ဗွီအိုအေ မြန်မာညချမ်း၊ ဇွန် ၂၈၊ ၂၀၂၄ - ဇွန် ၂၈, ၂၀၂၄
Listen now
Description
စကားစစ်ထိုးပွဲမှာ Biden နဲ့ Trump အပြန်အလှန် ထိုးနှက်။ မြန်မာ့အရေး ထိထိရောက်ရောက်လုပ်ဖို့ အမေရိကန်လွှတ်တော်မှာ Burma Caucus အဖွဲ့ကြိုးစား။ အရပ်သားတွေသေဆုံးနေတဲ့ ကျောက်မဲ၊ နောက်ချို၊ မိုးကုတ်တိုက်ပွဲများ။ သံတွဲ၊ အမ်းနဲ့ မောင်တောမှာ တိုက်ပွဲပြင်းထန်ဆဲ စတဲ့သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေ တင်ဆက်ထားပါတယ်။
More Episodes
သံတွဲ၊ ငပလီ တိုက်ပွဲတွေကြောင့် ဒေသခံတွေ ဘေးလွတ်ရာတိမ်းရှောင်၊ စစ်ကောင်စီနဲ့ TNLA အဖွဲ့ကြား တိုက်ပွဲဆက်လက် ပြင်းထန်၊ NUG လူ့အခွင့်အရေးရာ ဝန်ကြီး ဦးအောင်မျိုးမင်းနဲ့ ဗွီအိုအေ မေးမြန်းခန်း စတာတွေအပြင် စီးပွားရေး၊ လူမှုရှုခင်း သီတင်းပတ်စဉ် အစီအစဉ်တွေကို တင်ဆက်ထားပါတယ်။
Published 07/01/24
ဂါဇာဒေသ နယ်မြေအများအပြားမှာ အစ္စရေးထိုးစစ်ဆင်၊ အမေရိကန်ရောက် ကရင်ဒုက္ခသည်လူငယ်တဦး ရဲတပ်ဖွဲ့ဖမ်းဆီးစဉ် ပစ်ခတ်မှုကြောင့်သေဆုံး စတာတွေအပြင် ဒီမိုကရေစီရေးရာ ဆွေးနွေးခန်း၊ ကမ္ဘာ့မြန်မာ့ မီဒီယာမြင်ကွင်း၊ မြန်မာပြည်မှပေးစာ၊ မြင်ကွင်းကျယ်မှတ်စု၊ ထူးခြားဆန်းပြား သတင်းများတို့ကို တင်ဆက်ထားပါတယ်။
Published 06/30/24