021 :: [Lifestyle] What to Know about Essential Oils with Guest Lwin Mar Aung (Flawless Myanmar)
Description
မင်္ဂလာပါ...ဒီနေ့ ကျွန်တော့်ရဲ့ Podcast လေး Episode (21) မှာတော့ "ခရီးသွားရင် လိုအပ်သလို အသုံးချနိုင်မဲ့ Essential Oils ဆိုတာ ဘာလဲ" ဆိုတဲ့ စကားဝိုင်းလေး တင်ဆက်ထားပါတယ်။ကျွန်တော်တို့ ဘယ်ပညာမှ သုံးစားမရတာ မရှိပါဘူး။ သိထားရင် အသုံးဝင်တာချည်းပါပဲ။ အခုလည်း ကျွန်တော် ခရီးသွားရင်း ရောက်တဲ့ဒေသတွေက အလေ့ကျဖြစ်ဖြစ် စိုက်ပျိုးပြီးဖြစ်ဖြစ် ပေါက်ရောက်တဲ့ အပင်၊ အသီး၊ အပွင့်တွေကနေ အသားအရေနဲ့ တစ်ကိုယ်ရည်ကျန်းမာရေးအတွက် လိုအပ်တဲ့ Essential Oil ကို ထုတ်ယူလို့ရပြီး လိုအပ်သလို အလှအပအတွက်ဖြစ်စေ၊ ကျန်းမာရေးအတွက်ဖြစ်စေ အသုံးချနိုင်တယ်ဆိုတာ သိလိုက်ရတယ်။တလောက ကိုဗစ်ကပ်ကြီးကြောင့် ကျွန်တော်တို့ စိုက်ပျိုးတဲ့တောင်သူတွေ ရောင်းချမရဘူး၊ ပစ်လိုက်ရတယ်၊ အလကားဝေလိုက်ရတယ် စသဖြင့် အမျိုးမျိုးအခက်ကြုံကြရတယ်။ တကယ်တော့ တချို့သီးနှံတွေနဲ့ ပန်းတွေဟာ ကျွန်တော်တို့မှာ နည်းပညာ ပေးမဲ့သူ သေချာမရှိလို့ ဆုံးရှုံးလိုက်ကြရတာတွေပါ။ သမာရိုးကျ စိုက်ပြီး အစာအဖြစ်ပဲ ရောင်းချနေတဲ့အပြင်ကိုမှ တဆင့်တက်လှမ်းလို့ အစာအဖြစ် မရောင်းချနိုင်ရင် နောက်တစ်မျိုး ဘယ်လို ဖန်တီးကြမလဲ ဆိုတာ စဉ်းစားရတော့မဲ့ အချိန်လို့ ဆိုနိုင်ပါတယ်။ ကျွန်တော်တို့ နေ့စဉ် မြင်တွေ့နေရတဲ့ အပင် အရွက် အသီး အပွင့် အမျိုးမျိုးကနေ Essential Oil ဆိုတဲ့ အသားအရေအတွက် ခန္ဓာကိုယ်အတွက် လိုအပ်မဲ့ မရှိမဖြစ်အရေးပါတဲ့ သဘာဝအဆီအမျိုးမျိုးကို အလွယ်တကူ ထုတ်ယူနိုင်ပါတယ်။ ဘာကြောင့်အရေးကြီးသလဲ၊ ဘယ်လို အသုံးချရမလဲ ဆိုတာတွေကိုတော့ ဒီဗီဒီယိုလေးထဲမှာ ကြည့်နိုင်ပါတယ်။ Flawless Myanmar ရဲ့ Founder ဖြစ်တဲ့ မလွင်မာအောင် နဲ့ ခရီးသွားရင်းပြောဆိုထားသမျှကို တင်ဆက်ထားပါတယ်ခင်ဗျာ။ ဒါလေးကြည့်ပြီး ကိုယ်ပိုင်စီးပွားရေးတစ်ခု စဖို့ စိတ်ကူး
ကျွန်တော် ခုတလော ထပ်ဖတ်ဖြစ်တဲ့ ဆရာမ ဂျူး ရဲ့ဝတ္ထုတိုလေးတစ်ပုဒ်ကို ထပ်ပြီး ဖတ်ပြဝေမျှပါတယ်။ အကြောင်းအရာလေးက ရိုးရိုးရှင်းရှင်းနဲ့ မောင်နှမချစ်ခြင်းမေတ္တာမျိုးကို ဖော်ညွှန်းပါတယ်။ ပူလောင်တဲ့အချစ်ထက် သိမ်မွေ့နက်နဲတဲ့ မိတ်ဆွေချင်းချစ်ခြင်းမေတ္တာသဘောတွေကို မြင်တွေ့ရသလို၊ ဆရာမ ရဲ့ ဝတ္ထုတွေမှာ...
Published 02/07/23
ဆရာမ ဂျူး ရဲ့ ပရိတ်သတ်တစ်ယောက်အနေနဲ့ရော စာချစ်သူတစ်ယောက်အနေနဲ့ပါ ဒီ ဝတ္ထုလေးကို သဘောတကျ ဖတ်ဖြစ်ခဲ့တယ်။ အချိန်ကာလအားဖြင့် ခေတ်မမီတော့ပေမဲ့ တစ်ချိန်တစ်ခါက ချစ်သူစုံတွဲတွေကြား ဖြစ်လေ့ဖြစ်ထရှိတဲ့ ပုံစံမျိုးကို ဖတ်ရှုရပါတယ်။ ဝတ္ထုတိုအဟောင်းလေးပေမဲ့ ခေတ်ကာလသာ ပြောင်းသွားပေမဲ့ ချစ်သူစုံတွဲတွေကြား...
Published 01/25/23