစားခံရမှု အားသာချက်လည်း ကျဆင်းနေပါတယ်။ တချိန်တည်း မှာပဲ မြန်မာ့အကျပ်အတည်းဟာ ပြဿနာပြေလည်ရေးထက် အင်အားကြီးနိုင်ငံတွေရဲ့ အားပြိုင်မှုအတွက် အသုံးချခံ မြေစာပင် ဖြစ်လာနိုင်တဲ့ အခင်းအကျင်းတွေလည်း ရှိလာပါတယ်။ ဒီအကြောင်း ISP-Myanmar ရဲ့ ကနဦးသုံးသပ်ချက်ကို အခု Podcast မှာ နားဆင်နိုင်ပါပြီ။
Published 03/21/22
တရုတ်-မြန်မာ ဆက်ဆံရေးအလှည့်အပြောင်း သံခင်းတမန်ခင်း စဉ်းစားချက်တွေမှာ နိုင်ငံရေးဘောဂဗေဒအမြင်နဲ့ ရှုမြင်နိုင်ဖို့ ပိုမိုလိုအပ်လာတဲ့ တရုတ်-မြန်မာ ကုန်သွယ်ရေးကဏ္ဍ၊ ရင်းနှီးမြှုပ်နှံမှုကဏ္ဍ၊ ရပ်ဝန်းလမ်းကြောင်းစီမံကိန်း  အခြေအနေတွေအပေါ် အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်၏ တုံ့ပြန်ချဉ်းကပ်ပုံ အချက် သုံးချက်ကို ယခု Podcast မှာ သုံးသပ်တင်ပြထားပါတယ်။
Published 02/18/22
တရုတ်-မြန်မာ ဆက်ဆံရေးအလှည့်အပြောင်း သံခင်းတမန်ခင်း စဉ်းစားချက်တွေမှာ နိုင်ငံရေးဘောဂဗေဒအမြင်နဲ့ ရှုမြင်နိုင်ဖို့ ပိုမိုလိုအပ်လာတဲ့ တရုတ်ရင်းနှီးမြှုပ်နှံမှု စီမံကိန်းကြီးတွေနဲ့ ပဋိပက္ခမြေပုံလားရာ စတဲ့ ဆက်စပ်အခြေအနေတွေကို  ယခု Podcast မှာ သုံးသပ်တင်ပြထားပါတယ်။
Published 02/18/22
တရုတ်-မြန်မာ ဆက်ဆံရေးအလှည့်အပြောင်း သံခင်းတမန်ခင်း စဉ်းစားချက်တွေမှာ နိုင်ငံရေးဘောဂဗေဒအမြင်နဲ့ ရှုမြင်နိုင်ဖို့ ပိုမိုလိုအပ်လာတဲ့ တရုတ်-မြန်မာ ရပ်ဝန်းလမ်းကြောင်းစီမံကိန်းတွေနဲ့ ဆက်စပ်နေတဲ့ အခြေအနေတွေကို ယခု Podcast မှာ သုံးသပ်တင်ပြထားပါတယ်။
Published 02/17/22
တရုတ်-မြန်မာ ဆက်ဆံရေးအလှည့်အပြောင်း သံခင်းတမန်ခင်း စဉ်းစားချက်တွေမှာ နိုင်ငံရေးဘောဂဗေဒအမြင်နဲ့ ရှုမြင်နိုင်ဖို့ ပိုမိုလိုအပ်လာတဲ့ တရုတ်-မြန်မာ ရင်းနှီးမြှုပ်နှံမှုကဏ္ဍနဲ့ ဆက်စပ်နေတဲ့ အခြေအနေတွေကို ယခု Podcast မှာ သုံးသပ်တင်ပြထားပါတယ်။
Published 02/17/22
တရုတ်-မြန်မာ ဆက်ဆံရေးအလှည့်အပြောင်း သံခင်းတမန်ခင်း စဉ်းစားချက်တွေမှာ နိုင်ငံရေးဘောဂဗေဒအမြင်နဲ့ ရှုမြင်နိုင်ဖို့ ပိုမိုလိုအပ်လာတဲ့ တရုတ်-မြန်မာ ကုန်သွယ်ရေးကဏ္ဍကို ယခု Podcast မှာ သုံးသပ်တင်ပြထားပါတယ်။
Published 02/17/22
စစ်အာဏာသိမ်းမှု တနှစ်ပြည့်ခဲ့ပေမဲ့ အာဏာသိမ်းစစ်တပ်ဟာ သူတို့အပေါ် ဆန့်ကျင်တဲ့ တွန်းလှန်ပုန်ကန်မှုတွေကို နိုင်ငံအနှံ့၊ ဒေသအနှံ့မှာ ရင်ဆိုင်နေရပြီး အာဏာကိုင်စွဲအုပ်ချုပ်ပိုင်ခွင့်လည်း မရသေးပါဘူး။ စစ်အာဏာသိမ်းမှု တနှစ်ပြည့်ချိန် ချိန်ထိုး အကဲဖြတ်အပ်တဲ့ ရှုထောင့်သုံးရပ်နဲ့ ရှေ့ဆက်ဖြစ်တန်ခြေအတွက် ကနဦး သုံးသပ်ချက်ကို ISP-Myanmar ရဲ့ Podcast Channel တွေမှာ နားဆင်နိုင်ပါတယ်။
Published 02/04/22
စစ်ပွဲနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ပြင်းထန်လာချိန်မှာ လူသားချင်းစာနာ ထောက်ထားမှု ကိစ္စ ရပ်နဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ရဲ့ ချဉ်းကပ်မှု နည်းလမ်းကို EAOs သုံးဖွဲ့ က ထောက်ခံလိုက်ပါတယ်။ ဒီအကြောင်းအရာနဲ့ ဆက်စပ်ပြီး ISP-Myanmar က ရေးသားထားတဲ့ ကနဦး သုံးသပ်ချက်ကို နားဆင်ရပါမယ်။
Published 01/25/22
ချင်းပြည်နယ်၊ ကယားပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတွေမှာ လေကြောင်းထိုးစစ်အပါအဝင် စစ်ကောင်စီရဲ့ တိုက်ခိုက်မှုတွေကြောင့် အရပ်သား သေဆုံးမှုက စံချိန်တင် ဖြစ်ခဲ့ပါတယ်။ ဒီလို အခြေအနေဆိုးမှာ အရေးတကြီး လိုအပ်လာတဲ့ အရပ်သား ကာကွယ်စောင့်ရှောက်ရေးကို စောင့်ဆိုင်းနေရုံ၊ ရှုတ်ချနေရုံနဲ့ ဖြေရှင်းနိုင်ဖွယ် မရှိပါဘူး။ ဒီအကြောင်းအရာနဲ့ ဆက်စပ်ပြီး ISP-Myanmar က ရေးသားထားတဲ့ ကနဦး သုံးသပ်ချက်ကို နားဆင်ရပါမယ်။
Published 01/17/22