သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးတာဝန် | TOETAT Episode 19
Listen now
Description
ဒီနေ့ တိုးတက် episode မှာ Build Myanmar Media လူငယ်တွေအနေနဲ့ သဘာဝပတ်ဝန်းကျင်နယ်ပယ်ကြီးထဲ ခဏလောက် သွားလိုက်ကြရအောင်။ ကမ္ဘာကြီးက လူငယ်တွေအပေါ် ပစ်တင်လိုက်တဲ့ တာဝန်တွေထဲမှာ သဘာဝပျက်ဝန်းကျင်ပျက်စီးမှု၊ ရာသီဥတုပြောင်းလဲမှု ဒါတွေကို ကုစားဖိုတာဝန်တွေလည်း ပါဝင်လာပါတယ်။ ပြဿနာတွေက ကြီးမားတာမှန်ပေမဲ့ အခြေခံကဘာလဲ၊ ဘာတွေဆင်ခြင်၊ ဘာတွေပြင်ဆင်ပြီး ဘယ်လိုကုစားမလဲဆိုတာကို သိရှိနားလည်ဖို ဆွေးနွေးသွားမှာပါ။ 00:00 Intro 1:48 Intro 3:37 ဖွံဖြိုးတိုးတက်မှု Vs သဘာဝပတ်ဝန်းကျင် ဘာကိုရွေးမလဲ။ 11:20 ဖွံဖြိုးမှုနိမ့်ကျတဲ့နိုင်ငံတွေက သဘာဝပတ်ဝန်းကျင်ရဲ့ အကျိုးဆက်ကို ပိုခံစားရတာလား။ 16:25 နေ့စဉ်ဘဝကို ဘယ်လိုအကျိုးသက်ရောက်လဲ ဘာတွေလဲ။ 24:19 သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို တစ်ဦးချင်းပါဝင်နိုင်မဲ့နည်းလမ်းတွေက ဘာတွေလဲ။ 29:30 Eco Friendly Product တွေ ဘာလိုမသုံးနိုင်သေးတာလဲ။ 40:00 ဖွံဖြိုးပြီးနိုင်ငံတွေရဲ့ မူဝါဒတွေကို ဖွံဖြိုးဆဲနိုင်ငံတွေက လိုက်နာနိုင်ပါ့မလား။ 45:30 သဘာဝပတ်ဝန်းကျင်ကို တစ်ဉီးတစ်ယောက်ချင်းစီက ဘယ်လိုထိန်းသိမ်းမလဲ။ 48:57 အိမ်နောက်ဖေးဈေးဆိုင်တည်မှသည် သဘာဝပတ်ဝန်ကျင်းထိန်းသိမ်းရေးဆီ။ 51:51 မြိုပြသယ်ယူပိုဆောင်မှုရဲ့ သက်ရောက်မှု။ 57:00 မြန်မာနိုင်ငံတွင်းမှာလုပ်နေတဲ့ လှုပ်ရှားမှုတွေ။ Toetat Podcast ဆိုတာ သက်ဆိုင်ရာနယ်ပယ်က လူငယ်တွေ၊ ကျွမ်းကျင်သူတွေ၊ စွန့်ဦးတီထွင်ဆန်းသစ်သူတွေနဲ့ ပညာရှင်တွေကို တွေ့ဆုံပြီး သူတိုလျှောက်ခဲ့တဲ့ မိုင်တိုင်တွေ၊ သူတိုရဲ့အတွေ့အကြုံတွေ၊ သူတိုရဲအသိပညာတွေကို နားဆင်သူတွေဆီ ပြန်လည်ပိုဆောင်ပေးတဲ့ အစီအစဉ်တစ်ခုပါ။ ဒီအစီအစဉ်ကို ကျွမ်းကျင်သူတွေရဲ့ အတွေးအကြံ၊ အတွေ့အကြုံတွေကနေပြီး လူငယ်တွေအတွက် ခွန်အားတွေ၊ အသိပညာတွေရရှိပြီး ပိုမိုကောင်းမွန်တဲ့ လမ်းစတွေပေါ်ပေါက်လာဖို Build Myanmar - Media က တင်ဆ
More Episodes
ဒီအပတ် Market Inside Podcast episode မှာ တယ်လီဂရမ်တည်ထောင်သူ ဖမ်းဆီးခံရမှုကနေ X ပိတ်ပင်ခံရတဲ့ကိစ္စအထိ၊ ဒေတာစင်တာလုပ်ငန်းတွေကနေ AI ရဲ့အနာဂတ်အထိ ဆွေးနွေးထားပါတယ်။ ဒစ်ဂျစ်တယ်ခေတ်မှာ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နဲ့ လုံခြုံရေးကြားက ဟန်ချက်ညီမှု၊ AI ခေတ်ရဲ့ စိန်ခေါ်မှုတွေအကြောင်း ဘယ်လိုမြင်ကြသလဲဆိုတာ...
Published 09/10/24
ဒီတပတ် Market Inside Podcast Episode မှာ ဝါရင်ဘက်ဖက်ရဲ့ ဒေါ်လာဘီလီယံ ၁၈၀ ကျော် ပိုင်ဆိုင်မှုကနေ ဂျပန်စီးပွားရေးပြောင်းလဲမှု၊ နည်းပညာရင်းနှီးမြှုပ်နှံမှုပုံစံသစ်တွေအကြောင်း ဆွေးနွေးထားပါတယ်။ ဒါ့အပြင် ကမ္ဘာစစ်ဖြစ်နိုင်ခြေနဲ့ စစ်ပွဲကနေ ပေါ်ထွက်လာတဲ့ နည်းပညာတီထွင်မှုတွေအကြောင်းကိုပါ သုံးသပ်ထားတာကို...
Published 09/10/24
Published 09/10/24