019 :: [Travel] Save Bagan From Treasure Stolen with Guest U Than Htay
Listen now
Description
မင်္ဂလာပါဗျ...ဒီနေ့ ကျွန်တော့်ရဲ့ Podcast လေးမှာတော့ ပုဂံ မှာ ခုလတ်တလော ဖြစ်ပျက်သွားတဲ့ စေတီတွေရဲ့ ကွမ်းတောင် တွေကို ဖောက်ပြီး ဌာပနာတွေ ခိုးယူခံရတာရယ်၊ လောကထိပ်ပန်ဘုရား ရှေ့က အကာအရံ ကန့်လန်ကာကို မီးရှို့ခံရတာတွေနဲ့ ပတ်သက်ပြီး ပုဂံညောင်ဦး ဧည့်လမ်းညွှန်များအသင်း ရဲ့ ဥက္ကဌ ဦးသန်းဌေး နဲ့ စကားပြောဖြစ်သမျှကို တင်ဆက်လိုက်ပါတယ်ခင်ဗျာ။ဦးသန်းဌေး နဲ့ စကားပြောကြည့်ရင်း -ဘာကြောင့် ဒီလို ဖောက်ထွင်းမှုဖြစ်သလဲဘာကြောင့် မီးလောင်မှု တပြိုက်နက်တည်း ဖြစ်လာသလဲ၊ ဆက်စပ်မှုရှိနေမလားအရေးယူမှုတွေ တကယ်လုပ်ဆောင်နေရဲ့လားပုဂံဘုရားတွေကို ထိန်းသိမ်းဖို့ ဘယ်သူတွေက လုပ်ဆောင်နေကြသလဲပုဂံ ဧည့်လမ်းညွှန်တွေ နိုင်ငံခြားသားဧည့်သည် မလာရင် ဘယ်လိုရပ်တည်နေထိုင်ကြမလဲပြည်တွင်းခရီးသွားဧည့်သည်တွေ၊ ဘုရားဖူးလုပ်ငန်းတွေရဲ့ စည်းကမ်းမဲ့မှုတွေကို ဘယ်လိုထိန်းသိမ်းမလဲပုဂံဧည့်လမ်းညွှန် အခမဲ့သင်တန်းစတဲ့ စတဲ့ ကိစ္စရပ်တွေနဲ့ ပုဂံကိုချစ်သူတိုင်း သိထားသင့်တဲ့ စကားတွေ အများကြီး ပြောဖြစ်ထားပါတယ်ခင်ဗျာ| Website: https://www.thihathetraveller.com || Facebook: https://www.facebook.com/travellerthiha || Instagram: https://www.instagram.com/thihalulin || YouTube: https://www.youtube.com/thihalulin || Email me @ [email protected] |
More Episodes
ကျွန်တော် ခုတလော ထပ်ဖတ်ဖြစ်တဲ့ ဆရာမ ဂျူး ရဲ့​ဝတ္ထုတိုလေးတစ်ပုဒ်ကို ထပ်ပြီး ဖတ်ပြဝေမျှပါတယ်။ အကြောင်းအရာလေးက ရိုးရိုးရှင်းရှင်းနဲ့ မောင်နှမချစ်ခြင်းမေတ္တာမျိုးကို ဖော်ညွှန်းပါတယ်။ ပူလောင်တဲ့အချစ်ထက် သိမ်မွေ့နက်နဲတဲ့ မိတ်ဆွေချင်းချစ်ခြင်းမေတ္တာသဘောတွေကို မြင်တွေ့ရသလို၊ ဆရာမ ရဲ့ ဝတ္ထုတွေမှာ...
Published 02/07/23
ဆရာမ ဂျူး ရဲ့ ပရိတ်သတ်တစ်ယောက်အနေနဲ့ရော စာချစ်သူတစ်ယောက်အနေနဲ့ပါ ဒီ ဝတ္ထုလေးကို သဘောတကျ ဖတ်ဖြစ်ခဲ့တယ်။ အချိန်ကာလအားဖြင့် ခေတ်မမီတော့ပေမဲ့ တစ်ချိန်တစ်ခါက ချစ်သူစုံတွဲတွေကြား ဖြစ်လေ့ဖြစ်ထရှိတဲ့ ပုံစံမျိုးကို ဖတ်ရှုရပါတယ်။ ဝတ္ထုတိုအဟောင်းလေးပေမဲ့ ခေတ်ကာလသာ ပြောင်းသွားပေမဲ့ ချစ်သူစုံတွဲတွေကြား...
Published 01/25/23