အသံမထွက်ဘဲ ခြောက်ခြားနိုင်စွမ်း၊ မမြင်ရဘဲ အရှိုက်ထိ ထိုးနှက်နိုင်စွမ်း
Listen now
Description
ဒီဇင်ဘာ ၁၀ ရက်မှာ မြန်မာပြည်တဝှမ်း အသံတိတ် သပိတ်မှောက်ကြပါတယ်။ အသံတိတ်သပိတ်ရဲ့ အောင်မြင်မှုက စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ပြည်သူများရဲ့ သန္နိဋ္ဌာန်နဲ့ ပစ်တိုင်းထောင်လို အလဲအဖြိုမခံ ကြံ့ကြံ့ခိုင် ပြန်ရုန်းထနိုင်စွမ်း ကို ပေါ်လွင်စေကြောင်း ကနဦး သုံးသပ်ချက်ကို ISP’s OnPoint အဖြစ် ကျစ်ကျစ်လျစ်လျစ် ပိုင်းခြားပြီး အကဲဖြတ် ဖော်ပြထားပါတယ်။
More Episodes
ပဋိပက္ခကို အရှိန်လျှော့ချတာကို အမြတ်ဝေစုခွဲတဲ့အပေါ်မှာ အခြေခံပြီးလုပ်မယ်ဆိုရင် ရေတိုမှာ တစုံတရာအကျိုးရှိကောင်း ရှိနိုင်ပေမဲ့ နိုင်ငံရေးအရ ညှိနှိုင်းအဖြေရှာတဲ့အထိ ဖြစ်မလာဘူးဆိုရင် ဆိုးပြစ်ပိုများဖို့ပဲ ရှိပါတယ်။ စီးပွားမက်လုံးကိုအခြေခံတဲ့ ပဋိပက္ခလျှော့ချမှုဆိုတာက မူကိုအခြေခံထားတာမဟုတ်ဘူး​။​...
Published 11/14/24
လက်နက်ကိုင် ပဋိပက္ခတွေဖြစ်နေတဲ့ အခြေအနေ၊ ဝန်းကျင်မျိုးမှာ သုတေသီတွေအတွက် သုတေသန ပြုလုပ်ရတာဟာ အင်မတန်မှကို အခက်အခဲနဲ့ စိန်ခေါ်မှုတွေများပါတယ်။ ISP-Myanmar အနေနဲ့ကတော့ သုတေသနအတွက် အကြောင်းအရာတွေ ရွေးချယ်တဲ့အခါ အချက်သုံးချက်နဲ့ ဆုံချက်ကျအောင် ကြိုးစား လေ့ရှိပါတယ်။ ပထမတခုကတော့ အကြောင်းအရာပြဿနာက...
Published 11/13/24