Episodes
ကျွန်မတိုရဲ့ ယခုပြည်ထောင်စုနိုင်ငံတော်ဟူ၍ ပေါင်းစည်းတည်ထောင်မှုမပြုရသေးခင် ရှေးယခင်ပဒေသရာဇ်ကိုလိုနီစနစ်များအတိုင်း လူမျိုးစုနိုင်ငံတော်များသည် အားကြီးရာလူမျိုးစုနိုင်ငံတော်များ၏လက်အောက်ခံဘဝသို တိုက်ခိုက်သိမ်းပိုက်ခြင်းကို ခံခဲ့ကြရပါသည်။ ခေတ်ကာလနှစ်အပိုင်းအခြားဖြင့် တင်ပြရသော် အောက်ပါလူမျိုးစုပြည်နယ်၊ ဒေသ၊ ခရိုင်၊ နိုင်ငံများသည် ဗြိတိသျှအစိုရက ဗမာပြည်မဟုခေါ်သော Ministerial Burma လက်အောက်ခံနယ်များအဖြစ်ကျရောက်ခဲ့ရသည်။ ၁။ မွန်လူမျိုးတို၏ ဩဇာအာဏာများသည် အလောင်းမင်းတရာလက်ထက် ခရစ်နှစ် ၁၅၇၅...
Published 12/15/21
"အနာဂတ် တမ်းချင်း" ငါဟာ လပြည့်လကွယ်ဆိုရင်  ဒီရေ အထူးသတိထားတယ်.....။ ညအမှောင်မှာ မမြင်ရပေမယ့် မထွက်သေးတဲ့ နေမင်းကို ငါလှမ်းလို့ နှုတ်ဆက်ထားတယ်.....။ မိုးသံတွေညံလို့  ဖားတွေပျော်နေကြပြီဆို လယ်ထဲဆင်းဖို့ ထွန်တုံးပြင်ထားတယ်....။ အဲဒီလို မမြင်ရသေးပေမယ့် အဲဒီလို မတွေ့ရ သေးပေမယ့် အဲဒီလို မကြားရသေးပေမယ့် တစ်ခုသော တစ်နေ့အတွက် ငါဟာ ပျော်နေတယ် ငါဟာ ဝမ်းသာနေတယ် ငါဟာ မှန်းရည်ကြိုးစားနေတယ်။ ဒါတွေဟာ ဘယ်ဘုရားကမှ ပေးတာမဟုတ် ဒါဟာ ဘယ်သူကမှ တိုက်တွန်းနှိုးဆော်လို့ မဟုတ် ဒါဟာ...
Published 09/30/21
"ကာရံမဲ့ ဘဝ" တချို့ကျ  ကိုယ့်အသက်ဘေးအတွက် လွတ်မြောက်မှုကိုရှာတယ်….။ တချို့ကျ  သူများအသက်ဘေးအတွက် သေရဲလိုက်ကြတယ်….။ ဘယ်အသက်က  အပိုတခုပါခဲ့ကြတာလဲ….။ တချို့ကျ  လွတ်မြောက်ဖို့အတွက် အချုပ်ခံလိုက်ကြတယ်။ တချို့ကျ ရှင်ဖို့ရာအတွက် အနင်းခံခဲ့လိုက်ကြတယ် တချို့ကျ  နေရာရဖို့ရာအတွက် ရှင်သန်နေကြတယ်တဲ့......။ ဘဝ ဘဝ  ဘဝအဓိပ္ပါယ်က ဘယ်တခုများလဲ…..။  မင်းသုဓမ္မ 12:00AM 11.8.21
Published 09/28/21
‘’ညညအိပ်ပျော်ပါစေ’’ ငါတို့အနာဂတ်တွေပျောက် အာဏာရူးက လုတာခံလိုက်ရတယ် တရားတာ မတရားတာ မစဉ်းစား ပိုနေမြဲ ကျားနေမြဲ အာဏာရူးနေမှုက အခုထိကြီးစိုးနေဆဲ......။ လမ်းမထက်မှာ တင့်ကားတလူလူ အဲဒါငါတိုချွေးနှဲစာနဲ့  ခင်းထားတဲ့လမ်း မင်းတို သွေးရူးသွေးတမ်း လျှောက်မောင်းစမ်းနေဖို့ မဟုတ်ဘူး.....။ ကုတင်ပေါ်မှာ လူနာတွေ ပုခက်ထဲက ကလေးတွေ ကိုယ်လေးလက်ဝန် ပြည်သူတွေ မြေးမမြင်ဖူးသေးတဲ့ ရွယ်အိုတွေ ဘယ်သူတွေကို မင်းတို့ထောက်ခဲ့သလဲ...။ ထောက်ချင် ထောက်  သေနတ်နဲ့ ထောက်မပေါ့။ ဖောက်ချင် ဖောက် ဗျောက်မကတဲ့...
