တော်လှန်ကဗျာကဏ္ဍ - အနာဂတ် တမ်းချင်း (နေမခ)
Listen now
Description
"အနာဂတ် တမ်းချင်း" ငါဟာ လပြည့်လကွယ်ဆိုရင်  ဒီရေ အထူးသတိထားတယ်.....။ ညအမှောင်မှာ မမြင်ရပေမယ့် မထွက်သေးတဲ့ နေမင်းကို ငါလှမ်းလို့ နှုတ်ဆက်ထားတယ်.....။ မိုးသံတွေညံလို့  ဖားတွေပျော်နေကြပြီဆို လယ်ထဲဆင်းဖို့ ထွန်တုံးပြင်ထားတယ်....။ အဲဒီလို မမြင်ရသေးပေမယ့် အဲဒီလို မတွေ့ရ သေးပေမယ့် အဲဒီလို မကြားရသေးပေမယ့် တစ်ခုသော တစ်နေ့အတွက် ငါဟာ ပျော်နေတယ် ငါဟာ ဝမ်းသာနေတယ် ငါဟာ မှန်းရည်ကြိုးစားနေတယ်။ ဒါတွေဟာ ဘယ်ဘုရားကမှ ပေးတာမဟုတ် ဒါဟာ ဘယ်သူကမှ တိုက်တွန်းနှိုးဆော်လို့ မဟုတ် ဒါဟာ ဘယ်သူ့ပယောဂကြောင့်မှ မဟုတ်…. ငါတို့ရဲ့ စိတ်ဝိဉာဉ် ငါတို့ရဲ့ ယုံကြည်ချက် ငါတို့ရဲ့ လုံ့လဇွဲနပဲတွေကပေးတဲ့ တော်လှန်ရေး တပ်လှန့်သံ တော်လှန်ရေး စစ်ချီသံ တော်လှန်ရေး သန္နိဒ္ဒါန် တော်လှန်ရေး အောင်ပွဲရဲ့ ကြွေးကြော်သံ ဒါဟာ ငါတို့ရဲ့ အနာဂတ်တမ်းချင်းပဲ…….။ #နေမခ
More Episodes
ကျွန်မတိုရဲ့ ယခုပြည်ထောင်စုနိုင်ငံတော်ဟူ၍ ပေါင်းစည်းတည်ထောင်မှုမပြုရသေးခင် ရှေးယခင်ပဒေသရာဇ်ကိုလိုနီစနစ်များအတိုင်း လူမျိုးစုနိုင်ငံတော်များသည် အားကြီးရာလူမျိုးစုနိုင်ငံတော်များ၏လက်အောက်ခံဘဝသို တိုက်ခိုက်သိမ်းပိုက်ခြင်းကို ခံခဲ့ကြရပါသည်။ ခေတ်ကာလနှစ်အပိုင်းအခြားဖြင့် တင်ပြရသော်...
Published 12/15/21
"ကာရံမဲ့ ဘဝ" တချို့ကျ  ကိုယ့်အသက်ဘေးအတွက် လွတ်မြောက်မှုကိုရှာတယ်….။ တချို့ကျ  သူများအသက်ဘေးအတွက် သေရဲလိုက်ကြတယ်….။ ဘယ်အသက်က  အပိုတခုပါခဲ့ကြတာလဲ….။ တချို့ကျ  လွတ်မြောက်ဖို့အတွက် အချုပ်ခံလိုက်ကြတယ်။ တချို့ကျ ရှင်ဖို့ရာအတွက် အနင်းခံခဲ့လိုက်ကြတယ် တချို့ကျ  နေရာရဖို့ရာအတွက်...
Published 09/28/21