Role Model စံပြပုဂ္ဂိုလ်
Listen now
Description
🗣"Role Model စံပြပုဂ္ဂိုလ် လေးစားအားကျတဲ့ပုဂ္ဂိုလ်ကို ရွေးချယ်ထားရှိဖို့ပါ။ ကျွန်တော်တို့ မသန်စွမ်းသူတွေ ဘဝမှာလည်း သူလိုကိုယ်လို လူတစ်လုံး သူတစ်လုံး အဆင့်အတန်းရှိရှိနဲ့ သူများနဲ့ ရင်ပေါင်းတန်းနေချင်ကြတဲ့ နေလိုကြတဲ့ စိတ်ဆန္ဒရှိတဲ့သူတွေပါ။ ကျနော်တို့ ဒီလိုစိတ်ဆန္ဒတွေရှိနေခြင်းဟာလည်း တကယ့်ကို မြင့်မြတ်တဲ့ စိတ်နေစိတ်ထားတွေပါ၊ ဒီစိတ်ဆန္ဒေ တွက တကယ့်ကို ထားရှိသင့်တဲ့ ထားရှိရမယ့် စိတ်ဆန္ဒတွေပါ။ ဒါမှသာလျှင် မိမိရဲ့ စိတ်ဓာတ်က လိုချင်တဲ့စိတ် ဖြစ်ချင်တဲ့စိတ်က အမြဲတမ်းလိုလို ပြင်းပြနေမယ်လေ။" 🎤"မိတ်ဆွေတို့ရေ ဒီအပတ် ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး အစီအစဉ်မှာတော့ ကိုယ်အင်္ဂါမသန်စွမ်းသူ တောင်ပေါ်သားလေး စိုင်းလျှန်းခမ်းရဲ့ Role Model တွေထားရှိပြီး ခွဲခြားဆက်ဆံခံရမှုတွေကို ဘယ်လိုလက်တွေ့ကျကျ ရင်ဆိုင်မလဲဆိုတာကို သူ့အတွေ့အကြုံနဲ့ အားပေးထားတာကို ရင်ခုန်စိတ်လှုပ်ရှားစွာ နားဆင်အားပေး ကြရအောင်နော်။ 👨‍🦽 စိုင်းလျှန်းခမ်းဟာ သူငယ်နာအကြောတင်း လို့ခေါ်တဲ့ Cerebral Palsy (CP) မသန်စွမ်းမှုရှိနေသူ တစ်ဦးပါ။ အဓိကအားဖြင့် လူတစ်ယောက်ရဲ့ ကိုယ်နေဟန်ထား လှုပ်ရှားနိုင်မှုနဲ့ ဟန်ချက်ထိန်းနိုင်မှုကို ထိခိုက်စေပြီး များသောအားဖြင့် ကလေးဘဝမှာကတည်းက ခန္ဓာကိုယ်က ကြွက်သားတွေကို အသုံးပြုနိုင်ဖို့အတွက် ဦးနှောက်နဲ့ ချိတ်ဆက် အလုပ်လုပ်ဖို့ရာ အားနည်းစေပြီး သွားလာပြောဆိုရာမှာ အခက်အခဲရှိနေတဲ့ မသန်စွမ်းမှုလို့ အလွယ်တကူ မှတ်ယူနိုင်ပါတယ်။ 👨‍🦽 Cerebral palsy (CP) is a group of disorders that affect a person's ability to move and maintain balance and posture. CP is the most common motor disability in childhood. Cerebral means having to do with the brain. Palsy means weakness or problems with using the muscles. 🎤 များသောအားဖြင့် ပတ်ဝန်းကျင်အသိုင်းအဝိုင်းက မသန်စွမ်းသူများကို အပေါ်ယံကြည့်ရှုပြီး သူတို့ရဲ့လုပ်ဆောင်နိုင်စွမ်းကို လှေနံ
More Episodes
ဒီအပတ် ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး Podcast အစီအစဉ်မှာတော့ ဧည့်သည်တင်ဆက်သူ ဦးအောင်ကိုမြင့်က သူ့ဘဝရဲ့ စီးပွားရေးနဲ့ လူမှုရေး ကဏ္ဍတစ်ခုချင်းစီမှာ ကြုံတွေ့ခဲ့ဖူးသူတွေဟာ စိတ်ကူးနဲ့လက်တွေ့ ဘယ်လိုကွာဟခဲ့သလဲဆိုတာ စိတ်ဝင်စားဖွယ် သင်ခန်းစာယူဖွယ် အပြုသဘောဆောင်ပြီး ခံစားဝေမျှပေးထားပါတယ်။ 👏 🎭🎤ရယ်ရယ်မောမော...
Published 12/10/23
ဒီအပတ် ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါးရဲ့ Special Podcast အစီအစဉ်မှာတော့ အလုပ်သင် ညီမငယ် နန့်နေခြည်နွေးနွေးက မကြာခင် ရက်ပိုင်းအတွင်းမှာ ကျရောက်လာမယ့် ခရစ်စမတ်ပွဲတော်နဲ့ ပတ်သက်ပြီး ခရစ်ယာန် လူငယ်တစ်ယောက်ရဲ့ မွေးရပ်ဇာတိမြေက ရင်ခုန်စိတ်လှုပ်ရှားစရာကောင်းတဲ့ ငယ်ဘ၀ အမှတ်တရတွေကို မိတ်ဆွေတို့ပါ...
Published 12/08/23