Published 09/13/21
"ဝိုင်းကူ တွန်းကြမယ်လေ" သူငယ်ချင်းရေ မင်းဟာ ကရင် ငါ ကချင်ဖြစ်လို့ ရင်ဘတ်ချင်း မတူရဘူးလား။ သူငယ်ချင်းရေ မင်းဟာ ရခိုင် ငါ ကယားဖြစ်လို့ အမှားက အမှန်ဖြစ်ရတာလား။ သူငယ်ချင်းရေ မင်းဟာ ချင်း ငါ ရှမ်းဖြစ်လို့ ပန်းရနံ့က ယမ်းနံ့သင်းရတာလား။ သူငယ်ချင်းရေ မင်းဟာ ဗမာ ငါ မွန်ဖြစ်လို့ ခွေးဆိုးခွေးစစ်တွေကို ချစ်တတ်ရမှာလား။ သူငယ်ချင်းရေ မင်းဟာ ကုလားဖြစ်လို့ မင်းဟာ တရုတ်ဖြစ်လို့ မင်းဟာ လူမည်းဖြစ်လို့ မင်းဟာ လူဖြူဖြစ်လို့ မတူတာက...
Published 09/13/21
"ကျိုးသော အညွှန့်များ" အချိန်လည်းသင့် ၊ အရွယ်လည်းကောင်း၏။ သိုသော် တက်လမ်းမလှခဲ့။ အချိန်စတေး ၊ ငါတိုယူသော ပညာသည်လည်း အညွှန့်ကျိုးလျက်။ အရွယ်ရယ်ရောက် ၊ အတွေးပေါက်တော့ နောင်တများစွာ ရင်ဝယ်ပိုက်လျက်။ ပညာ ပညာ.. ငါတိုရသော ပညာသည်ကား လူရာမဝင် ၊ လူတောမတိုး ချာလွန်းခဲ့ပြီ။ အညွှန့် တလူလူ ရွက်နုများလည်း ၊ တက်မည့်အစား ကျိုးပေါင်းအကြိမ် ၊ များလွန်းခဲ့ပြီ။ ဒါမျှမမှတ် ၊  ၁ နှစ် (၂) တန်း ခွေးစကားအား ၊ အဟုတ်မှတ်လျက် ယုံစားလျှင်လည်း….. သွားပေအုံးပေါ့ ၊...
Published 09/11/21
"ငါတို့အိမ်၊ ငါတို့မြို့၊ ငါတို့တိုင်းပြည်" လမ်းမကြီးထက်က မခြောက်သေးသော သွေးကွက်တွေ၊ သံတိုင်တွေနောက်က အချုပ်နှောင်ခံ ဘဝတွေ၊ လျှောက်ခဲ့တဲ့လမ်းတွေဟာ မဖြောင့်တန်း လျှောက်ကြတဲ့လမ်းတွေဟာ ကြမ်းတယ်။ နွေးထွေးတဲ့မြို့ကလေးကနေ ထွက်လာခဲ့ကြရ၊ နွေးထွေးတဲ့အိမ်ကလေးကနေ ခဏတာစွန့်ခွာခဲ့ကြရ၊ ယုံကြည်ချက်နဲ့ ယုံကြည်မှုပြင်းထန်ခြင်းက ငါတို့တော်လှန်ရေးရဲ့...
Published 09/08/21
၁၉၄၇ခုနှစ် ဖေဖော်ဝါရီ(၁)ရက်နေ့တွင် ကချင်ကိုယ်စားလှယ်ခေါင်းဆောင်များသည် ပင်လုံသို့အလာ ကွတ်ခိုင်မြို့၊နမ့်ဖတ်ရွာတွင် ဦးစွာစုဆုံမိကြပြီး အောက်ပါသဘောတူညီချက်များကို ဆွေးနွေးဖြစ်ခဲ့ကြသည်။ (၁)ကချင်အမျိုးသားများအား ဗမာအမျိုးသားတွေနဲ့ တပြိုင်တည်းလွတ်လပ်ရေးပေးရန် (၂)ကချင်အမျိုးသားများရဲ့ ဆန္ဒနဲ့အညီ ကချင်သီးခြားလွတ်လပ်တဲ့နိုင်ငံထူထောင်ရန်အတွက် ကချင်အမျိုးသားပြည်နယ်ဖွဲစည်းရန်။ (၃) လွတ်လပ်တဲ့သီးခြားကချင်နိုင်ငံထဲမှာ ဗန်းမော်ခရိုင်နဲ့မြစ်ကြီးနားခရိုင်များ၊ကချင်တောင်တန်းဒေသများနဲ့...
