020 :: [Lifestyle] Tips for Keeping Good Oral Hygiene While Travelling with Guest Dr. Hsu Yee Aung Soe
Listen now
Description
မင်္ဂလာပါဗျ...ဒီနေ့ ကျွန်တော့်ရဲ့ Podcast လေး Episode (20) မှာတော့ "ခရီးသွားခြင်းနဲ့ သွားကျန်းမာရေး" စကားဝိုင်းလေး တင်ဆက်ထားပါတယ်။ကျွန်တော့်ရဲ့ သွားနဲ့ခံတွင်း စစ်ဆေးတာကို ရန်ကုန်၊ ပုလဲကွန်ဒို က DSC Dental Specialist Clinic မှာ လုပ်ဖြစ်ရင်းကနေ သဘောကျလို့ အဲ့ဒီက ဒေါက်တာ ဆုရည်အောင်စိုး နဲ့ စကားပြောဖြစ်ခဲ့တာပါ။ ဒီ Podcast မှာ ဘာတွေ ပြောဖြစ်သလဲဆိုရင် -ဘာကြောင့် ကျွန်တော်တို့တွေ သွားကျန်းမာရေးစစ်ဆေးတာ လုပ်သင့်သလဲ?ခရီးသွားရင် ဟိုတယ်၊ တည်းခိုခန်းနဲ့ အဝေးပြေးကားတွေက ပေးတဲ့ သွားတိုက်ဆေးနဲ့ သွားပွတ်တံတွေက သုံးစွဲဖို့ သင့်ရဲ့လား?ခံတွင်းနံ့ပျောက်ဆေး နဲ့ ပီကေ တွေ သုံးတာရော တကယ်အကျိုးဖြစ်ရဲ့လား?မနက်စာ မစားခင် သွားတိုက်ရမှာလား၊ စားပြီးမှ တိုက်သင့်တာလား?ခရီးသွားနေသူတွေအတွက် သွားနဲ့ခံတွင်း ဘယ်လိုထိန်းသိမ်းရမလဲ?ဆိုတာတွေ ကို စကားပြောဆိုထားပါတယ်။ခရီးသွားဝါသနာပါသူတိုင်း သိထားသင့်တဲ့ အချက်တွေချည်းပဲမို့ သေချာလေး နားထောင်ဖြစ်မယ် ယုံကြည်ပါတယ်ခင်ဗျာ။| Website: https://www.thihathetraveller.com || Facebook: https://www.facebook.com/travellerthiha || Instagram: https://www.instagram.com/thihalulin || YouTube: https://www.youtube.com/thihalulin || Email me @ [email protected] |
More Episodes
ကျွန်တော် ခုတလော ထပ်ဖတ်ဖြစ်တဲ့ ဆရာမ ဂျူး ရဲ့​ဝတ္ထုတိုလေးတစ်ပုဒ်ကို ထပ်ပြီး ဖတ်ပြဝေမျှပါတယ်။ အကြောင်းအရာလေးက ရိုးရိုးရှင်းရှင်းနဲ့ မောင်နှမချစ်ခြင်းမေတ္တာမျိုးကို ဖော်ညွှန်းပါတယ်။ ပူလောင်တဲ့အချစ်ထက် သိမ်မွေ့နက်နဲတဲ့ မိတ်ဆွေချင်းချစ်ခြင်းမေတ္တာသဘောတွေကို မြင်တွေ့ရသလို၊ ဆရာမ ရဲ့ ဝတ္ထုတွေမှာ...
Published 02/07/23
ဆရာမ ဂျူး ရဲ့ ပရိတ်သတ်တစ်ယောက်အနေနဲ့ရော စာချစ်သူတစ်ယောက်အနေနဲ့ပါ ဒီ ဝတ္ထုလေးကို သဘောတကျ ဖတ်ဖြစ်ခဲ့တယ်။ အချိန်ကာလအားဖြင့် ခေတ်မမီတော့ပေမဲ့ တစ်ချိန်တစ်ခါက ချစ်သူစုံတွဲတွေကြား ဖြစ်လေ့ဖြစ်ထရှိတဲ့ ပုံစံမျိုးကို ဖတ်ရှုရပါတယ်။ ဝတ္ထုတိုအဟောင်းလေးပေမဲ့ ခေတ်ကာလသာ ပြောင်းသွားပေမဲ့ ချစ်သူစုံတွဲတွေကြား...
Published 01/25/23