027 :: [Audio Book] Thu Kha Myay Pon (Part - 2)
Listen now
Description
ဒီနေ့အတွက် ကျွန်တော့်ရဲ့ Podcast Episode (27) မှာတော့ ကျွန်တော် အထူးနှစ်သက်တဲ့ စာအုပ်တစ်အုပ် ဖြစ်တဲ့ စာရေးဆရာ ချမ်းမြေ့ဝင်း ဘာသာပြန် "သုခမြေပုံ" ကို အသံထွက် ဖတ်ပြထားပါတယ်။ ဇာစ်မြစ် စာအုပ်ထုတ်ဝေရေး က ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ မှာ ထုတ်ဝေလိုက်တဲ့ စာအုပ်ဖြစ်ပြီး မူရင်းစာအုပ်ကတော့ Eric Weiner ရဲ့ The Geography of Bliss ပဲ ဖြစ်ပါတယ်။ အပိုင်း (၁) တုန်းက နယ်သာလန် မှာ ပျော်ရွှင်ခြင်းရှာပုံတော်ထွက်တဲ့ ခရီးအကြောင်းကို နားဆင်ခဲ့ရပြီး အခု အပိုင်း (၂) မှာတော့ ဆွစ်ဇလန် မှာ ပျော်ရွှင်ခြင်းရှာပုံတော်ဖွင့်ထားပါတယ်။ ဆွစ်ဇလန်နိုင်ငံ ရဲ့ လူမှုရေး၊ နိုင်ငံရေး၊ စီးပွားရေး အကြောင်းအရာတွေကိုပါ ထင်ဟပ်ဖော်ပြထားလို့ ကိုယ်တိုင်ခရီးသွားလိုက်ရသလို နားလည်သဘောပေါက်စေပါတယ်။ တချို့ကိစ္စရပ်တွေဆိုရင် ကျွန်တော်တို့နိုင်ငံမှာ ပြန်ပြီးအသုံးချလို့ ရနိုင်မလားလို့ တွေးမိသွားစေတယ်။ မူရင်း စာရေးသူ Eric ရဲ့ အတွေးအခေါ် နဲ့ အတင်အပြ ထိရှလွန်းသလို ဆရာ ချမ်းမြေ့ဝင်း ရဲ့ ဘာသာပြန်မှုကလည်း ကွက်တိကျတယ်လို့ ဆိုချင်ပါတယ်။ ဆွစ်ဇလန်နိုင်ငံ ကို အလည်ရောက်ခဲ့ဖူးသူတစ်ယောက်အနေနဲ့ စာထဲက အချက်အလက်တွေဟာ ငြင်းစရာမရှိလောက်အောင်ကို ဖြစ်ရပါတယ်။ နားဆင်ကြည့်စေချင်ပါတယ်။ | Website: https://www.thihathetraveller.com || Facebook: https://www.facebook.com/travellerthiha || Instagram: https://www.instagram.com/thihalulin || YouTube: https://www.youtube.com/thihalulin || Email me @ [email protected] |
More Episodes
ကျွန်တော် ခုတလော ထပ်ဖတ်ဖြစ်တဲ့ ဆရာမ ဂျူး ရဲ့​ဝတ္ထုတိုလေးတစ်ပုဒ်ကို ထပ်ပြီး ဖတ်ပြဝေမျှပါတယ်။ အကြောင်းအရာလေးက ရိုးရိုးရှင်းရှင်းနဲ့ မောင်နှမချစ်ခြင်းမေတ္တာမျိုးကို ဖော်ညွှန်းပါတယ်။ ပူလောင်တဲ့အချစ်ထက် သိမ်မွေ့နက်နဲတဲ့ မိတ်ဆွေချင်းချစ်ခြင်းမေတ္တာသဘောတွေကို မြင်တွေ့ရသလို၊ ဆရာမ ရဲ့ ဝတ္ထုတွေမှာ...
Published 02/07/23
ဆရာမ ဂျူး ရဲ့ ပရိတ်သတ်တစ်ယောက်အနေနဲ့ရော စာချစ်သူတစ်ယောက်အနေနဲ့ပါ ဒီ ဝတ္ထုလေးကို သဘောတကျ ဖတ်ဖြစ်ခဲ့တယ်။ အချိန်ကာလအားဖြင့် ခေတ်မမီတော့ပေမဲ့ တစ်ချိန်တစ်ခါက ချစ်သူစုံတွဲတွေကြား ဖြစ်လေ့ဖြစ်ထရှိတဲ့ ပုံစံမျိုးကို ဖတ်ရှုရပါတယ်။ ဝတ္ထုတိုအဟောင်းလေးပေမဲ့ ခေတ်ကာလသာ ပြောင်းသွားပေမဲ့ ချစ်သူစုံတွဲတွေကြား...
Published 01/25/23