Published 09/06/21
တော်လှန်ရေးမျိုးဆက်သစ် ခံယူချက်ချင်းတူတဲ့လူတွေနဲ့ ဆုံစည်းခဲ့တယ် ရည်ရွယ်ချက်ချင်းတူတဲ့သူတွေနဲ့ ဆုံစည်းခဲ့တယ်...။ အတူတူ ပန်းတိုင်ဆီချီတက်နေရင်းနဲ့ ဖိနှိပ်သူတွေကြောင့် ဝေးသွားခဲ့ရတယ်...။ တောတွေမှာတချို့ တောင်တွေမှာတချို့ ရေမြေခြားမှာတချို့ အကျဉ်းကျသူတချို့ အကျယ်ကျသူတချို့ ကြွေလွင့်ခဲ့ရသူတချို့........။ သမိုင်းတွေရိုင်းခဲ့လေသမျှ လူသားအရင်းအမြစ်တွေ ပေးဆပ်နေရဦးမယ့် ဒီနိုင်ငံတော်ကြီးကို ရင်နှင့်အမျှ ချစ်လျက်ပါ....။ ဒီတော်လှန်ရေး မနိုင်စရာအကြောင်း...
Published 09/02/21
     မိဘပြည်သူများရှင် ကျွန်မတို့ရာမညပြည်သူ့FMကနေ ပြည်ထောင်စုရဲ့အနှစ်သာရ ပင်လုံစာချုပ်အကြောင်း ဆွေးနွေးထားတဲ့ "ဖက်ဒရယ်ပြည်ထောင်စုဆီသို့ "ဆောင်းပါးကို တင်ဆက်ပေးခဲ့တာဟာ ဒီအပတ်မှာဆိုရင် အပိုင်း - ၄ ကို တင်ဆက်ပေးဖို့ ကျရောက်လာပါပြီ။ ယခင်တပတ်မှာတော့ ဗိုလ်ချုပ်အောင်ဆန်းက ဗမာပြည်မလွတ်လပ်ရေးနဲ့အတူ တောင်တန်းဒေသများကိုပါ အတူတကွ ပူးတွဲလွတ်လပ်ရေးပေးဖို့ ဗြိတိသျှဘုရင်ခံ အက်တလီနဲ့ လန်ဒန်မှာ တွေ့ဆုံခဲ့တဲ့အပေါ် ရှမ်းစော်ဘွားများနှင့် ရှမ်းပြည်လွတ်လပ်ရေးအဖွဲ့ (ရပလ) တို့၏ သဘောထားများကို တင်ပြခဲ့ပြီးဖြစ်ပါတယ်။...
Published 09/01/21
"အောင်နိုင်သူသည် သင်သာ" တကိုယ်ကောင်းဆန်စွာ  ရှင်သန်ရမလား လောကကြီးရယ်  ဒီစိတ်ဟာ  အတ္တနဲ့နောင်တဆီ ဦးတည်နေတယ် တစ်ခုခုအတွက် သေဆုံးဖို့တွေးတိုင်း အဝေးကိုမျှော်နေတဲ့ဒီလူမှာ  မျှော်လင့်ချက်မရှိ  အနာဂတ်လည်းမရှိပြန် သစ်ရွက်တွေဟာ  လေတစ်ချက်အဝေ့မှာ  အစုလိုက် ကြွေတယ် ရာသီဥတုမမျှလို့  တစ်ချို့ဟာ ဆွေးတယ်  တစ်ချို့ဟာ အေးချမ်းစွာ ဝေတယ် လှလှပပ ပွင့်ရမယ့် ပန်းဖူးတွေဟာ မိုးဒဏ်လေဒဏ်ကြောင့်  အချိန်မကျခင် မြေခတယ်...။ အငြိုးကြီးတဲ့ ဒီရာသီ သွေး၊ မျက်ရည်စနဲ့ နွေကို...
