018 :: [Lifestyle] Life of Veganism with Guest Kyaw Zin Min
Listen now
Description
ဟဲလို... ကျွန်တော့် Podcast ရဲ့ ဒီနေ့ Episode မှာတော့ Vegan နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ တင်ဆက်ထားပါတယ်ဗျ... အကြောင်းအမျိုးမျိုးနဲ့ သားသတ်လွတ် (သက်သတ်လွတ်) စားတဲ့သူတွေ ကမ္ဘာမှာ အများကြီးရှိပါတယ်။ ဒါပေမဲ့ သက်သတ်လွတ်စားတဲ့သူတွေမှာလည်း ပုံစံကွဲတွေ အများကြီးရှိကြောင်း သိသူ နည်းပါလိမ့်မယ်။ ယေဘုယျအားဖြင့် -(၁) Lacto-Ovo Vegetarians (အသားရှောင်၊ နို့နဲ့နို့ထွက်ပစ္စည်း၊ ဥအမျိုးမျိုး စားသုံးသူများ)(၂) Lacto Vegetarians (အသား နဲ့ ဥအမျိုးမျိုးရှောင်၊ နို့နဲ့နို့ထွက်ပစ္စည်း စားသုံးသူများ)(၃) Ovo Vegetarians (အသား၊နို့ ရှောင်ပြီး ဥအမျိုးမျိုးသာစားသုံးသူများ)(၄) Vegans (သတ္တဝါမှ ထွက်သမျှ အကုန်ရှောင်ကြဉ်ကြသူများ)ဆိုပြီး ကွဲပြားပါသေးတယ်။ Vegan မှာကိုပဲ Type က ၂ မျိုးလောက်ရှိပါသေးတယ်။သက်သတ်လွတ် စားခြင်းကို ကမ္ဘာမှာ ခရစ်တော်မပေါ်မီ BC 700 လောက်ကတည်းက စတင်ခဲ့ပြီလို့ ပြောဆိုကြပြီး Vegan ကိုတော့ ခုဒီဘက်ခေတ်ကြမှ ရှေ့က သက်သတ်လွတ်စားတဲ့ ပုံစံတွေကနေ ကွဲထွက်လုပ်ဆောင်လာကြတယ်လို့ ပြောလို့ရနိုင်ပါတယ်။ဘာကြောင့် Veganism တွေ ဖြစ်လာကြသလဲ?Veganism တစ်ယောက် ဖြစ်လာရင် ဘယ်လိုအခက်အခဲတွေ ရင်ဆိုင်ရနိုင်လဲ?ရင်ဆိုင်ရတဲ့အခက်အခဲတွေကို ဘယ်လိုပုံစံဖြေရှင်းလဲ?Veganism ဆိုတာ ဝိတ်ကျစေတဲ့ ဝိတ်ချနည်းတစ်ခုလား?ဘာတွေ ကောင်းကျိုးပေးနိုင်လဲ?Vegan ဖြစ်ဖို့ လွယ်သလား?စတဲ့ စတဲ့ Veganism တစ်ယောက်နဲ့ ပတ်သက်ပြီး သိသင့်တာတွေကို အခုဆိုရင် ၃ နှစ်တာ Veganism အဖြစ် ပြောင်းလဲ နေထိုင်နေတဲ့ အဆိုတော် ကျော်ဇင်မင်း နဲ့ စကားပြောဖြစ်သမျှကို တင်ဆက်လိုက်ရပါတယ်ခင်ဗျာ| Website: https://www.thihathetraveller.com || Facebook: https://www.facebook.com/travellerthiha || Instagram: https://www.instagram.com/thihalulin || YouTube: https://www.youtube.com/thihalulin || Email me @ [email protected] |
More Episodes
ကျွန်တော် ခုတလော ထပ်ဖတ်ဖြစ်တဲ့ ဆရာမ ဂျူး ရဲ့​ဝတ္ထုတိုလေးတစ်ပုဒ်ကို ထပ်ပြီး ဖတ်ပြဝေမျှပါတယ်။ အကြောင်းအရာလေးက ရိုးရိုးရှင်းရှင်းနဲ့ မောင်နှမချစ်ခြင်းမေတ္တာမျိုးကို ဖော်ညွှန်းပါတယ်။ ပူလောင်တဲ့အချစ်ထက် သိမ်မွေ့နက်နဲတဲ့ မိတ်ဆွေချင်းချစ်ခြင်းမေတ္တာသဘောတွေကို မြင်တွေ့ရသလို၊ ဆရာမ ရဲ့ ဝတ္ထုတွေမှာ...
Published 02/07/23
ဆရာမ ဂျူး ရဲ့ ပရိတ်သတ်တစ်ယောက်အနေနဲ့ရော စာချစ်သူတစ်ယောက်အနေနဲ့ပါ ဒီ ဝတ္ထုလေးကို သဘောတကျ ဖတ်ဖြစ်ခဲ့တယ်။ အချိန်ကာလအားဖြင့် ခေတ်မမီတော့ပေမဲ့ တစ်ချိန်တစ်ခါက ချစ်သူစုံတွဲတွေကြား ဖြစ်လေ့ဖြစ်ထရှိတဲ့ ပုံစံမျိုးကို ဖတ်ရှုရပါတယ်။ ဝတ္ထုတိုအဟောင်းလေးပေမဲ့ ခေတ်ကာလသာ ပြောင်းသွားပေမဲ့ ချစ်သူစုံတွဲတွေကြား...
Published 01/25/23