022 :: [Lifestyle] A Little More About Karen Traditional Weaving with Guest Piti
Listen now
Description
သောတရှင်များအားလုံး မင်္ဂလာပါ...ဒီတစ်ခါ ကျွန်တော့်ရဲ့ Podcast Episode (22) မှာတော့ "စိတ်ဝင်စားဘွယ်ရာ ကရင်ရိုးရာဂျပ်ခုတ်ပညာ" ဆိုတဲ့ စကားဝိုင်းလေး တင်ဆက်ထားပါတယ်။ကရင်ပြည်နယ်ကို အလည်သွားရင် ကရင်ရိုးရာဝတ်စုံတွေ ဝယ်ယူဆင်မြန်းကြပေမဲ့ ကရင်ရိုးရာစစ်စစ်တွေ ရက်လုပ်တာနဲ့ ပတ်သက်လို့ လေ့လာသိရှိလိုသူနည်းပါလိမ့်မယ်။ တကယ်တော့ ကရင်ရိုးရာဝတ်စုံတွေဟာ အတော်လေး စိတ်ဝင်စားဖို့ ကောင်းတဲ့ ရက်လုပ်ပုံတွေ ရှိပါတယ်။ ကိုပီတ ဟာ ကရင်ပြည်နယ်မှာ ချစ်ခင်စွာ နေထိုင်နေရင်း ဈေးကွက်အောင်မြင်မှုနည်းလို့ တစထက်တစ တိမ်မြုပ်ပျောက်ကွယ်လုဖြစ်လာတဲ့ ဂျပ်ခုတ်စစ်စစ်တွေကို ပြန်လည်ဖော်ထုတ်ရင်း ဈေးကွက်မှာပါ အောင်မြင်နိုင်အောင် ကြိုးစားနေသူတစ်ဦးဖြစ်ပါတယ်။ ခက်ခဲတဲ့ အခြေအနေတွေကြားမှာ ရအောင်ကြိုးစားနေရင်း ချည်ထည်ကို ဆိုးတဲ့ ဆေးကအစ သဘာဝက ရတဲ့ အရောင်တွေကို အသုံးပြုဖန်တီးနိုင်ဖို့ တီထွင်ကြံဆသူလည်း ဖြစ်ပါတယ်။ ဒါကြောင့် သူ့ရဲ့ ဆိုင်မှာဆိုရင် ကရင်ရိုးရာအထည်တွေဟာ အခြားဆိုင်များနဲ့ယှဉ်ရင် ဈေးများနေတယ်ထင်ရပေမဲ့ ရောင်းချစရာနဲ့ ပြစရာ ပစ္စည်းမရှိတဲ့အထိ အရောင်းတွင်ကျယ်နေတတ်ပါတယ်။.ဒီနေ့ သူနဲ့ပြောဖြစ်တဲ့ စကားဝိုင်းလေးကနေကရင်ဂျပ်ခုတ်ရိုးရာ ရဲ့ လားရာအခြေအနေလက်တွေ့ရင်ဆိုင်နေကြရတဲ့ အခက်အခဲများကရင်ရွာတွေမှာ ဂျပ်ခုတ်သူတွေရဲ့ ထူးခြားတဲ့ အယူအဆများစတဲ့ စတဲ့ စိတ်ဝင်စားစရာတွေကို နားဆင်ကြရမှာ ဖြစ်ပါတယ်ခင်ဗျာ။| Website: https://www.thihathetraveller.com || Facebook: https://www.facebook.com/travellerthiha || Instagram: https://www.instagram.com/thihalulin || YouTube: https://www.youtube.com/thihalulin || Email me @ [email protected] |
More Episodes
ကျွန်တော် ခုတလော ထပ်ဖတ်ဖြစ်တဲ့ ဆရာမ ဂျူး ရဲ့​ဝတ္ထုတိုလေးတစ်ပုဒ်ကို ထပ်ပြီး ဖတ်ပြဝေမျှပါတယ်။ အကြောင်းအရာလေးက ရိုးရိုးရှင်းရှင်းနဲ့ မောင်နှမချစ်ခြင်းမေတ္တာမျိုးကို ဖော်ညွှန်းပါတယ်။ ပူလောင်တဲ့အချစ်ထက် သိမ်မွေ့နက်နဲတဲ့ မိတ်ဆွေချင်းချစ်ခြင်းမေတ္တာသဘောတွေကို မြင်တွေ့ရသလို၊ ဆရာမ ရဲ့ ဝတ္ထုတွေမှာ...
Published 02/07/23
ဆရာမ ဂျူး ရဲ့ ပရိတ်သတ်တစ်ယောက်အနေနဲ့ရော စာချစ်သူတစ်ယောက်အနေနဲ့ပါ ဒီ ဝတ္ထုလေးကို သဘောတကျ ဖတ်ဖြစ်ခဲ့တယ်။ အချိန်ကာလအားဖြင့် ခေတ်မမီတော့ပေမဲ့ တစ်ချိန်တစ်ခါက ချစ်သူစုံတွဲတွေကြား ဖြစ်လေ့ဖြစ်ထရှိတဲ့ ပုံစံမျိုးကို ဖတ်ရှုရပါတယ်။ ဝတ္ထုတိုအဟောင်းလေးပေမဲ့ ခေတ်ကာလသာ ပြောင်းသွားပေမဲ့ ချစ်သူစုံတွဲတွေကြား...
Published 01/25/23