Published 09/01/21
အကြမ်းဖက်စစ်တပ်ရဲ့  ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့ကစပြီး အာဏာသိမ်းမှုနောက်ပိုင်း ပြည်သူတို့ရဲ့ ဘဝအခြေအနေများကို ပုံဖော်တင်ဆက်ထားပါသည်။
Published 08/31/21
"နွေဦးကဗျာ" ကြောက်ရွံ့မှုကြောင့်တုန်ခါနေတဲ့ နှလုံးသားတစ်စုံကိုကျားကန်ပြီး ရင်ကော့လမ်းလျောက်တဲ့မောက်မာသူရဲ့ ရင်အစုံကိုပိတ်ကန်ပစ်လိုက်စမ်းပါ။ ဘာကိုကြောက်ရမှာလဲ ငါတို့ကသိန်းငှက်တွေပါ ဝေဟင်မှာပျံဝဲပြီး ကောင်းကင်ကြီးကိုဆူညံအောင်လုပ်ပစ်လိုက်မယ်။ ဘာကိုကြောက်ရမှာလဲ ငါတို့ကတော်လှန်သူတွေပါ သေခြင်းကိုရှေ့မှာထားပြီး အာဏာရူးကိုဆုတ်ခွာပစ်မယ်။ ငါတို့အားလုံးဟာ တစ်ကိုင်းထဲမှာနားနေတဲ့ငှက်ကလေးတွေပါ။ သစ်ကိုင်းကိုတော့လာမလှုပ်နဲ့ အားလုံးထပျံကြလိမ့်မယ်။ မတောက်တခေါက်နဲ့တော့...
Published 08/30/21
၁၉၄၆ ခုနှစ် မတ်လ (၁) ရက်နေ့မှ မတ်လ (၁၂) ရက်နေ့အထိ ပထမပင်လုံညီလာခံတွင် အမျိုးသားခေါင်းဆောင်များ ချစ်ကြည်းရင်းနှီးမှု ရရှိခဲ့ကြပြီး ဗမာပြည်မသည် လွတ်လပ်ရေးကို ဦးစွာရရန်အကြောင်းဖန်လာခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းအမှူးပြုသော ဗမာပြည်မ အစိုးရအဖွဲကိုယ်စားလှယ်များကို ၁၉၄၇ ခုနှစ် ဇန်နဝါရီလ (၁) ရက်နေ့တွင် အက်တလီ၏ ဖိတ်ခေါ်ချက်အရ လန်ဒန်မြိုသို ထွက်ခွါခဲ့ကြသည်။ ထိုသို နှစ်ဖက် တွေ့ဆုံစဉ် ဗိုလ်ချုပ်အောင်ဆန်းက ဗမာပြည်မနှင့်အတူ တောင်တန်းဒေသများကိုပါ တပါတည်း လွတ်လပ်ရေးပေးရန် အရေးဆိုလေသည်။  ထိုအခါ...
Published 08/21/21
ကိုလိုနီနယ်ချဲ့တို့ဟာ ကချင်တောင်တန်းများဒေသကို Kachin Hills Regulation၊ ချင်းတောင်တန်းများဒေသကို Chin Hills Regulation၊ ရှမ်းပြည်ကိုမူ Federated Shan State Act၊> ဗမာပြည်မအတွက် Burma Act တို့ကို အသီးသီးပြဌာန်းက သီးခြားနယ်မြေများအဖြစ် အုပ်ချုပ်ခဲ့ကြပါသည်။ ထိုသို့ကိုလိုနီလက်အောက်သို့ မကျရောက်ခင် ကချင်လူမျိုးများနှင့် မြန်မာဘုရင်များ၏ ဆက်ဆံမှုအခြေအနေများကို ဦးစွာတင်ပြလိုပါသည်။ မြန်မာဘုရင်များသည် ကချင်လူမျိုးများကို ခေတ်အဆက်ဆက် အုပ်စိုးနိုင်ခဲ့ခြင်းမရှိခဲ့ပါ။ တန်ခိုးအာဏာကြီးမားလှသည်ဟုဆိုရမည့်...
Published 08/03/21
အကြမ်းဖက် စစ်တပ်၏ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့မှစပြီး အာဏာသိမ်းမှုနောက်ပိုင်း ပြည်သူတို့ရဲ့ ဘဝအခြေအနေများကို ပုံဖော်တင်ဆက်ထားပါသည်။
Published 07/21/21